ငါသည်ဖိလိတ္တိတပ်ကိုဖြိုခွင်းရန်သင်တို့၏ ရှေ့မှချီတက်တော်မူမည်ဖြစ်၍ သင်တို့သည် သစ်ဆီမွှေးပင်ထိပ်ဖျားများတွင်စစ်ချီသံ များကိုကြားရသောအခါတိုက်ခိုက်ကြ လော့'' ဟုမိန့်တော်မူ၏။-
တရားဟော 20:4 - Common Language Bible သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူချီတက်တော်မူမည်ဖြစ်၍ သင်တို့အားအောင်ပွဲကိုခံစေတော်မူလိမ့်မည်' ဟုတပ်သားတို့ကိုအားပေးနှိုးဆော်ရမည်။ Garrad Bible သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ဘေး လွတ် စေ ခြင်း ငှါ၊ ဗိုလ် ထု နှင့် တ ကွ ကြွ ချီ၍၊ ရန် သူ တို့ ကို စစ် တိုက် တော် မူ လိမ့် မည် ဟု နှိုး ဆော် ပြီး မှ၊ Judson Bible အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ရန်သူတို့ကိုစစ်တိုက်၍ သင်တို့ကို ကယ်တင်ခြင်းအလိုငှာ၊ သင်တို့နှင့်အတူ ကြွတော်မူသည်ဟု လူတို့အားပြောဆိုရကြမည်။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူကြွချီ၍ သင်တို့အတွက် သင်တို့၏ရန်သူတို့ကို တိုက်ခိုက်တော်မူမည်ဖြစ်သောကြောင့် သင်တို့အောင်ပွဲခံရလိမ့်မည်’ဟု ပြောကြားရမည်။ |
ငါသည်ဖိလိတ္တိတပ်ကိုဖြိုခွင်းရန်သင်တို့၏ ရှေ့မှချီတက်တော်မူမည်ဖြစ်၍ သင်တို့သည် သစ်ဆီမွှေးပင်ထိပ်ဖျားများတွင်စစ်ချီသံ များကိုကြားရသောအခါတိုက်ခိုက်ကြ လော့'' ဟုမိန့်တော်မူ၏။-
ငါတို့၏ခေါင်းဆောင်ကားထာဝရဘုရား ကိုယ်တော်တိုင်ဖြစ်၏။ ကိုယ်တော်၏ယဇ်ပုရော ဟိတ်တို့သည်လည်းငါတို့စစ်ပွဲဝင်ရန် တံပိုး ခရာမှုတ်၍အချက်ပေးဖို့အသင့်ရှိနေကြ သည်။ ဣသရေလပြည်သူတို့၊ သင်တို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားနှင့် ဆိုင်ပြိုင်၍စစ်မတိုက်ကြနှင့်။ သင်တို့မနိုင် နိုင်ကြ'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည်သင်တို့အတွက်စစ် တိုက်တော်မူလိမ့်မည်။ စိတ်မပူကြနှင့်'' ဟု ပြန်ပြောလေ၏။
မကွဲမကွာစေသည်သာမကငါတို့သည်ထို အတွေ့အကြုံခပ်သိမ်းတို့နှင့်ဆိုင်ရာတွင် ငါ တို့ကိုချစ်တော်မူသောအရှင်အားဖြင့်အထူး အောင်မြင်လျက်ရှိကြ၏။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်နှင့်တောကန္တာရ၌သင်တို့အား စောင့်ရှောက်ခဲ့သည့်နည်းတူ ယခုလည်းသင်တို့ ကိုဦးဆောင်၍သင်တို့ဘက်၌စစ်ကူတိုက်တော် မူလိမ့်မည်။ အဖကသားကိုချီပိုက်သကဲ့သို့ ထာဝရဘုရားသည်သင်တို့အားချီပိုက်လျက် ဤအရပ်သို့ရောက်ရှိသည့်တိုင်အောင်ပို့ဆောင် တော်မူခဲ့ကြောင်းကို သင်တို့သိမြင်ရကြပြီ' ဟူ၍ပြောခဲ့သည်။-
သင်တို့၏ဘုရားသခင်ထာဝရဘုရား ကတိတော်ရှိသည့်အတိုင်း သင်တို့ရောက်ရာ အရပ်တွင်ရှိသောလူအပေါင်းတို့သည် သင် တို့ကိုကြောက်ရွံ့ကြလိမ့်မည်။ မည်သူကမျှ သင်တို့ကိုမခုခံနိုင်။''
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ဘက်၌စစ်ကူတိုက်မည်ဖြစ်သောကြောင့် သူတို့ကိုမကြောက်နှင့်' ဟူ၍မှာကြား၏။''
အားမာန်တင်း၍ရဲရင့်ခြင်းရှိကြလော့။ ထို လူမျိုးတို့ကိုမကြောက်ရွံ့ကြနှင့်။ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားကိုယ်တော် တိုင် သင်တို့နှင့်အတူရှိတော်မူမည်။ သင်တို့ ကိုမုချကူမတော်မူမည်။ စွန့်ပစ်ထား တော်မူမည်မဟုတ်'' ဟူ၍ဖြစ်၏။
လူတစ်ထောင်တပ်ကိုလူတစ်ယောက် ကလည်းကောင်း၊ လူတစ်သောင်းတပ်ကိုလူနှစ်ယောက်တို့ ကလည်းကောင်း အဘယ်ကြောင့်နှိမ်နင်းနိုင်ခဲ့သနည်း။ သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့အားစွန့်ပစ်တော်မူသောကြောင့်တည်း။ သူတို့၏တန်ခိုးကြီးသောဘုရားသခင်သည် သူတို့အားရန်သူလက်သို့အပ်တော်မူ သောကြောင့်တည်း။
ဣသရေလတပ်သားများတိုက်ခိုက်သဖြင့် အာမောရိတပ်သားတို့သည် တောင်ကြားလမ်း သို့ဆင်းပြေးကြစဉ်အဇေကာမြို့အထိ လမ်းတစ်လျှောက်လုံးတွင်ကောင်းကင်မှမိုးသီး လုံးကြီးများကိုသူတို့အပေါ်သို့ထာဝရ ဘုရားရွာကျစေတော်မူ၏။ မိုးသီးဒဏ် ကြောင့်သေသူတို့သည် ဣသရေလအမျိုး သားတို့၏လက်ချက်ကြောင့်သေသူတို့ ထက်ပို၍များသတည်း။
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည် ဣသရေလအမျိုးသား တို့ဘက်မှကူညီတိုက်ခိုက်သောကြောင့် ယောရှု သည်ထိုမင်းအပေါင်းတို့နှင့်သူတို့၏တိုင်း ပြည်များကိုဆက်တိုက်နှိမ်နင်းအောင်မြင် ခဲ့သည်။-
သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်ကတိတော်ရှိသည်အတိုင်း သင်တို့ အတွက်စစ်တိုက်တော်မူသဖြင့်သင်တို့ အထဲမှသူရဲတစ်ယောက်က ရန်သူတစ် ထောင်ကိုကစဥ့်ကလျားထွက်ပြေးစေ နိုင်၏။-
ဣသရေလအမျိုးသားတို့သည်ဖိလိတ္တိ အမျိုးသားတို့အား ဗေသဝင်မြို့လွန်အောင် လိုက်လံတိုက်ခိုက်ကြ၏။ ထိုနေ့၌ထာဝရ ဘုရားသည်ဣသရေလအမျိုးသား တို့အားကယ်တင်တော်မူသတည်း။