ကမ္ဘာတစ်ခွင်လုံးရှိနိုင်ငံတကာတို့အနက် သင် တို့တစ်မျိုးတည်းကိုသာငါအသိအမှတ် ပြု၍ကရုဏာသက်ခဲ့၏။ ထို့ကြောင့်ပင်သင် တို့ပြုခဲ့သမျှသောအပြစ်များအတွက် သင်တို့ကိုအပြစ်ပေးရတော့မည်။
တရားဟော 4:22 - Common Language Bible ငါသည်ဤအရပ်၌သေရမည်။ ယော်ဒန်မြစ် တစ်ဘက်သို့ကူးရမည်မဟုတ်။ သို့ရာတွင် သင်တို့သည်မြစ်ကိုကူး၍ အစာရေစာပေါ ကြွယ်ဝသောပြည်ကိုသိမ်းယူရကြတော့မည်။- Garrad Bible ဤ ပြည် နယ် တွင် ငါ သေ ရ တော့ မည်။ သင် တို့ မှာ မူ၊ ကူး ချီ လျက်၊ ထို ပြည် ကောင်း ကို အ ပိုင် ရ ကြ လိမ့် မည်။ Judson Bible သို့ဖြစ်၍ ဤပြည်၌ငါသေရမည်၊ ယော်ဒန်မြစ်ကို မကူးရ။ သင်တို့သည်ကူး၍ ထိုကောင်းမွန်သောပြည်ကို ဝင်စားကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ငါသည် ဤအရပ်၌ သေရမည်။ ဂျော်ဒန်မြစ်ကို ငါမကူးရ။ သင်တို့မူကား ဂျော်ဒန်မြစ်ကိုကူး၍ သာယာဝပြောသောပြည်ကို ပိုင်ဆိုင်ရကြလိမ့်မည်။ |
ကမ္ဘာတစ်ခွင်လုံးရှိနိုင်ငံတကာတို့အနက် သင် တို့တစ်မျိုးတည်းကိုသာငါအသိအမှတ် ပြု၍ကရုဏာသက်ခဲ့၏။ ထို့ကြောင့်ပင်သင် တို့ပြုခဲ့သမျှသောအပြစ်များအတွက် သင်တို့ကိုအပြစ်ပေးရတော့မည်။
အာရုန်အနိစ္စရောက်သကဲ့သို့သင်သည် ထို ပြည်ကိုမျှော်ကြည့်ပြီးသောအခါ၌ အနိစ္စရောက်လိမ့်မည်။-
အဘယ်ကြောင့်ဆိုသော်သင်တို့နှစ်ဦးစလုံး သည် ဇိနတောကန္တာရ၌ငါ၏အမိန့်ကိုဖီဆန် သောကြောင့်ဖြစ်၏။ မေရိဘအရပ်တွင်ဣသ ရေလအမျိုးသားအပေါင်းတို့သည် ငါ့အား အပြစ်တင်၍ညည်းတွားကြသောအခါ သင် တို့သည်သူတို့ရှေ့တွင်ငါ၏တန်ခိုးတော်ကို မထီလေးစားပြုမူခဲ့ကြ၏'' ဟုမိန့်တော် မူသည်။ (မေရိဘသည်ဇိနတောကန္တာရရှိ ကာဒေရှအရပ်၌တည်ရှိသောစမ်းရေ ပေါက်ကိုဆိုလိုသည်။)
``ဣသရေလအမျိုးသားတို့အတွက်မိဒျန် အမျိုးသားတို့အားလက်စားချေလော့။ ထို တာဝန်ကိုဆောင်ရွက်ပြီးနောက် သင်သည် အနိစ္စရောက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည်သင်တို့အတွက်ကြောင့်ငါ့ ကိုလည်းအမျက်တော်ထွက်လျက် ငါ့အား`သင် ကိုယ်တိုင်ပင်လျှင်ထိုပြည်သို့မဝင်ရ။-
အို ထာဝရဘုရား၊ အကျွန်ုပ်အားယော်ဒန်မြစ်ကို ကူးစေ၍ တစ်ဘက်တွင်ရှိသောမြေသြဇာကောင်း သည့်ပြည်ကိုလည်းကောင်း၊ သာယာသည့်တောင် ကုန်းဒေသနှင့်လေဗနုန်တောင်ကိုလည်းကောင်း တွေ့မြင်ခွင့်ပေးတော်မူပါ' ဟုတောင်းပန် လျှောက်ထား၏။''
ပိသဂါတောင်ထိပ်ပေါ်သို့တက်၍အရှေ့၊ အနောက်၊ တောင်၊ မြောက်သို့ကြည့်လော့။ သင်သည်ယော်ဒန်မြစ် တစ်ဘက်သို့ကူးရမည်မဟုတ်သောကြောင့် သင် မြင်သမျှကိုသေချာစွာကြည့်ရှုလော့။-
ထို့နောက်ထာဝရဘုရားကမောရှေအား``သင် စုတေရသောအချိန်နီးလာပြီ။ ငါသည် ယောရှုအားညွှန်ကြားနိုင်ရန် သူ့ကိုပဋိညာဉ် တဲတော်သို့ခေါ်ခဲ့လော့'' ဟုမိန့်တော်မူ၏။ မောရှေနှင့်ယောရှုတို့သည်တဲတော်သို့သွား ကြရာ၊-