Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 2:28 - Common Language Bible

28-29 ကျွန်ုပ်​တို့​သည် အ​စာ​ရေ​စာ​ကို​ဝယ်​ယူ​စား​သုံး ပါ​မည်။ ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​သို့​ရောက်​ရန် ယော်​ဒန်​မြစ် ကို​မ​ကူး​မီ​မင်း​ကြီး​၏​တိုင်း​ပြည်​ကို​ဖြတ်​သန်း ရုံ​ဖြတ်​သန်း​ခွင့်​ပေး​ပါ​လော့။ ဧဒုံ​ပြည်​တွင်​နေ​ထိုင် သော​ဧ​သော​၏​အ​ဆက်​အ​နွယ်​တို့​သည်​လည်း ကောင်း၊ အာ​ရ​ပြည်​တွင်​နေ​ထိုင်​သော​မော​ဘ အ​မျိုး​သား​တို့​သည်​လည်း​ကောင်း ကျွန်ုပ်​တို့ အား​သူ​တို့​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​ပေး​ခဲ့ ကြ​ပါ​သည်' ဟူ​၍​ငြိမ်း​ချမ်း​ရေး​စ​ကား​ကမ်း လှမ်း​ခဲ့​သည်။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28-29 စိ ရ တောင် တွင် နေ ထိုင် သော ဧ သော့ အ မျိုး သား တို့ နှင့်၊ အာ ရ ပြည် တွင် နေ ထိုင် သော မော ဘ လူ မျိုး တို့ ပြု လိုက် ကြ သည့် နည်း တူ၊ ကျွန် တော် တို့ အား ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော ပြည် ရောက်၊ ယော် ဒန် မြစ် ကို မ ကူး မ ချင်း၊ ခြေ လျင် ဖြတ် သွား ခွင့် ပေး လျက် တန် ဖိုး ယူ၍၊ သုံး သောက် ရန် ခဲ ဖွယ် သောက် ဖွယ် ကို ရောင်း တော် မူ ပါ ဟု မိတ် သ ဟာ ယ စ ကား ကို ကြား လိုက် သော် လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28-29 စိ​ရ​ပြည်၌​နေ​သော​ဧ​သော​အ​မျိုး​သား၊ အာ​ရ​ပြည်၌​နေ​သော မော​ဘ​အ​မျိုး​သား​တို့​သည် ကျွန်ုပ်၌​ပြု​သ​ကဲ့​သို့ ကျွန်ုပ်​စား​ဖို့​ရာ​အ​စာ​ကို​လည်း​ကောင်း၊ သောက်​ဖို့​ရာ​ရေ​ကို​လည်း​ကောင်း၊ မင်း​ကြီး​သည် ငွေ​နှင့်​ရောင်း​ပါ​လော့။ ကျွန်ုပ်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​သို့ ကျွန်ုပ်​သည် ယော်​ဒန်​မြစ်​ကို​ကူး၍ မ​ရောက်​မီ​တိုင်​အောင် မင်း​ကြီး​ပြည်​အ​လယ်၌ ခြေ​ဖြင့်​သွား​ရုံ​မျှ​သာ​ပြု​ပါ​မည်​ဟု မိတ်​သ​ဟာ​ယ​စ​ကား​နှင့် ပြော​ဆို​သော်​လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28-29 စိရ​ပြည်​၌​နေထိုင်​ကြ​သော ဧသော​သားမြေး​တို့​နှင့် အာရ​ပြည်​၌​နေထိုင်​ကြ​သော မောဘ​လူမျိုး​တို့​ပြု​သည့်​နည်းတူ အကျွန်ုပ်​တို့​စား​ဖို့ အစားအစာ​၊ အကျွန်ုပ်​တို့​သောက်​ဖို့​ရေ​ကို အကျွန်ုပ်​တို့​အား ငွေ​ဖြင့်​ရောင်း​ပေး​ပါ​။ အကျွန်ုပ်​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​၍ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​သို့​မ​ရောက်​မီ​တိုင်အောင် အရှင့်​ပြည်​ကို ခြေ​ဖြင့်​ဖြတ်သွား​ရုံသာ​ဖြတ်သွား​ပါ​မည်​’​ဟု ငြိမ်းချမ်းရေး​စကား​ကို ပြောဆို​သော်လည်း

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 2:28
3 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​ပေး​တော် မူ​ပါ။ အ​ကျွန်ုပ်​တို့​နှင့်​တ​ကွ​သိုး၊ နွား၊ တိ​ရစ္ဆာန် တို့​သည်​ကိုယ်​တော်​၏​လယ်​များ၊ စ​ပျစ်​ဥ​ယျာဉ် များ​ကို​ဖြတ်​သန်း​ခြင်း​ပြု​မည်​မ​ဟုတ်​ပါ။ ရေ​တွင်း​များ​မှ​ရေ​ကို​လည်း​သောက်​သုံး​မည် မ​ဟုတ်​ပါ။ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏ ပိုင်​နက်​လွန်​သည် အ​ထိ​လမ်း​မ​ကြီး​အ​တိုင်း ဖြတ်​သန်း​သွား​ပါ​မည်'' ဟု​လျှောက်​ထား ကြ​လေ​သည်။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``အ​ကျွန်ုပ်​တို့ သည်​လမ်း​မ​ကြီး​အ​တိုင်း​သာ​ဖြတ်​သန်း​သွား ကြ​ပါ​မည်။ အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​၏ တိ​ရစ္ဆာန်​များ​သည် ကိုယ်​တော်​၏​ပြည်​မှ​ရေ​ကို သောက်​သုံး​မိ​လျှင်​ရေ​ဖိုး​ကို​ပေး​ပါ​မည်။ ဖြတ်​သန်း​ခွင့်​ကို​သာ​ပေး​တော်​မူ​ပါ'' ဟု လျှောက်​ထား​ကြ​လေ​သည်။


`ကျွန်ုပ်​တို့​အား သင်​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​ပေး လော့။ ကျွန်ုပ်​တို့​သည် မင်း​ကြီး​၏​ပြည်​ကို​လမ်း​မ ကြီး​အ​တိုင်း​သာ​ဖြတ်​သန်း​သွား​ပါ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ