သင်တို့အတွက်ငါရေးသားပေးသည့်ပညတ် တော်များနှင့် အမိန့်တော်များကိုအစဉ်အမြဲ လိုက်နာရကြမည်။ သင်တို့သည်အခြား ဘုရားများ၏စကားကိုနားမထောင်ရ။-
တရားဟော 31:11 - Common Language Bible ဣသရေလအမျိုးသားတို့သည် တစ်ခုတည်း သောကိုးကွယ်ရာဌာနသို့ရောက်ရှိလာကြ သောအခါ ဤပညတ်တရားတော်ကိုဖတ်ပြ ရမည်။- Judson Bible သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူလတ္တံ့သော အရပ်တွင် ဣသရေလအမျိုးသားအပေါင်းတို့သည် ရှေ့တော်၌ ကိုယ်ကိုပြခြင်းငှာ လာကြသောအခါ၊ ဤပညတ်တရားကို ထိုပရိသတ်အပေါင်းတို့ရှေ့မှာ ဖတ်ရွတ်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုးအပေါင်းတို့သည် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ထာဝရဘုရား၏ရှေ့တော်၌ မျက်နှာလာပြသောအခါ သင်သည် အစ္စရေးလူမျိုးအပေါင်းတို့ရှေ့၌ ဤပညတ်တရားကို သူတို့ကြားအောင် ဖတ်ကြားရမည်။ |
သင်တို့အတွက်ငါရေးသားပေးသည့်ပညတ် တော်များနှင့် အမိန့်တော်များကိုအစဉ်အမြဲ လိုက်နာရကြမည်။ သင်တို့သည်အခြား ဘုရားများ၏စကားကိုနားမထောင်ရ။-
ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့်ဆင်းရဲ ချမ်းသာမရွေးယေရုရှလင်မြို့သူမြို့သား အပေါင်းတို့နှင့်အတူ ဗိမာန်တော်သို့ကြွ တော်မူ၏။ မင်းကြီးသည်ထိုသူအပေါင်းတို့ အား ဗိမာန်တော်ထဲတွင်တွေ့ရှိရသောပဋိ ညာဉ်ကျမ်းစောင်ကို အစအဆုံးအသံကျယ် စွာဖတ်ပြတော်မူ၏။-
နောက်တစ်နေ့၌သားချင်းစုခေါင်းဆောင်များ သည် ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင် များနှင့်အတူ ပညတ်ကျမ်းကိုလေ့လာရန် ဧဇရထံသို့လာရောက်ကြ၏။-
သူတို့သည်ပွဲတော်ပထမနေ့မှနောက်ဆုံး နေ့အထိ နေ့စဉ်နေ့တိုင်းဘုရားသခင်၏ ပညတ်ကျမ်းကိုဖတ်ရွတ်ကြ၏။ သူတို့ သည်ထိုပွဲတော်ကိုခုနစ်ရက်တိုင်တိုင် ကျင်းပပြီးလျှင် ရှစ်ရက်မြောက်သောနေ့ ၌ပညတ်ကျမ်းပြဋ္ဌာန်းချက်အရဋ္ဌမ္မ ပွဲကိုခံကြ၏။
သူတို့သည်မိမိတို့ဘုရားသခင်ထာဝရ ဘုရား၏ပညတ်ကျမ်းစာတော်ဖတ်ရွတ်သည် ကို သုံးနာရီခန့်နားထောင်ကြပြီးလျှင်နောက် ထပ်သုံးနာရီမျှ မိမိတို့အပြစ်များကို ဖော်ပြဝန်ခံကာ မိမိတို့၏ဘုရားသခင် ထာဝရဘုရားအားဝတ်ပြုရှိခိုးကြလေ သည်။
ထိုသူတို့သည်ခရီးပြုရင်းခွန်အားတိုး၍ လာကြပါ၏။ ဇိအုန်တောင်တော်ပေါ်တွင်ဘုရားတကာ တို့၏ ဘုရားကိုဖူးမြင်ရကြပါလိမ့်မည်။
ငါသည်အခြားလူမျိုးများကိုသင်တို့ချီ တက်ရာလမ်းကြောင်းမှနှင်ထုတ်၍ သင်တို့၏ နယ်မြေကိုတိုးချဲ့ပြီးသည့်အခါသင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ပွဲတော်ကြီးသုံးခုကျင်းပနေချိန်အတွင်း၊ မည်သည့်ရန်သူမျှသင်တို့ကိုမတိုက်ခိုက် စေရ။
ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်းကိုဖတ်ပြီး သောအခါ တရားဇရပ်အမှုဆောင်လူကြီး များသည်သူတို့အား ``ညီအစ်ကိုတို့၊ လူတို့ အားတိုက်တွန်းအားပေးစကားပြောကြား ရန်ရှိပါလျှင်ပြောကြပါ'' ဟုလူလွှတ်၍ အကြောင်းကြားကြ၏။-
အဘယ်ကြောင့်ဆိုသော်ရှေးကာလမှစ၍ မောရှေ၏ပညတ်တရားကိုတရားဇရပ်များ တွင်ဥပုသ်နေ့တိုင်းဖတ်ခြင်း၊ သူ၏တရားကို ဟောပြောခြင်းရှိသောကြောင့်ဖြစ်၏'' ဟုဆို လေသည်။
ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-
သင်တို့အနွယ်များအနက်တစ်နွယ်၏နယ် မြေအတွင်းရှိ ထာဝရဘုရားရွေးချယ်တော် မူမည့်ဌာန၌သာယဇ်ပူဇော်ရမည်။ ထိုဌာန ၌သာမီးရှို့ရာယဇ်ကိုပူဇော်၍ သင်တို့အား ငါမှာကြားသမျှတို့ကိုဆောင်ရွက်ရမည်။''
ထာဝရဘုရားသည်သင်တို့၏အနွယ်များ နေထိုင်ရာနယ်မြေမှ ရှေ့တော်သို့လူတို့လာ ရောက်ကိုးကွယ်ဝတ်ပြုနိုင်သောဌာနတစ်ခု ကိုရွေးချယ်ပေးတော်မူလိမ့်မည်။-