တရားဟော 20:4 - မြန်မာ့စံမီသမ္မာကျမ်း4 အကြောင်းမူကား သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူကြွချီ၍ သင်တို့အတွက် သင်တို့၏ရန်သူတို့ကို တိုက်ခိုက်တော်မူမည်ဖြစ်သောကြောင့် သင်တို့အောင်ပွဲခံရလိမ့်မည်’ဟု ပြောကြားရမည်။ အခန်းကိုကြည့်ပါ။Common Language Bible4 သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူချီတက်တော်မူမည်ဖြစ်၍ သင်တို့အားအောင်ပွဲကိုခံစေတော်မူလိမ့်မည်' ဟုတပ်သားတို့ကိုအားပေးနှိုးဆော်ရမည်။ အခန်းကိုကြည့်ပါ။Garrad Bible4 သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ဘေး လွတ် စေ ခြင်း ငှါ၊ ဗိုလ် ထု နှင့် တ ကွ ကြွ ချီ၍၊ ရန် သူ တို့ ကို စစ် တိုက် တော် မူ လိမ့် မည် ဟု နှိုး ဆော် ပြီး မှ၊ အခန်းကိုကြည့်ပါ။Judson Bible4 အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ရန်သူတို့ကိုစစ်တိုက်၍ သင်တို့ကို ကယ်တင်ခြင်းအလိုငှာ၊ သင်တို့နှင့်အတူ ကြွတော်မူသည်ဟု လူတို့အားပြောဆိုရကြမည်။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်သည် ငါတို့နှင့်အတူ ရှိတော်မူသော ငါတို့၏ခေါင်းဆောင် ဖြစ်၏။ ယဇ်ပုရောဟိတ်များသည်လည်း သင်တို့နှင့်တိုက်ခိုက်ရန် တံပိုးခရာမှုတ်၍စစ်ငြာသံပေးလျက် ရှိ၏။ အို အစ္စရေးအမျိုးတို့၊ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားနှင့် စစ်မတိုက်ကြနှင့်။ သင်တို့အောင်နိုင်မည်မဟုတ်”ဟု အော်ပြော၏။
ထိုသူတို့သည် အစ္စရေးစစ်သည်တို့ရှေ့မှ ထွက်ပြေးကြ၍ ဗေသောရုန်မြို့မှ ဆင်းသွားရာလမ်းတွင် အဇေကာမြို့တိုင်အောင် ထာဝရဘုရားသည် ကောင်းကင်မှ မိုးသီးလုံးကြီးများကို သူတို့အပေါ် ကျစေတော်မူသဖြင့် သူတို့သေကုန်၏။ အစ္စရေးအမျိုးသားတို့၏ဓားဖြင့်သေသောသူထက် မိုးသီးကြောင့်သေသောသူပိုများ၏။