ဥရိ၏သားဂေဗအာမောရိဘုရင်ရှိဟုန် နှင့်၊ဗာရှန်ဘုရင်သြဃအုပ်စိုးခဲ့သောဂိလဒ် နယ်မြေ၊ ဤဘုရင်ခံတစ်ဆယ်နှစ်ယောက် အပြင် တစ်ပြည်လုံးအုပ်စိုးရသည့်ဘုရင်ခံ တစ်ယောက်ရှိသေးသတည်း။
တရားဟော 3:1 - Common Language Bible ``နောက်တစ်ဖန်ငါတို့သည် မြောက်ဘက်ရှိဗာရှန် ပြည်သို့ချီတက်ခဲ့ကြသည်။ ထိုအခါဗာရှန် ဘုရင်သြဃသည် မိမိ၏စစ်သူရဲအပေါင်း တို့နှင့်တကွငါတို့ကိုတိုက်ရန်ဧဒြိမြို့သို့ ချီတက်လာလေသည်။- Garrad Bible ထို နောက် ငါ တို့ လှည့် ပြန်၍ ဗာ ရှန် လမ်း ဖြင့် ချီ တက် ကြ သည့် ကာ လ၊ ဗာ ရှန် ပြည့် ရှင် သြ ဃ မင်း သည်၊ အ လုံး အ ရင်း ရှိ သ မျှ ပါ၊ ဆီး ဆို့ တိုက် ခိုက် ရန် ဧ ဒြိ မြို့ သို့ ချီ ထွက် သ ဖြင့်၊ Judson Bible ထိုအခါ ငါတို့သည်လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင် ဩဃသည်လည်း မိမိလူအပေါင်းတို့နှင့်တကွ ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှာချီလာ၏။ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ငါတို့သည် ဗာရှန်ပြည်လမ်းသို့ လှည့်၍တက်သွားကြ၏။ ငါတို့ကိုဆီးတားတိုက်ခိုက်ရန် ဧဒြိအရပ်သို့ ဗာရှန်ဘုရင်ဩဃမင်းကြီးသည် မိမိ၏လူအပေါင်းတို့နှင့်အတူ ထွက်လာ၏။ |
ဥရိ၏သားဂေဗအာမောရိဘုရင်ရှိဟုန် နှင့်၊ဗာရှန်ဘုရင်သြဃအုပ်စိုးခဲ့သောဂိလဒ် နယ်မြေ၊ ဤဘုရင်ခံတစ်ဆယ်နှစ်ယောက် အပြင် တစ်ပြည်လုံးအုပ်စိုးရသည့်ဘုရင်ခံ တစ်ယောက်ရှိသေးသတည်း။
``ကိုယ်တော်သည်သူတို့အားမိမိတို့နယ် စပ်တွင် ရှိသောနိုင်ငံများနှင့်၊ လူမျိုးများကိုနှိမ်နင်းခွင့်ပေးတော်မူပါ၏။ သူတို့သည်ရှိဟုန်မင်းအစိုးရသည့် ဟေရှဘုန်ပြည်ကိုလည်းကောင်း သြဃမင်းအစိုးရသည့်ဗာရှန်ပြည်ကို လည်းကောင်း သိမ်းပိုက်ကြပါ၏။
ဗာရှန်ပြည်ဘုရင်သြဃမင်းကိုလည်း ကွပ်မျက်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
မောရှေသည်ဟေရှဘုန်မြို့တွင်စိုးစံသော အာမောရိဘုရင်ရှိဟုန်ကိုလည်းကောင်း၊ အာရှ တရုတ်မြို့နှင့်ဧဒြိမြို့များတွင်စိုးစံသော ဗာရှန်ဘုရင်သြဃကိုလည်ကောင်း၊ နှိမ် နှင်းပြီးနောက်အောက်ပါအတိုင်းဆင့်ဆို ခြင်းဖြစ်သည်။-
ရှိဟုန်ဘုရင်သည်ငါတို့ကိုတိုက်ခိုက်ရန် သူ ၏စစ်သည်ဗိုလ်ပါအပေါင်းတို့နှင့်ယာဟတ် မြို့အနီးသို့ချီတက်လာကြသည်။-
ဤအရပ်သို့ငါတို့ရောက်ရှိသောအခါ ဟေရှဘုန်ဘုရင်ရှိဟုန်နှင့်ဗာရှန်ဘုရင် သြဃတို့သည်ထွက်၍ ငါတို့အားတိုက် ခိုက်ခဲ့ကြသည်။ သို့ရာတွင်ငါတို့သည် သူ တို့ကိုတိုက်ခိုက်အောင်မြင်သဖြင့်၊-
သို့ရာတွင်ထာဝရဘုရားက`သူ့ကိုမကြောက် နှင့်။ ငါသည်သူနှင့်တကွ သူ၏လူအပေါင်း တို့ကိုလည်းကောင်း၊ သူ၏တိုင်းပြည်ကိုလည်း ကောင်း၊ သင့်လက်သို့ပေးအပ်မည်။ သင်သည် ဟေရှဘုန်မြို့၌စိုးစံသောအာမောရိဘုရင် ရှိဟုန်အားနှိမ်နင်းသကဲ့သို့ သူ့အားလည်း နှိမ်နင်းလော့' ဟုငါ့အားမိန့်တော်မူသည်။''
ထာဝရဘုရားသည်အာမောရိဘုရင်များ ဖြစ်သော ရှိဟုန်နှင့်သြဃတို့ကိုနှိမ်နင်း၍ သူ တို့၏ပြည်ကိုဖျက်ဆီးသည့်နည်းတူ ထိုပြည် တွင်နေထိုင်သောလူမျိုးတို့ကိုသုတ်သင် ပယ်ရှင်းတော်မူလိမ့်မည်။-
သူ၏နိုင်ငံကိုလည်းကောင်း၊ ယော်ဒန်မြစ်အရှေ့ ဘက်တွင် စိုးစံသောအခြားအာမောရိဘုရင် ဖြစ်သည့်ဗာရှန်ဘုရင်သြဃ၏နိုင်ငံကို လည်းကောင်းသိမ်းယူခဲ့ကြသည်။-
ဣသရေလအမျိုးသားတို့သည်တောင် ဘက်အာနုန်မြစ်ဝှမ်းမှမြောက်ဘက်ဟေရမုန် တောင်အထိ၊ အရှေ့ဘက်နယ်မြေနှင့်ယော်ဒန် မြစ်ဝှမ်းတစ်လျှောက်လုံးကိုတိုက်ခိုက်သိမ်း ယူခဲ့ပြီးဖြစ်သည်။-
အာရှတရုတ်မြို့နှင့်ဧဒြိမြို့များတွင် စိုးစံ၍ နောက်ဆုံးကျန်ရှိသေးသောရိဖိမ် အမျိုးသားတို့အနက် တစ်ဦးဖြစ်သူ ဗာရှန်မင်းသြဃကိုလည်းဣသရေလ အမျိုးသားတို့သည်နှိမ်နင်းခဲ့၏။-
သူတို့၏နယ်မြေသည်မဟာနိမ်မြို့အထိ ကျယ်ပြန့်၍ဗာရှန်ဘုရင်သြဃမင်းပိုင်သော ပြည်တစ်ပြည်လုံးနှင့်တကွဗာရှန်ပြည်တွင်း ရှိယာဣရ၏ရွာပေါင်းခြောက်ဆယ်ပါဝင် သည်။-
ယော်ဒန်မြစ်အရှေ့ဘက်တွင်စိုးစံသောအာ မောရိမင်းနှစ်ပါးဖြစ်သည့် ဟေရှဘုန်ဘုရင် ရှိဟုန်နှင့်အာရှတရုတ်မြို့၌နန်းစိုက်သော ဗာရှန်ဘုရင်သြဃတို့အား မည်ကဲ့သို့နှိမ် နင်းခဲ့ကြောင်းကိုလည်းကောင်းအကျွန်ုပ်တို့ ကြားရပါသည်။-