ကမ္ဘာဦး 19:16 - Common Language Bible16 သို့သော်လည်းလောတသည်ဖင့်နွဲလျက်နေ၏။ ထာဝရဘုရားသည်သူ့ကိုသနားတော်မူ၏။ သို့ဖြစ်၍ကောင်းကင်တမန်တို့သည် သူနှင့်သူ၏မယား၊ သူ၏သမီးနှစ်ယောက်တို့ကိုလက်ဆွဲ၍ မြို့ပြင်သို့ထုတ်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible16 သူ ဖင့် နွှဲ သော ခါ ထာ ဝ ရ ဘု ရား သ နား တော် မူ သော ကြောင့် စေ တ မန် တော် တို့ သည် သူ မှ စ၍ မ ယား နှင့် သ မီး နှစ် ယောက် တို့ ကို လက် ဆွဲ လျက် မြို့ ပြင် သို့ ထုတ် ဆောင် ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible16 သူသည်ဖင့်နွှဲသောအခါ၊ ထာဝရဘုရားသနားတော်မူသောကြောင့်၊ ကောင်းကင်တမန်တို့သည်၊ သူနှင့် သူ၏မယား၊ သူ၏သမီးနှစ်ယောက်တို့ကိုလက်ဆွဲ၍၊ မြို့ပြင်သို့ ထုတ်ဆောင်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 သို့သော် လောတသည် တုံ့ဆိုင်းနေ၏။ ထာဝရဘုရားသည် သူ့ကိုသနားတော်မူသဖြင့် ကောင်းကင်တမန်တို့သည် သူနှင့် သူ့မယား၊ သူ့သမီးနှစ်ယောက်တို့၏လက်ကိုဆွဲ၍ သူတို့ကို မြို့အပြင်ဘက်သို့ ခေါ်ထုတ်လာ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်ထောင်သောင်းမကများပြားသော အမျိုးအစဉ်အဆက်တို့အား ငါ၏ကတိ သစ္စာကိုတည်စေမည်။ ငါသည်ဒုစရိုက်နှင့် အပြစ်တို့အတွက်လူတို့အားအပြစ်လွှတ် မည်။ သို့ရာတွင်မိဘတို့၏အပြစ်ကိုသား စဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထ အဆက်သို့တိုင်အောင်ငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
ငါတို့သည်ကယ်တင်ခြင်းကိုခံရကြပေ သည်။ ဤသို့ကယ်တင်ခြင်းခံရသည်မှာငါ တို့ကိုယ်တိုင်ပြုလုပ်ခဲ့သည့်ကောင်းမှုတစ်စုံ တစ်ရာကြောင့်မဟုတ်။ ကိုယ်တော်သည်မိမိ၏ ကရုဏာတော်နှင့်အညီသန့်ရှင်းသောဝိညာဉ် တော်အားဖြင့် ငါတို့အားအသစ်သောမွေး ခြင်းနှင့်ဘဝသစ်ကိုဆေးကြောခြင်းဖြင့် ပေးတော်မူသောကြောင့်ဖြစ်၏။-
သို့ဖြစ်၍ဘုရားကြည်ညိုသူတို့အားမိမိ တို့ခံရသောစုံစမ်းနှောင့်ယှက်ခြင်းများမှ ကယ်တင်တော်မူရန်လည်းကောင်း၊ သူယုတ်မာ များအထူးသဖြင့်မိမိတို့၏ကိလေသာ စိတ်ဆွဲဆောင်ရာသို့လိုက်၍ ဘုရားသခင် အာဏာတော်ကိုမထီမဲ့မြင်ပြုသူများ အားတရားစီရင်တော်မူရာနေ့တိုင်အောင် ပြစ်ဒဏ်ပေးထားရန်လည်းကောင်းထာဝရ ဘုရားပြုတော်မူတတ်၏။ ထိုမိစ္ဆာဆရာတို့သည်အတင့်ရဲ၍မာန ထောင်လွှားလျက် တန်ခိုးကြီးသောကောင်း ကင်သားတို့အားမရိုသေဘဲစော်ကား ပြောဆိုကြ၏။-