တရားဟော 3:2 - Common Language Bible2 သို့ရာတွင်ထာဝရဘုရားက`သူ့ကိုမကြောက် နှင့်။ ငါသည်သူနှင့်တကွ သူ၏လူအပေါင်း တို့ကိုလည်းကောင်း၊ သူ၏တိုင်းပြည်ကိုလည်း ကောင်း၊ သင့်လက်သို့ပေးအပ်မည်။ သင်သည် ဟေရှဘုန်မြို့၌စိုးစံသောအာမောရိဘုရင် ရှိဟုန်အားနှိမ်နင်းသကဲ့သို့ သူ့အားလည်း နှိမ်နင်းလော့' ဟုငါ့အားမိန့်တော်မူသည်။'' အခန်းကိုကြည့်ပါ။Garrad Bible2 ငါ့ အား ထာ ဝ ရ ဘု ရား က၊ ထို မင်း မှ စ၍ အ လုံး အ ရင်း နှင့် ပိုင် သော ပြည် ကို၊ သင့် လက် တွင်း သို့ အပ် နှင်း ပြီး ဖြစ် သော ကြောင့်၊ မ ကြောက် လင့်။ ဟေ ရှ ဘုန် မြို့ စံ အာ မော ရိ ပြည့် ရှင် ရှိ ဟုန် မင်း ကို ပြု သ ကဲ့ သို့ ထို မင်း ကို လည်း ပြု ရ မည် ဟု မိန့် တော် မူ သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible2 ထာဝရဘုရားကလည်း၊ သူ့ကိုမကြောက်နှင့်။ သူနှင့်တကွ သူ၏လူအပေါင်းတို့ကိုလည်းကောင်း၊ သူ့မြေကိုလည်းကောင်း၊ သင့်လက်၌ငါအပ်ပေးမည်။ ဟေရှဘုန်မြို့နေ အာမောရိရှင်ဘုရင် ရှိဟုန်ကိုပြုသကဲ့သို့ ဤမင်းကိုလည်းပြုရမည်ဟု ငါ့အား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ထိုအခါ ထာဝရဘုရားက ငါ့အား ‘သူ့ကို မကြောက်နှင့်။ ငါသည် သူနှင့်တကွ သူ၏လူအပေါင်းတို့ကိုလည်းကောင်း၊ သူ၏ပြည်ကိုလည်းကောင်း သင်၏လက်သို့ပေးအပ်ပြီ။ သင်သည် ဟေရှဘုန်မြို့၌စံမြန်းသော အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီးကိုပြုသကဲ့သို့ သူ့ကိုလည်းပြုရလိမ့်မည်’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်ဤတိုက်ပွဲကိုဆင်နွဲရကြမည် မဟုတ်။ နေရာသာယူ၍စောင့်နေကြလော့။ ထာဝရဘုရားသည်သင်တို့အားအောင်ပွဲ ခံစေတော်မူသည်ကိုတွေ့ရကြလိမ့်မည်။ ယုဒပြည်သူများနှင့်ယေရုရှလင်မြို့ သားတို့၊ မတွန့်မဆုတ်ကြနှင့်။ မကြောက် မလန့်ဘဲတိုက်ပွဲသို့ဝင်ကြလော့။ ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိတော်မူ လိမ့်မည်'' ဟုဗျာဒိတ်တော်ဆင့်ဆို၏။
(သြဃဘုရင်သည်အလွန်ထွားကြိုင်းသော ရီဖိမ် အနွယ်ဝင်ထဲမှနောက်ဆုံးကြွင်းကျန်သူဖြစ်၏။ သူ၏အလောင်းထည့်ရာခေါင်းကိုကျောက်ဖြင့် ပြုလုပ်၍ အနံခြောက်ပေ၊ အလျားတစ်ဆယ့် လေးပေနီးပါးရှိ၏။ ထိုဘုရင်၏ခေါင်းကို အမ္မုန်ပြည်ရဗ္ဗတ်မြို့တွင်ယနေ့တိုင်တွေ့မြင် နိုင်လေသည်။)
ထာဝရဘုရားကိုမပုန်ကန်ကြပါနှင့်။ ခါနာန်ပြည်သားတို့ကိုလည်းမကြောက်ရွံ့ ကြပါနှင့်။ ငါတို့သည်သူတို့ကိုလွယ်ကူ စွာတိုက်ခိုက်အောင်မြင်နိုင်ပါမည်။ ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၍ သူတို့ကိုကွယ်ကာစောင့်ရှောက်သောဘုရား များကိုလည်း နှိမ်နင်းအောင်မြင်တော်မူပြီး ဖြစ်၍မကြောက်ရွံ့ကြပါနှင့်'' ဟုလူတို့ အားပြောကြ၏။-