ထာဝရဘုရားကသူ့အား ``သင်၏အမျိုး အနွယ်တို့သည် သူတစ်ပါး၏နိုင်ငံ၌သူစိမ်း တစ်ရံဆံအဖြစ်နေထိုင်ရကြမည်။ ထိုအရပ် တွင်သူတို့သည်နှစ်ပေါင်းလေးရာကျွန်အဖြစ် ဖြင့်နှိပ်စက်ညှင်းဆဲခြင်းကိုခံရကြမည်။-
တရားဟော 5:15 - Common Language Bible သင်တို့သည်အီဂျစ်ပြည်တွင်ကျွန်ခံခဲ့ဖူး ကြောင်းကိုလည်းကောင်း၊ သင်တို့ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကိုမဟာတန်ခိုး တော်ဖြင့်ကယ်တင်ခဲ့ကြောင်းကိုလည်းကောင်း သတိရကြလော့။ ထိုအကြောင်းကြောင့်ငါ သည်သင်တို့အားဥပုသ်နေ့ကိုစောင့်ရန် မိန့်မှာတော်မူ၏။ Garrad Bible အိ ဂျစ် ပြည် တွင် ကျွန် ခံ ရ သော သင့် ကို သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် အား ကြီး သော လက် ရုံး တော် ဆန့် တန်း ၍ ထုတ် ဆောင် တော် မူ ခဲ့ ကြောင်း အောက် မေ့ ရ မည်။ ထို အ ကြောင်း ကြောင့် သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ဥ ပုသ် နေ့ ကို စောင့် ရှောက် ရန် မိန့် မှာ တော် မူ ခဲ့ သ တည်း။ Judson Bible သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံကြောင်းကိုလည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် အားကြီးသော လက်ရုံးတော်ကိုဆန့်၍၊ ထိုပြည်မှ သင့်ကိုနုတ်ဆောင်တော်မူကြောင်းကိုလည်းကောင်း အောက်မေ့လော့။ ထိုအကြောင်းကြောင့်၊ သင်သည် ဥပုသ်နေ့ကိုစောင့်ရမည်ဟု သင်၏ ဘုရားသခင်ထာဝရဘုရားမှာထားတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် အီဂျစ်ပြည်၌ ကျွန်ဖြစ်ခဲ့ကြောင်းကိုလည်းကောင်း၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် အားကြီးသောလက်နှင့် လက်ရုံးတော်ကိုဆန့်လျက် သင့်အား ထိုပြည်မှထုတ်ဆောင်တော်မူခဲ့ကြောင်းကိုလည်းကောင်း အောက်မေ့လော့။ ထိုအကြောင်းကြောင့် ဥပုသ်နေ့ကိုစောင့်ထိန်းရန် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အားမိန့်မှာတော်မူခဲ့ခြင်းဖြစ်၏။ |
ထာဝရဘုရားကသူ့အား ``သင်၏အမျိုး အနွယ်တို့သည် သူတစ်ပါး၏နိုင်ငံ၌သူစိမ်း တစ်ရံဆံအဖြစ်နေထိုင်ရကြမည်။ ထိုအရပ် တွင်သူတို့သည်နှစ်ပေါင်းလေးရာကျွန်အဖြစ် ဖြင့်နှိပ်စက်ညှင်းဆဲခြင်းကိုခံရကြမည်။-
သို့သော်လည်းလောတသည်ဖင့်နွဲလျက်နေ၏။ ထာဝရဘုရားသည်သူ့ကိုသနားတော်မူ၏။ သို့ဖြစ်၍ကောင်းကင်တမန်တို့သည် သူနှင့်သူ၏မယား၊ သူ၏သမီးနှစ်ယောက်တို့ကိုလက်ဆွဲ၍ မြို့ပြင်သို့ထုတ်ကြ၏။-
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အစေခံ ဖြစ်ပါ၏။ ကျွန်တော်မျိုး၏မိခင်နည်းတူကျွန်တော်မျိုး သည် ကိုယ်တော်ရှင်၏အစေကိုခံပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားသေ ဘေးမှ ကယ်တော်မူပါပြီ။
ယင်းသို့ထုတ်ဆောင်တော်မူသည်မှာခွန်အား ကြီးမားသည့်လက်တော်အားဖြင့်လည်းကောင်း၊ တန်ခိုးကြီးမားသည့်လက်ရုံးတော် အားဖြင့်လည်းကောင်းဖြစ်ပေသည်။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
နောင်အခါ၌သင်၏သားက`အဘယ်ကြောင့်ဤ သို့ပြုလုပ်ရပါသနည်း' ဟုမေးလျှင်`ထာဝရ ဘုရားသည်မဟာတန်ခိုးတော်ဖြင့် ငါတို့ကို ကျွန်ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့တော် မူ၏။-
ထာဝရဘုရားသည်မဟာတန်ခိုးတော် ဖြင့် ငါတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့ ခြင်းကြောင့် ဤပွဲတော်သည်သင်၏လက်သို့ မဟုတ်သင်၏နဖူးပေါ်တွင်ချည်ထားသော အမှတ်လက္ခဏာသဖွယ် သင်တို့အားသတိ ရစေလိမ့်မည်' ဟုပြန်ပြောရမည်'' ဟူ၍ ပြောဆိုလေ၏။
ထိုနောက်မောရှေက ဣသရေလအမျိုးသား တို့အား``ထာဝရဘုရားသည်မဟာတန်ခိုး တော်ဖြင့် သင်တို့ကျွန်ခံရာအီဂျစ်ပြည်မှ သင်တို့ကိုထုတ်ဆောင်ခဲ့သောနေ့ရက်ကို သတိရကြလော့။ ဤနေ့ရက်တွင်တဆေး ပါသောမုန့်ကိုမစားရ။-
ထာဝရဘုရားသည်မဟာတန်ခိုးတော်ဖြင့် သင်တို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ သောကြောင့် သင်တို့သည်ထာဝရဘုရား၏ ပညတ်တော်ကိုအမြဲရွတ်ဆိုလေ့လာနေစေ ရန် ပွဲတော်သည်သင်တို့၏လက်သို့မဟုတ်သင် တို့၏နဖူးပေါ်တွင်ချည်ထားသောအမှတ်လက္ခ ဏာသဖွယ် သင်တို့အားသတိရစေလိမ့်မည်။-
ထာဝရဘုရားသည်ခြောက်ရက်အတွင်းမိုး ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့်ထိုအရပ်တို့ ၌ရှိသမျှတို့ကိုဖန်ဆင်း၍သတ္တမနေ့တွင် နားနေတော်မူ၏။ ထို့ကြောင့်ထာဝရဘုရား သည်ထိုနားရက်ကိုကောင်းချီးပေး၍ နေ့ထူး နေ့မြတ်သတ်မှတ်တော်မူ၏။
ထို့ကြောင့်သင်သည် ဣသရေလအမျိုးသား တို့အား`ငါသည်ထာဝရဘုရားဖြစ်၏။ အီဂျစ် အမျိုးသားတို့ထံ၌ကျွန်ခံရသည့်ဘဝမှ သင်တို့အားငါလွတ်မြောက်စေမည်။ ငါ၏ မဟာလက်ရုံးတော်ကိုဆန့်၍ ကြောက်မက် ဖွယ်သောဒဏ်စီရင်ခြင်းဖြင့်သင်တို့ကို ကယ်တင်မည်။-
သူတို့ကိုကယ်တင်သူမှာကောင်းကင်တမန် မဟုတ်။ ထာဝရဘုရားကိုယ်တိုင်ဖြစ်တော် မူ၏။ ကိုယ်တော်သည်မေတ္တာကရုဏာတော် ရှိသည့်အတိုင်းသူတို့အားကယ်တင်တော် မူ၏။ အတိတ်ကာလ၌ကိုယ်တော်သည်သူ တို့အားအစဉ်အမြဲကြည့်ရှုစောင့်ရှောက် တော်မူခဲ့သော်လည်း၊-
အို အကျွန်ုပ်တို့၏အရှင်ဘုရားသခင်၊ ကိုယ် တော်သည်မိမိ၏လူမျိုးတော်အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူခဲ့ခြင်းအားဖြင့် တန်ခိုးတော်ကိုပြတော်မူပါ၏။ အကျွန်ုပ် တို့သည်ကိုယ်တော်၏တန်ခိုးတော်ကို ယခု ထက်တိုင်အောက်မေ့သတိရလျက်နေကြ ပါ၏။ အကျွန်ုပ်တို့သည်အပြစ်ကူးမိ ကြပါပြီ။ အမှားကိုပြုမိကြပါပြီ။-
သင်တို့သည်အီဂျစ်ပြည်တွင်ကျွန်ခံရာမှ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် သင် တို့အားလွတ်မြောက်စေခဲ့ကြောင်းကိုသတိ ရကြလော့။ ထိုအကြောင်းကြောင့် ငါသည် ယခုဤပညတ်ကိုသင်တို့အားပေး၏။''
သင်တို့သည်ဤပညတ်များကိုစောင့်ထိန်းရန် သတိပြုကြလော့။ သင်တို့သည်အီဂျစ် ပြည်တွင်ကျွန်ခံခဲ့ဖူးကြောင်းမမေ့နှင့်။''
ထာဝရဘုရားသည်မဟာတန်ခိုးတော်နှင့် လက်ရုံးတော်အားဖြင့် အကျွန်ုပ်တို့အားအီဂျစ် ပြည်မှကယ်တင်တော်မူခဲ့သည်။ ကိုယ်တော် သည်နိမိတ်လက္ခဏာများနှင့်အံ့သြဖွယ်ရာ များကိုပြ၍ ကြောက်မက်ဖွယ်သောဘေးဒဏ် များကိုကျရောက်စေတော်မူသည်။-
``ထာဝရဘုရားက၊`ငါသည်သင်တို့ကို ကျွန်ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။'
``ထို့နောက်ထာဝရဘုရားကငါ့အား`အီဂျစ် ပြည်မှသင်ထုတ်ဆောင်ခဲ့သောသင်၏လူတို့ သည် စက်ဆုတ်ဖွယ်သောအမှုကိုပြုကြပြီ ဖြစ်သောကြောင့် တောင်ပေါ်မှချက်ချင်းဆင်း သွားလော့။ သူတို့သည်ငါမိန့်မှာတော်မူသမျှ ကိုပစ်ပယ်၍ သူတို့ကိုးကွယ်ရန်ရုပ်တုကို သွန်းလုပ်ကြပြီ' ဟုမိန့်တော်မူ၏။''
ငါတို့အားဆိုးညစ်မိုက်မဲမှုအပေါင်းမှကယ် ဆယ်တော်မူရန်လည်းကောင်း၊ ငါတို့သည်စိတ် နှလုံးဖြူစင်သန့်ရှင်းလျက်ကိုယ်တော်သာ လျှင်ပိုင်တော်မူသောသူများဖြစ်လျက် အကျင့် ကောင်းများ၌စိတ်အားထက်သန်ကြစေရန် လည်းကောင်းခရစ်တော်သည်ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။