မင်းကြီးသည်ဤသို့ပြည်သူတို့အားအလေး ဂရုမပြုဘဲနေတော်မူခြင်းမှာ ပရောဖက် အဟိယအားဖြင့်ယေရောဗောင်အားကိုယ်တော် ပေးတော်မူခဲ့သည့်ကတိတော်ကို အကောင် အထည်ပေါ်စေရန်ထာဝရဘုရားအလို ရှိတော်မူသောကြောင့်ဖြစ်၏။
တရားဟော 2:30 - Common Language Bible ``သို့သော်လည်းရှိဟုန်ဘုရင်သည် ငါတို့အား သူ၏ပြည်ကိုဖြတ်သန်းခွင့်မပေး။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ထိုမင်း ကိုခေါင်းမာစေတော်မူသဖြင့် ငါတို့သည်သူ့ ကိုတိုက်ခိုက်အောင်မြင်၍ သူ၏ပြည်ကိုသိမ်း ပိုက်ကာယနေ့တိုင်နေထိုင်လျက်ရှိကြသည်။'' Garrad Bible ယ ခု ဖြစ် သည့် အ တိုင်း သင် တို့ လက် တွင်း သို့ အပ် နှင်း ရန် ထို မင်း စိတ် သ ဘော ကို သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ခဲ ယဉ်း ခက် မာ စေ တော် မူ သော ကြောင့်၊ ဟေ ရှ ဘုန် မြို့ စံ ရှိ ဟုန် မင်း သည် ဖြတ် သွား ခွင့် မ ပေး လို ချေ။ Judson Bible ကျွန်ုပ်တို့လျှောက်သွားရသောအခွင့်ကို ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်မင်းသည် မပေး။ အကြောင်းမူကား၊ ယနေ့ထင်ရှားသည်အတိုင်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ထိုမင်းကို သင်တို့လက်၌အပ်ခြင်းငှာ၊ ခက်ထန်သော စိတ်သဘော၊ ခိုင်မာသောနှလုံးကို သူ၌ပေးသွင်းတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏စိတ်ကို မာကျောစေတော်မူသောကြောင့် ငါတို့ကို သူ့ပြည်ထဲမှ ဖြတ်သွားခွင့်မပြု။ ထိုသို့ သူ၏စိတ်နှလုံးကို မာကျောစေခြင်းသည် ယနေ့မြင်ရသည့်အတိုင်း သူ့ကို သင်တို့၏လက်သို့အပ်တော်မူရန်အတွက်ဖြစ်၏။ |
မင်းကြီးသည်ဤသို့ပြည်သူတို့အားအလေး ဂရုမပြုဘဲနေတော်မူခြင်းမှာ ပရောဖက် အဟိယအားဖြင့်ယေရောဗောင်အားကိုယ်တော် ပေးတော်မူခဲ့သည့်ကတိတော်ကို အကောင် အထည်ပေါ်စေရန်ထာဝရဘုရားအလို ရှိတော်မူသောကြောင့်ဖြစ်၏။
မင်းကြီးသည်ဤသို့ပြည်သူတို့၏စကား ကိုနားမထောင်ဘဲနေခြင်းမှာ ပရောဖက် အဟိယအားဖြင့်နေဗတ်၏သားယေရော ဗောင်အားပေးတော်မူသည့်ဗျာဒိတ်တော် အကောင်အထည်ပေါ်လာစေရန် ထာဝရ အရှင်ဘုရားသခင်အလိုရှိတော်မူသော ကြောင့်ဖြစ်၏။
မောရှေနှင့်အာရုန်တို့သည်ဘုရင်ရှေ့၌အံ့ ဖွယ်သောအမှုတို့ကိုပြသော်လည်း ထာဝရ ဘုရားသည်သူ့ကိုခေါင်းမာစေသဖြင့် ဣသရေလအမျိုးသားတို့အားတိုင်းပြည် မှထွက်ခွင့်မပြုဘဲနေသတည်း။
ထာဝရဘုရားကမောရှေအား``သင်သည် ယခုအီဂျစ်ပြည်သို့ပြန်မည်ဖြစ်ရာ၊ သင့် အားငါပေးထားသောတန်ခိုးဖြင့်ဖာရော ဘုရင်ရှေ့၌အံ့သြဖွယ်သောအမှုတို့ကို ပြုလော့။ ငါသည်သူ့စိတ်ကိုခိုင်မာစေသဖြင့်၊ သူသည်ဣသရေလအမျိုးသားတို့ကိုသွား ခွင့်ပြုလိမ့်မည်မဟုတ်။-
ထိုနောက်ထာဝရဘုရားကမောရှေအား``ဘုရင် သည်အလွန်ခေါင်းမာလျက်ရှိ၏။ သူသည်ဣသ ရေလအမျိုးသားတို့အားမလွှတ်ဘဲနေ၏။-
သင်တို့သည်သံကဲ့သို့တင်းမာလျက်၊ ကြေးဝါကဲ့သို့မာကြောလျက်၊ခေါင်းမာ နေကြလိမ့်မည်ကိုငါသိ၏။
သို့ရာတွင်ရှိဟုန်ဘုရင်သည်ဣသရေလ အမျိုးသားတို့အား မိမိ၏ပြည်ကိုဖြတ် သန်းခွင့်မပေးချေ။ သူသည်တောကန္တာရရှိ ယာဟတ်မြို့သို့စစ်ချီလာပြီးလျှင် ဣသရေလ အမျိုးသားတို့ကိုတိုက်ခိုက်လေသည်။-
ထိုနောက်ဣသရေလအမျိုးသားတို့သည် ဗာရှန် ပြည်ကိုဦးတည်ချီတက်ကြလေသည်။ ထိုအခါ ဗာရှန်ပြည်ဘုရင်သြဃသည်စစ်ချီ၍ ဣသ ရေလအမျိုးသားတို့ကိုဧဒြိအရပ်တွင် တိုက်ခိုက်လေသည်။-
ထာဝရဘုရားကမောရှေအား``သူ့ကိုမ ကြောက်နှင့်။ သူနှင့်တကွပြည်သူပြည်သား အပေါင်းတို့ကိုလည်းကောင်း၊ သူ၏ပြည်ကို လည်းကောင်းသင့်လက်၌ငါအပ်ပေးမည်။ သင်သည်ဟေရှဘုန်မြို့တွင်စိုးစံသော အာ မောရိဘုရင်ရှိဟုန်အားပြုသကဲ့သို့သူ့ အားပြုလော့'' ဟုမိန့်တော်မူ၏။-
``ထို့နောက်ထာဝရဘုရားက ငါ့အား`ငါသည် ရှိဟုန်ဘုရင်နှင့်သူ၏ပြည်ကိုသင်၏လက်သို့ အပ်တော်မူမည်။ သူ၏ပြည်ကိုသိမ်းယူလော့' ဟုမိန့်တော်မူ၏။-
သို့ရာတွင်ရှိဟုန်မင်းကခွင့်မပြုချေ။ သူ သည်မိမိ၏တပ်မတော်တစ်ခုလုံးကိုစုရုံး စေပြီးလျှင် ယာဟတ်မြို့သို့လာရောက်စခန်း ချကာဣသရေလအမျိုးသားတို့အား တိုက်ခိုက်လေသည်။-