သင်တို့အတွက်ငါရေးသားပေးသည့်ပညတ် တော်များနှင့် အမိန့်တော်များကိုအစဉ်အမြဲ လိုက်နာရကြမည်။ သင်တို့သည်အခြား ဘုရားများ၏စကားကိုနားမထောင်ရ။-
တရားဟော 4:44 - Common Language Bible မောရှေသည်ထာဝရဘုရား၏ပညတ်တော် များကို ဣသရေလအမျိုးသားတို့အား ပြဋ္ဌာန်းပေးလေ၏။- Garrad Bible ပိ သ ဂါ တောင် ခြေ ရင်း ရှိ အ ရာ ဗာ အိုင် တိုင် အောင်၊ ယော် ဒန် မြစ် အ ရှေ့ ဘက် အ ရာ ဗာ ချိုင့် တစ် လျှောက် လုံး နှင့် တ ကွ၊ အာ နုန် ချောင်း ကမ်း ပေါ် ရှိ အာ ရော် မြို့ မှ စ၍ ဟေ ရ မုန် ခေါ် စိ ယုန် တောင် အ ထိ၊ ယော် ဒန် မြစ် အ ရှေ့ ဘက်၊ အာ မော ရိ မင်း နှစ် ပါး တည်း ဟူ သော ဗာ ရှန် ပြည့် ရှင် သြ ဃ မင်း ပြည် နယ် ကို လည်း ကောင်း၊ အိ ဂျစ် ပြည် မှ ထွက် လာ ကြ ပြီး နောက်၊ မော ရှေ နှင့် ဣ သ ရေ လ အ မျိုး သား တို့ လုပ် ကြံ ခဲ့ သည့် ဟေ ရှ ဘုန် မြို့ စံ ရှိ ဟုန် မင်း ပြည် နယ် ကို လည်း ကောင်း၊ အ ပိုင် ရ ပြီး မှ ထို ရှိ ဟုန် မင်း ပြည် နယ် တွင် ယော် ဒန် မြစ် တစ် ဘက်၊ ဗက် ပေ ဂု ရ မြို့ ရင် ဆိုင် ချိုင့်၌၊ အိ ဂျစ် ပြည် က ထွက် လာ ပြီး သော ဣ သ ရေ လ အ မျိုး သား တို့ ရှေ့ မော ရှေ ထား ခဲ့ သော ပ ညတ် တ ရား နှင့် ဆင့် ဆို ခဲ့ သော သက် သေ ခံ ချက်၊ ထုံး ဖွဲ့ ချက်၊ ဆုံး ဖြတ် ချက် ကို ဆို ဦး အံ့။ Judson Bible ဤရွေ့ကား၊ မောရှေသည် ဣသရေလအမျိုးသားတို့၌ထားသောတရား၊ မြန်မာ့စံမီသမ္မာကျမ်း ဤတရားကား အစ္စရေးအမျိုးသားတို့ရှေ့မှောက်၌ မောရှေထားရှိသောတရားဖြစ်၏။ |
သင်တို့အတွက်ငါရေးသားပေးသည့်ပညတ် တော်များနှင့် အမိန့်တော်များကိုအစဉ်အမြဲ လိုက်နာရကြမည်။ သင်တို့သည်အခြား ဘုရားများ၏စကားကိုနားမထောင်ရ။-
ဤကားထာဝရဘုရားက သိနာတောင် ပေါ်တွင်မောရှေမှတစ်ဆင့် ဣသရေလ အမျိုးသားတို့အားပေးအပ်သောပညတ် များဖြစ်သတည်း။ ရှင်မောရှေစီရင်ရေးထားသောဝတ်ပြုရာ ကျမ်းပြီး၏။
``ငါ၏အစေခံမောရှေ၏ပညတ်တရား များကိုလည်းကောင်း၊ ဣသရေလအမျိုး သားတို့လိုက်နာကြရန်သိနာတောင်ပေါ် တွင်သူ့အားငါပေးအပ်ခဲ့သည့်နည်းဥပဒေ များနှင့်ကျင့်ထုံးကျင့်နည်းများကိုလည်း ကောင်းအောက်မေ့သတိရကြလော့။
ဤပညတ်များသည်ကားယေရိခေါမြို့ တစ်ဖက်ယော်ဒန်မြစ်နားရှိမောဘလွင်ပြင်၌ ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အားပေးတော် မူသောပညတ်များဖြစ်သတည်း။ ရှင်မောရှေစီရင်ရေးထားသောတောလည်ရာ ကျမ်းပြီး၏။
ဘုရားသခင်သည်ပညတ်တရားကိုမောရှေ အားဖြင့်ပေးအပ်တော်မူ၏။ သို့ရာတွင်ကျေးဇူး တရားနှင့် သစ္စာတရားတို့ကိုမူကားယေရှုခရစ် အားဖြင့်ပေးအပ်တော်မူ၏။-
မောရှေသည်ဣသရေလအမျိုးသားတို့ ယော်ဒန်မြစ်အရှေ့ဘက်မောဘပြည်တွင် ရောက်ရှိနေကြစဉ် ဘုရားသခင်၏ပညတ် များနှင့်သွန်သင်ချက်များကိုစတင်ရှင်းလင်း ပေးလေသည်။
`` `ဘုရားသခင်၏ပညတ်များနှင့်သွန်သင် ချက်ရှိသမျှတို့ကိုမလိုက်နာသောသူသည် ဘုရားသခင်၏ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသောအခါ၊ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြမည်။
ထိုကျောက်တုံးများပေါ်တွင် ဤပညတ်များ နှင့်သွန်သင်ချက်ရှိသမျှတို့ကိုရေးထား ရမည်။ သင်တို့ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားကတိတော်ရှိသည့်အတိုင်း ယော်ဒန်မြစ်တစ်ဖက်ကမ်းသို့သင်တို့ကူး ပြီးနောက် အစာရေစာပေါကြွယ်ဝသော ပြည်သို့ရောက်ရှိကြသောအခါ၊-
မိတ်သဟာယယဇ်များကိုလည်းပူဇော်၍ စားရကြမည်။ သင်၏ဘုရားသခင်ထာဝရ ဘုရားရှေ့တော်၌ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။ အင်္ဂတေလိမ်းကျံထားသောကျောက် တုံးများပေါ်တွင်ဘုရားသခင်၏ပညတ် တော်အားလုံးကို သေချာစွာရေးသား ထားလော့'' ဟုပြောဆို၏။
အကျွန်ုပ်တို့သည်မောရှေပေးသောပညတ် တရားတော်ကိုစောင့်ထိန်းကြ၏။ ယင်းပညတ်တရားတော်ကားငါတို့လူမျိုး၏ အမြတ်နိုးဆုံးသောအမွေဥစ္စာဖြစ်၏။
ရုဗင်အနွယ်အတွက်ကုန်းပြင်သဲကန္တာရရှိ ဗေဇာမြို့ကိုလည်းကောင်း၊ ဂဒ်အနွယ်အတွက် ဂိလဒ်ဒေသရှိရာမုတ်မြို့ကိုလည်းကောင်း၊ မနာ ရှေအနွယ်အတွက်ဗာရှန်ဒေသရှိဂေါလန် မြို့ကိုလည်းကောင်း ခိုလှုံရာမြို့များအဖြစ် သတ်မှတ်ပေးသည်။
သူတို့သည်အီဂျစ်ပြည်မှထွက်လာပြီး နောက် ယော်ဒန်မြစ်အရှေ့ဘက်၊ ဗက်ပေဂုရမြို့ တစ်ဘက်တွင်ရှိသောချိုင့်ဝှမ်း၌ရောက်ရှိနေ ကြစဉ်မောရှေသည် ပညတ်တော်များကိုပြဋ္ဌာန်း ပေးသည်။ ထိုအရပ်သည်ဟေရှဘုန်မြို့တွင် စိုးစံသောအာမောရိဘုရင်ရှိဟုန်၏ပိုင်နက် ဖြစ်ခဲ့သည်။ မောရှေနှင့်ဣသရေလအမျိုး သားတို့သည်အီဂျစ်ပြည်မှထွက်လာပြီး သည့်နောက်ထိုဘုရင်ကိုနှိမ်နင်း၍၊-
ဣသရေလအမျိုးသားတို့သည်တောင် ဘက်အာနုန်မြစ်ဝှမ်းမှမြောက်ဘက်ဟေရမုန် တောင်အထိ၊ အရှေ့ဘက်နယ်မြေနှင့်ယော်ဒန် မြစ်ဝှမ်းတစ်လျှောက်လုံးကိုတိုက်ခိုက်သိမ်း ယူခဲ့ပြီးဖြစ်သည်။-