Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 4:21 - Common Language Bible

21 ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​တွက်​ကြောင့်​ငါ့​အား​အ​မျက်​တော် ထွက်​၍ ငါ​သည်​ယော်​ဒန်​မြစ်​တစ်​ဘက်​သို့​ကူး ၍ သင်​တို့​အား​ပေး​သ​နား​တော်​မူ​သည့်​အ​စာ ရေ​စာ​ပေါ​ကြွယ်​ဝ​သော​ပြည်​သို့ မ​ဝင်​ရ​ဟု အ​လေး​အ​နက်​ပညတ်​တော်​မူ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ထာ ဝ ရ ဘု ရား သည်၊ သင် တို့ အ တွက်၊ ငါ့ အ ပေါ်၌ အ မျက် တော် ထား လျက်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ပိုင် ပေး တော် မူ သော ဤ ပြည် ကောင်း သို့ ဝင် ရောက် ခွင့်၊ ယော် ဒန် မြစ် ကို ကူး သွား ခွင့် မ ပေး ဟု သ စ္စာ ဆို တော် မူ သည့် အ တိုင်း၊ ကူး သွား ခွင့် မ ရ ဘဲ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ထို​မှ​တစ်​ပါး၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​တွက် ငါ့​ကို​အ​မျက်​တော်​ထွက်၍၊ ငါ​သည် ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ မ​ကူး​ရ​မည်​အ​ကြောင်း​နှင့် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​မွေ​ခံ​စ​ရာ​ဖို့​ပေး​တော်​မူ​သော ထို​ပြည်​မြတ်​သို့ မ​ဝင်​စား​ရ​မည်​အ​ကြောင်း ကျိန်​ဆို​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ထာဝရဘုရား​သည် သင်​တို့​ကြောင့် ငါ့​ကို အမျက်ထွက်​၍ ဂျော်ဒန်​မြစ်​ကို ငါ​မ​ကူး​ရ​၊ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က သင်​တို့​အား အမွေ​အဖြစ်​ပေး​တော်မူ​သည့် သာယာဝပြော​သော​ပြည်​သို့ ငါ​မ​ဝင်​ရ​ဟု ကျိန်ဆို​တော်မူ​ခဲ့​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 4:21
13 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​နှင့် အာ​ရုန်​တို့​အား``သင်​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှေ့​တွင်​ငါ့​တန်​ခိုး​တော်​ကို ယုံ​ကြည်​မှု​နည်း​သော​ကြောင့် က​တိ​ထား​သော ပြည်​သို့​သူ​တို့​အား​ပို့​ဆောင်​ရ​ကြ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆုံး​မ​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​ကြောင့်​ငါ့ ကို​လည်း​အ​မျက်​တော်​ထွက်​လျက် ငါ့​အား`သင် ကိုယ်​တိုင်​ပင်​လျှင်​ထို​ပြည်​သို့​မ​ဝင်​ရ။-


သင်​တို့​အ​ပေါင်း​သည်​မိ​မိ​နှစ်​သက်​ရာ​နည်း ဖြင့် ယ​နေ့​တိုင်​အောင်​ကိုယ်​တော်​ကို​ကိုး​ကွယ် လျက်​ရှိ​ကြ​၏။-


``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​အား​ပေး​သ​နား​သော​ပြည်​တွင် သင်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​မည်။ သင် တို့​အား​ငါ​ယ​နေ့​ပ​ညတ်​သ​မျှ​တို့​ကို​စောင့် ထိန်း​၍ ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို နာ​ခံ​လျှင် သင်​တို့​လူ​မျိုး​တွင်​မည်​သူ​မျှ မ​ဆင်း​ရဲ​ရ။-


ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​မည့်​ပြည်​တွင် အ​ပြစ်​မဲ့​သူ​များ​အသက် မ​ဆုံး​ရ။ သင်​တို့​သည်​လည်း​အ​ပြစ်​မဲ့​သူ​များ ကို သေ​စေ​သည့်​အ​ပြစ်​ကူး​လွန်​မိ​မည်​မ​ဟုတ်။''


``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​မည့်​ပြည်​ရှိ​မြို့​များ​ကို တိုက်​ခိုက် သိမ်း​ယူ​သော​အ​ခါ​၌​မူ​ကား မြို့​တွင်း​ရှိ​လူ ရှိ​သ​မျှ​ကို​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။-


ည​အိပ်​၍​မ​ထား​ရ။ အ​လောင်း​ကို​တိုင်​ပေါ် တွင်​ဆွဲ​ထား​ခြင်း​သည်​တိုင်း​ပြည်​အ​တွက် အမင်္ဂ​လာ​ဖြစ်​သော​ကြောင့် အ​လောင်း​ကို​နေ့ ချင်း​တွင်း​မြှုပ်​နှံ​ရ​မည်။ သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​မည့်​ပြည် ကို မ​ညစ်​ညမ်း​စေ​ရန်​ထို​အ​လောင်း​ကို​မြှုပ်​နှံ လော့။''


ပ​ထ​မ​လင်​ယောကျာ်း​သည်​သူ့​အား နောက်​တစ် ဖန်​မ​ယား​အ​ဖြစ်​မ​ပေါင်း​သင်း​ရ။ အ​ဘယ် ကြောင့်​ဆို​သော်​ထို​မိန်း​မ​သည် ညစ်​ညမ်း​သွား ပြီ​ဟု​ယူ​ဆ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ယင်း​သို့​နောက်​ထပ်​အိမ်​ထောင်​ပြု​ခြင်း​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ မည့်​ပြည်​တွင် ထို​ကဲ့​သို့​သော​ဆိုး​ရွား​သည့် အ​ပြစ်​ကို​မ​ကူး​လွန်​ရ။


``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​သို့ ဝင်​ရောက် သိမ်း​ပိုက်​နေ​ထိုင်​ကြ​သော​အ​ခါ၊-


``သို့​သော်​လည်း​သင်​တို့​အ​တွက်​ကြောင့်​ထာဝရ ဘုရား​သည်​ငါ့​ကို​အ​မျက်​ထွက်​၍ ငါ​၏​တောင်း​ပန် စ​ကား​ကို​လက်​ခံ​တော်​မ​မူ။ ထာ​ဝ​ရ​ဘု​ရား က`ဆက်​၍​မ​လျှောက်​နှင့်။ ဤ​အ​ကြောင်း​ကို နောက်​ထပ်​မ​လျှောက်​ထား​နှင့်။-


``ယ​ခု​ငါ​သည်​အ​သက်​တစ်​ရာ့​နှစ်​ဆယ်​ရှိ ပြီ​ဖြစ်​၍ သင်​တို့​အား​ဆက်​လက်​ခေါင်း​ဆောင်​နိုင် တော့​မည်​မ​ဟုတ်။ ထို့​အ​ပြင်​ငါ​သည်​ယော်​ဒန် မြစ်​တစ်​ဖက်​သို့​မ​ကူး​ရ​ဟု​ထာ​ဝ​ရ​ဘု​ရား က ငါ့​အား​မိန့်​ကြား​တော်​မူ​ပြီ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ