Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 10:11 - Common Language Bible

11 ဣ​သ​ရေ​လ​တပ်​သား​များ​တိုက်​ခိုက်​သ​ဖြင့် အာ​မော​ရိ​တပ်​သား​တို့​သည် တောင်​ကြား​လမ်း သို့​ဆင်း​ပြေး​ကြ​စဉ်​အ​ဇေ​ကာ​မြို့​အ​ထိ လမ်း​တစ်​လျှောက်​လုံး​တွင်​ကောင်း​ကင်​မှ​မိုး​သီး လုံး​ကြီး​များ​ကို​သူ​တို့​အ​ပေါ်​သို့​ထာ​ဝ​ရ ဘု​ရား​ရွာ​ကျ​စေ​တော်​မူ​၏။ မိုး​သီး​ဒဏ် ကြောင့်​သေ​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​လက်​ချက်​ကြောင့်​သေ​သူ​တို့ ထက်​ပို​၍​များ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ထို သို့ ဣ သ ရေ လ တပ် ရှေ့ ဗေ သော ရုန် မြို့ အ ဆင်း လမ်း ဖြင့် ပြေး ကြ စဉ်၊ ထာ ဝ ရ ဘု ရား သည် အ ဇေ ကာ မြို့ တိုင် အောင် လမ်း တစ် လျှောက် ကြီး စွာ သော မိုး သီး များ ကို သွန် ချ တော် မူ သည် နှင့် မိုး သီး ကြောင့် သေ သူ တို့ သည် ဣ သ ရေ လ အ မျိုး သား တို့ ဓား ကြောင့် သေ သည် ထက် များ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ထို​သူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ရှေ့​မှာ​ပြေး၍ ဗေ​သော​ရုန်​မြို့​သို့ ဆင်း​သွား​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​မှ ကြီး​စွာ​သော မိုး​သီး​ကို အ​ဇေ​ကာ​မြို့​တိုင်​အောင် သူ​တို့​အ​ပေါ်၌ ချ​တော်​မူ၍၊ သူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့၏ ဓား​ကြောင့်​သေ​သည်​ထက် မိုး​သီး​ကြောင့် သာ၍​သေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထို​သူ​တို့​သည် အစ္စရေး​စစ်သည်​တို့​ရှေ့​မှ ထွက်ပြေး​ကြ​၍ ဗေသောရုန်​မြို့​မှ ဆင်းသွား​ရာ​လမ်း​တွင် အဇေကာ​မြို့​တိုင်အောင် ထာဝရဘုရား​သည် ကောင်းကင်​မှ မိုးသီးလုံးကြီး​များ​ကို သူ​တို့​အပေါ် ကျ​စေ​တော်မူ​သဖြင့် သူ​တို့​သေ​ကုန်​၏​။ အစ္စရေး​အမျိုးသား​တို့​၏​ဓား​ဖြင့်​သေ​သော​သူ​ထက် မိုးသီး​ကြောင့်​သေ​သော​သူ​ပိုများ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 10:11
17 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​၌​ထာ​ဝ​ရ​ဘု​ရား​သည် သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​များ​ပေါ်​သို့ ကန့်​မီး​မိုး​ကို​ရွာ​ချ​စေ​တော်​မူ​သ​ဖြင့်၊-


တိုက်​ခိုက်​မှု​သည်​တော​တောင်​များ​သို့​ပျံ့​နှံ့ ၍​သွား​သ​ဖြင့် တော​တွင်​သေ​ဆုံး​သည့်​လူ​ဦး ရေ​မှာ​တိုက်​ပွဲ​တွင်​ကျ​ဆုံး​သည့်​ဦး​ရေ​ထက် ပင်​များ​လေ​သည်။


သင်သည် မိုဃ်းပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဘူး သလော။


ဘေးရောက်ရာအချိန်ကာလနှင့် စစ်ပြိုင်၍ တိုက်ရာအချိန်ကာလဘို့၊ ငါသိုထားသော မိုဃ်းသီးဘဏ္ဍာ များကို မြင်ဘူးသလော။


ကိုယ်​တော်​သည်​သူ​ယုတ်​မာ​တို့​အ​ပေါ်​သို့ မီး​ကျီး​ခဲ​များ​ကို​လည်း​ကောင်း၊ပူ​လောင်​လှ​သည့် မီး​လျှံ​ကို​လည်း​ကောင်း​ကျ​စေ​တော်​မူ​၏။ သူ​တို့​အား​ပူ​လောင်​လှ​သော​လေ​ပူ​ဖြင့် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။


ကိုယ်​တော်​သည်​မိုး​သီး​များ​ကို​မုန့်​ကျိုး မုန့်​ပဲ့​များ​သ​ဖွယ်​ကျ​စေ​တော်​မူ​၏။ ကိုယ်​တော်​ရှင်​စေ​လွှတ်​တော်​မူ​လိုက်​သည့် အ​အေး​ဋ္ဌာတ်​ကို​အ​ဘယ်​သူ​မျှ​မ​ခံ နိုင်​ပေ။


ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​တိုက်​ခိုက် စေ​ရန် တန်​ခိုး​ခွန်​အား​ကြီး​မား​သူ​တစ်​ဦး ကို​အ​သင့်​ထား​ရှိ​တော်​မူ​၏။ ထို​သူ​သည် မိုး​သီး​မုန်​တိုင်း​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟုန် ပြင်း​သည့်​မိုး​ကဲ့​သို့​လည်း​ကောင်း၊ ထိန်း​ချုပ် ၍​မ​ရ​နိုင်​သည့်​မြစ်​လျှံ​ရေ​ကဲ့​သို့​လည်း ကောင်း တစ်​ပြည်​လုံး​ကို​လွှမ်း​ခြုံ​နှိမ်​နင်း ပစ်​လိမ့်​မည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​ပေ​ရ​ဇိမ်​တောင်​နှင့် ဂိ​ဗောင်​ချိုင့်​ဝှမ်း​တွင် ပြု​တော်​မူ​ခဲ့​သည့်​နည်း တူ​စစ်​ချီ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည် မိ​မိ​ပြု​ရန်​ရှိ​သည့်​အ​မှု​ကို​ပြီး​ပြတ်​အောင် ဆောင်​ရွက်​တော်​မူ​လိမ့်​မည်။ ထို​အ​မှု​ကား နက်​နဲ​သိမ်​မွေ့​သည့်​အ​ရာ​ဖြစ်​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​လူ​အ​ပေါင်း​တို့​အား အာ​နု​ဘော်​တော်​နှင့်​ပြည့်​ဝ​သည့်​အ​သံ​တော် ကို​ကြား​စေ​တော်​မူ​၍ မိ​မိ​၏​အ​မျက်​တော် အ​ရှိန်​ကို​ခံ​စား​စေ​တော်​မူ​လိမ့်​မည်။ မီး တောက်​မီး​လျှံ​များ၊ မိုး​ထစ်​ချုန်း​မှု၊ မိုး​သီး များ​ကျ​မှု​နှင့်​သည်း​ထန်​စွာ​မိုး​ရွာ​သွန်း မှု​ကို​ဖြစ်​ပွား​စေ​တော်​မူ​လိမ့်​မည်။-


ထို​မြို့​ရိုး​သည်​ပြို​ကျ​ရ​လိမ့်​မည်​ဖြစ်​ကြောင်း ထို​မြို့​ရိုး​ကို​ထုံး​သုတ်​သူ​တို့​အား​ဆင့်​ဆို လော့။ ငါ​သည်​မိုး​သည်း​ထန်​စွာ​ရွာ​သွန်း​စေ မည်။ မိုး​သီး​များ​သည်​မြို့​ရိုး​ပေါ်​သို့​ကျ လျက်​လေ​ပြင်း​မုန်​တိုင်း​တိုက်​ခတ်​လာ သ​ဖြင့်၊-


သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ချီ​တက်​တော်​မူ​မည်​ဖြစ်​၍ သင်​တို့​အား​အောင်​ပွဲ​ကို​ခံ​စေ​တော်​မူ​လိမ့်​မည်' ဟု​တပ်​သား​တို့​ကို​အား​ပေး​နှိုး​ဆော်​ရ​မည်။


ထို​အ​ခါ​ကောင်း​ကင်​ဘုံ​၌​ဘု​ရား​သ​ခင် ၏​ဗိ​မာန်​တော်​တံ​ခါး​သည်​ပွင့်​၍​လာ​သ​ဖြင့် ဗိ​မာန်​တော်​ထဲ​က​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ငါ​မြင်​ရ​၏။ ထို​နောက်​လျှပ်​စစ်​များ​ပြက် ခြင်း၊ မိုး​ခြိမ်း​ခြင်း၊ မြေ​င​လျင်​လှုပ်​ခြင်း၊ မိုး သီး​မုန်​တိုင်း​ကြီး​ကျ​ခြင်း​များ​ဖြစ်​လေ သည်။


ကောင်း​ကင်​မှ​ပေါင်​တစ်​ရာ​မျှ​အ​လေး​ချိန်​ရှိ​သော မိုး​သီး​ကြီး​များ​သည်​လူ​တို့​အ​ပေါ်​သို့​ကျ​ကုန် ၏။ လူ​တို့​သည်​ထို​ဆိုး​ရွား​လှ​သော​မိုး​သီး​ဘေး ဒဏ်​ကြောင့်​ဘု​ရား​သ​ခင်​ကို​ကျိန်​ဆဲ​ကြ​၏။


ကြယ်​နက္ခတ်​တို့​သည်​ကောင်း​ကင်​ပြင်​မှ တိုက်​ခိုက်​ကြ​၏။ သူ​တို့​သည်​မိုး​ကောင်း​ကင်​ကို​ဖြတ်​သန်း​သွား​စဉ် သိ​သ​ရ​ကို​တိုက်​ခိုက်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ