တောလည် 27:13 - Common Language Bible13 အာရုန်အနိစ္စရောက်သကဲ့သို့သင်သည် ထို ပြည်ကိုမျှော်ကြည့်ပြီးသောအခါ၌ အနိစ္စရောက်လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible13-14 ဇိ န တော၊ ကာ ဒေ ရှ မြို့၊ မေ ရိ ဘ ရေ အ နီး၌ လူ ပ ရိ သတ် ရန် ပြု ကြ ရာ ၎င်း တို့ ရှေ့ ငါ့ အား သီး သန့် ထား ရန် အ မိန့် တော် ကို ဖီ ဆန် ကြ သော ကြောင့် အစ် ကို အာ ရုန် နည်း တူ သင် လည်း မျှော် ကြည့် ပြီး မှ ဘိုး ဘေး တို့ ထံ သွား ရ မည် ဟု မိန့် တော် မူ လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible13 သို့ပြီးမှ၊ သင်၏အစ်ကိုအာရုန်သည် မိမိလူမျိုးစည်းဝေးရာသို့ သွားသကဲ့သို့၊ သင်သည်လည်းသွားရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ထိုပြည်ကိုကြည့်ရှုပြီးသောအခါ သင်၏အစ်ကိုအာရုန်ကဲ့သို့ သင်သည်လည်း မိမိလူမျိုးတို့စုစည်းရာသို့ သွားရမည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏အမိန့်တော်အရ ယဇ် ပုရောဟိတ်အာရုန်သည်ဟောရတောင်ပေါ် သို့တက်လေ၏။ ဣသရေလအမျိုးသားတို့ သည်အီဂျစ်ပြည်မှ ထွက်လာခဲ့ပြီးနောက် လေးဆယ်မြောက်သောနှစ်၊ ပဉ္စမလ၊ လဆန်း တစ်ရက်နေ့တွင်အသက်တစ်ရာ့နှစ်ဆယ့် သုံးနှစ်ရှိသောအာရုန်သည် ထိုတောင်ပေါ် တွင်အနိစ္စရောက်လေသည်။
ထာဝရဘုရားသည်မိုးတိမ်တိုင်ထဲက မောရှေအား``သင်သည်မကြာမီစုတေရမည်။ သင်အနိစ္စရောက်ပြီးနောက်ဣသရေလအမျိုး သားတို့သည် သစ္စာဖောက်၍သူတို့နှင့်ငါပြု ထားသောပဋိညာဉ်ကိုချိုးဖောက်ကြလိမ့်မည်။ သူတို့သည်ငါ့ကိုစွန့်ပယ်၍ သူတို့ဝင်ရောက် မည့်ပြည်ရှိအခြားသောဘုရားများကို ကိုးကွယ်ကြလိမ့်မည်။-