Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 27:3 - Common Language Bible

3 ထို​ကျောက်​တုံး​များ​ပေါ်​တွင် ဤ​ပညတ်​များ နှင့်​သွန်​သင်​ချက်​ရှိ​သ​မျှ​တို့​ကို​ရေး​ထား ရ​မည်။ သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​သို့​သင်​တို့​ကူး ပြီး​နောက် အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော ပြည်​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ဘိုး​ဘေး​တို့ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ က​တိ​တော်​ရှိ​သည်​အ​တိုင်း သင့်​အား​ပေး​တော်​မူ​သော​ပြည်၊ နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်​သို့ ဝင်​စား​အံ့​သော​ငှာ ကူး​သွား​ပြီး​မှ၊ ဤ​တ​ရား​စ​ကား​တော် အ​လုံး​စုံ​တို့​ကို ထို​ကျောက်​ပေါ်​မှာ ရေး​ထား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကတိထား​တော်မူ​သည့်​အတိုင်း ဂျော်ဒန်​မြစ်​ကို​ကူး​၍ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော နို့​နှင့်​ပျားရည်​စီး​သော​ပြည်​သို့​ဝင်ရောက်​သောအခါ ဤ​တရား​စကား​ရှိသမျှ​တို့​ကို ထို​ကျောက်တုံး​များ​ပေါ်၌ ရေးသား​ထား​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 27:3
14 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ယ​ခု​သူ​တို့​နေ​ထိုင်​လျက်​ရှိ​ရာ​နို့ နှင့်​ပျား​ရည်​စီး​သည့်​ပြည်​ကို သူ​တို့​၏​ဘိုး ဘေး​များ​အား​ပေး​အပ်​ရန်​ငါ​ပြု​ခဲ့​သည့် သစ္စာ​က​တိ​ကို​လည်း​တည်​စေ​မည်​ဖြစ် ကြောင်း​သူ​တို့​အား​ငါ​ပြော​ကြား​ခဲ့​၏။ ငါ​က``မှန်​လှ​ပါ၊ အို ထာ​ဝ​ရ​ဘု​ရား'' ဟု လျှောက်​လေ​၏။


ကိုယ်​တော်​ရှင်​သည် သူ​တို့​၏​ဘိုး​ဘေး​များ အား​ကတိ​ထား​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ချမ်း သာ​ကြွယ်​ဝ​၍ အ​သီး​အ​နှံ​ပေါ​များ​သည့် ဤ​ပြည်​တော်​ကို​သူ​တို့​အား​ပေး​အပ်​တော် မူ​ပါ​၏။-


အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍​မြေ​သြ​ဇာ​ထက်​သန်​သော​ထို​ပြည်​ကို သင်​တို့​ပိုင်​ဆိုင်​ရန်​ငါ​ပေး​မည်​ဟု​က​တိ​ထား​သည့်​အ​တိုင်း​ငါ​ပြု​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​ဖြစ်​၍ သင်​တို့​သည်​အ​ခြား​လူ​မျိုး​များ​နှင့်​မ​တူ​ငါ​သီး​သန့်​ရွေး​ချယ်​ထား​သော​လူ​မျိုး​ဖြစ်​၏။-


သူ​တို့​က​မော​ရှေ​အား``အ​ကျွန်ုပ်​တို့​သည်​ထို ပြည်​သို့​သွား​ရောက်​စုံ​စမ်း​ထောက်​လှမ်း​၍ ထို ပြည်​သည်​အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍ မြေ သြ​ဇာ​ထက်​သန်​ကြောင်း​သိ​ရှိ​ရ​ပါ​၏။ ဤ သစ်​သီး​များ​သည်​ထို​ပြည်​မှ​ထွက်​သော သစ်​သီး​ဖြစ်​ပါ​သည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​စိတ်​တော်​နှင့် တွေ့​လျှင်​အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍ မြေ​သြ ဇာ​ထက်​သန်​သော​ထို​ပြည်​သို့​ပို့​ဆောင်​လျက် အ​ပိုင်​စား​ပေး​တော်​မူ​မည်။-


ကိုယ်​တော်​သည်​အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော ဤ​ပြည်​သို့​ပို့​ဆောင်​နေ​ထိုင်​စေ​တော်​မူ​၏။-


အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထို​ပညတ်​တော် များ​ကို​စောင့်​ထိန်း​လော့။ ထို​သို့​ပြု​လျှင်​ဘိုး ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့​သည်​ကြွယ်​ဝ ကောင်း​စား​၍​အင်​အား​ကြီး​သော​လူ​မျိုး​ဖြစ် လာ​လိမ့်​မည်။ အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော ပြည်​တွင်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။''


ထို​ပ​ညတ်​များ​ကို​သ​တိ​ရ​နေ​စေ​ရန် သင် တို့​၏​လက်​မောင်း​၌​လည်း​ကောင်း၊ န​ဖူး​၌ လည်း​ကောင်း​ချည်​ထား​ရ​မည်။-


ယော​ရှု​သည်​ကျောက်​များ​ပေါ်​တွင်​မော​ရှေ​ရေး ခဲ့​သော ပ​ညတ်​တ​ရား​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​မျက်​မှောက်​၌​ကူး​ရေး​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ