Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 27:26 - Common Language Bible

26 `` `ဘု​ရား​သ​ခင်​၏​ပ​ညတ်​များ​နှင့်​သွန်​သင် ချက်​ရှိ​သ​မျှ​တို့​ကို​မ​လိုက်​နာ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော​အ​ခါ၊ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 ဤ ပ ညတ် တ ရား ချက် များ ကို မ လိုက် နာ ဘဲ၊ အ ချည်း နှီး ဖြစ် စေ သူ ကား အ မင်္ဂ လာ ရှိ သည် ဟု ကြော် ငြာ ကြ သော်၊ အာ မင် ဟူ၍ လူ ပ ရိ သတ် ဥဿုံ ဝန် ခံ ကြ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 ဤ​ပ​ညတ်​တ​ရား​စ​ကား​တို့​ကို အ​မြဲ​မ​ကျင့်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ‘​ဤ​တရား​စကား​များ​ကို မ​လိုက်နာ​၊ မ​စောင့်ထိန်း​သော​သူ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​’​ဟု ဆို​လျှင် လူ​အပေါင်း​တို့​က ‘​အာမင်​’​ဟု ဆို​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 27:26
13 ပူးပေါင်းရင်းမြစ်များ  

``သင်​တို့​သည်​ထာ​ဝရ​ဘု​ရား​ထံ​တော်​သို့ သွား​၍ ငါ​နှင့်​ယု​ဒ​ပြည်​သူ​လူ​အ​ပေါင်း​တို့ အ​တွက် ဤ​ကျမ်း​စောင်​တွင်​ပါ​ရှိ​သည့်​သွန် သင်​ချက်​များ​အ​ကြောင်း​ကို​မေး​လျှောက်​ကြ လော့။ ငါ​တို့​၏​ဘိုး​ဘေး​များ​သည် ဤ​ကျမ်း စောင်​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​များ​ကို မ​လိုက်​နာ​မ​ပြု​ကျင့်​ကြ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​အား​အ​မျက်​ထွက်​တော် မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။


အ​ကယ်​၍​သင့်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော် များ​ကို​ဖြစ်​စေ၊ အင်​ပါ​ယာ​နိုင်​ငံ​တော်​၏ တ​ရား​ဥ​ပ​ဒေ​များ​ကို​ဖြစ်​စေ​ချိုး​ဖောက် သူ​အား​သေ​ဒဏ်၊ ပြည်​နှင်​ဒဏ်၊ ထို​သူ​ပိုင်​ပစ္စည်း များ​ကို​သိမ်း​ယူ​ခြင်း​ဒဏ်၊ သို့​မ​ဟုတ်​ထောင် ဒဏ်​အ​လျင်​အ​မြန်​ခံ​စေ'' ဟူ​၍​ဖော်​ပြ ပါ​ရှိ​၏။


ကိုယ်​တော်​ရှင်​သည်​မာန်​မာ​န​ကြီး​သူ​တို့​ကို ကြပ်​တည်း​စွာ​ဆို​ဆုံး​မ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​မား​မှ သွေ​ဖည်​သွား​ကြ​သူ​တို့​သည်​အ​မင်္ဂလာ​ရှိ​ကြ​၏။


``သို့​ရာ​တွင်​ဖြောင့်​မတ်​သော​သူ​သည်​ကောင်း မှု​ကို​ရပ်​စဲ​၍ သူ​ယုတ်​မာ​တို့​ပြု​ကျင့်​တတ် သည့်​စက်​ဆုတ်​ဖွယ်​ရာ​ဆိုး​ညစ်​မှု​တို့​ကို ပြု​လျှင် သူ​သည်​ဆက်​လက်​၍​အ​သက်​ရှင် မည်​လော။ အ​သက်​မ​ရှင်​ရ။ သူ​ပြု​ခဲ့​သည့် ကောင်း​မှု​ကို​ငါ​အ​မှတ်​ရ​တော့​မည်​မ​ဟုတ်။ သူ​သည်​သစ္စာ​မဲ့​မှု​ကြောင့်​အ​ပြစ်​ရှိ​၍ မိ​မိ​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ အ​တွက်​သေ​ရ​လိမ့်​မည်။


``ထို​နောက်​ဘု​ရင်​မင်း​မြတ်​က​လက်​ဝဲ​တော်​ဘက် ၌​ရှိ​သော​သူ​တို့​အား `အ​မင်္ဂ​လာ​ရှိ​သူ​တို့၊ ငါ့​ထံ မှ​ထွက်​သွား​ကြ​လော့။ မာရ်​နတ်​နှင့်​သူ့​စေ​တ​မန် များ​အ​တွက်​ပြင်​ဆင်​ထား​သည့်​ထာ​ဝ​ရ​မီး ထဲ​သို့​သက်​ဆင်း​ကြ​လော့။-


ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း​အား​ဖြင့် ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​ခြင်း​အ​ကြောင်း နှင့်​ပတ်​သက်​၍ မော​ရှေ​က``ပ​ညတ်​တ​ရား​ကို စောင့်​ထိန်း​သူ​သည်​အ​သက်​ရှင်​လိမ့်​မည်'' ဟု ဖော်​ပြ​၏။-


မည်​သူ​မ​ဆို​သ​ခင်​ဘု​ရား​ကို​မ​ချစ်​ပါ​မူ ကျိန်​စာ​သင့်​ပါ​စေ​သ​တည်း။ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​ပါ။-


အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ဆိုင်​ရာ​တ​ရား​သည် ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​ပါ​လျှင် ကယ်​တင် ခြင်း​ဆိုင်​ရာ​လုပ်​ဆောင်​ချက်​သည်​အ​ဘယ် မျှ​သာ​လွန်​၍ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ လိမ့်​မည်​နည်း။-


ပ​ညတ်​တ​ရား​စောင့်​ထိန်း​မှု​ကို​အား​ကိုး​သော သူ​တို့​မူ​ကား ကျိန်​စာ​သင့်​လျက်​ရှိ​ကြ​၏။ ကျမ်း စာ​တော်​က ``ပ​ညတ်​တ​ရား​တွင်​ပါ​ရှိ​သည့် ပြ​ဋ္ဌာန်း​ချက်​မှန်​သ​မျှ​ကို​မ​စောင့်​ထိန်း​သူ သည် ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​စေ'' ဟု ဖော်​ပြ​ပေ​သည်။-


`` `ကျောက်​ရုပ်​တု၊ သစ်​သား​ရုပ်​တု​သို့​မ​ဟုတ် သတ္တု​ရုပ်​တု​ကို​ထု​လုပ်​၍ တိတ်​တ​ဆိတ်​ဝတ် ပြု​ကိုး​ကွယ်​သူ​သည် ဘု​ရား​သ​ခင်​ကျိန်​ခြင်း ကို​ခံ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ရုပ်​တု ကိုး​ကွယ်​မူ​ကို​ရွံ​ရှာ​တော်​မူ​၏' ဟု​ကျိန်​ဆို လိုက်​သော​အ​ခါ၊ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ ကြ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ