သူ့အားထောင်သွင်းအကျဉ်းချကာကောင်း မွန်ချောမောစွာ ငါပြန်လည်ရောက်ရှိလာချိန် တိုင်အောင်မုန့်နှင့်ရေကိုသာကျွေးမွေးထား ရန်သူတို့အားမှာကြားလော့'' ဟုအမိန့် ပေးတော်မူ၏။
တရားဟော 16:3 - Common Language Bible သင်တို့သည်အီဂျစ်ပြည်မှအဆောတလျင် ထွက်ခွာလာခဲ့ရစဉ်က တဆေးမပါသော မုန့်ကိုစားသကဲ့သို့ ပသခါပွဲကိုခံရာတွင် တဆေးမပါသောမုန့်ကိုခုနစ်ရက်တိုင်တိုင် စားရမည်။ သင်တို့သည်ဆင်းရဲဒုက္ခခံရာ အီဂျစ်ပြည်မှထွက်ခွာလာရသောနေ့ကို တစ်သက်လုံးသတိရစေရန် ဆင်းရဲဒုက္ခ တည်းဟူသောတဆေးမပါသောမုန့် ကိုစားကြလော့။- Garrad Bible အိ ဂျစ် ပြည် မှ အ လန့် တ ကြား ထွက် လာ ရ သည့် အ လျောက်၊ ထို ပြည် မှ ထွက် လာ သည့် နေ့ ရက် ကို တစ် သက် ပတ် လုံး သ တိ ရ အံ့ သော ငှါ၊ ခု နစ် ရက် အ တွင်း၊ တ ဆေး ခတ် သော မုန့် ကို မ သုံး ဆောင် ဘဲ၊ ခြိုး ခြံ ခြင်း မုန့် တည်း ဟူ သော တ ဆေး မဲ့ မုန့် ကို သာ သုံး ဆောင် ကြ ရ မည်။ Judson Bible သင်သည် အဲဂုတ္တုပြည်မှထွက်လာသောနေ့ရက်ကို တစ်သက်လုံးအောက်မေ့ဖို့ရာ ပသခါပွဲခံစဉ်၊ တဆေးပါသောမုန့်ကို မစားရဘဲ၊ တဆေးမပါသော မုန့်တည်းဟူသော ဒုက္ခမုန့်ကို ခုနစ်ရက်ပတ်လုံးစားရမည်။ အကြောင်းမူကား၊ သင်သည် အဲဂုတ္တုပြည်မှ အလျင်တဆော ထွက်လာသတည်း။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် အီဂျစ်ပြည်မှ အလျင်စလိုထွက်လာသောကြောင့် တဆေးမဲ့ဆင်းရဲဒုက္ခမုန့်ကိုစားခဲ့ရ၏။ သို့ဖြစ်၍ သင်အသက်ရှင်သမျှကာလပတ်လုံး အီဂျစ်ပြည်မှထွက်လာသောနေ့ကိုအောက်မေ့မည့်အကြောင်း ခုနစ်ရက်ပတ်လုံး ပသခါယဇ်ကိုတဆေးမဲ့မုန့်နှင့်စားရမည်။ |
သူ့အားထောင်သွင်းအကျဉ်းချကာကောင်း မွန်ချောမောစွာ ငါပြန်လည်ရောက်ရှိလာချိန် တိုင်အောင်မုန့်နှင့်ရေကိုသာကျွေးမွေးထား ရန်သူတို့အားမှာကြားလော့'' ဟုအမိန့် ပေးတော်မူ၏။
ကိုယ်တော်ရှင်၏ပြင်းထန်သောအမျက်တော် ကြောင့် ကျွန်တော်မျိုးသည်ပြာကိုအစားအစာ အဖြစ်ဖြင့် စားရပါ၏။ စပျစ်ရည်ကိုလည်းမျက်ရည်နှင့်ရော၍သောက် ရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ချီးမြှောက်တော်မူပြီးမှပစ်ချတော်မူပါ၏။
ပြုတော်မူသောအံ့သြဖွယ်အမှုအရာတို့ကို မမေ့လျော့စေရန်စီရင်တော်မူပြီ။ ကိုယ်တော်သည်သနားကြင်နာတော်မူ၍ ကရုဏာတော်နှင့်ပြည့်ဝတော်မူ၏။
အသက်မွေးဝမ်းကျောင်းမှုအတွက် နံနက်စောစောထ၍ ညဥ့်နက်သည်တိုင်အောင်ပင်ပန်းစွာအလုပ် လုပ်ရခြင်းသည်အချည်းနှီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် မိမိချစ်တော်မူသောသူတို့အိပ်စက်နေစဉ် သူတို့လိုအပ်သောအရာများကို ပေးသနားတော်မူသောကြောင့်ဖြစ်၏။
သင်တို့သည်ခါးကိုစည်း၍ဖိနပ်ကိုစီး လျက်လက်ထဲတွင်တောင်ဝှေးကိုကိုင်ပြီးလျှင် ထိုအသားကိုအလျင်အမြန်စားကြရမည်။ ထိုပွဲတော်သည်ထာဝရဘုရား၏ပသခါ ပွဲတော်ဖြစ်၏။
ငါသည်ထိုနေ့တွင်သင်တို့ဗိုလ်ခြေများကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သည်ဖြစ်ခြင်း ကြောင့် ဤတဆေးမဲ့မုန့်ပွဲတော်ကိုထာဝ စဉ်ကျင်းပကြလော့။-
သူတို့သည်အီဂျစ်ပြည်မှယူဆောင်ခဲ့သော တဆေးမရောသည့်မုန့်စိမ်းဖြင့်မုန့်ဖုတ်ကြ ၏။ အီဂျစ်ပြည်မှသူတို့အားရုတ်တရက် နှင်ထုတ်လိုက်ကြသည်ဖြစ်ခြင်းကြောင့် မုန့် စိမ်း၌တဆေးရောရန်အချိန်မရခဲ့ ကြချေ။
ထိုညတွင်အသားကိုမီးကင်၍တဆေးမဲ့ မုန့်၊ ခါးသောအရွက်တို့နှင့်စားရကြမည်။-
``တဆေးမဲ့မုန့်ပွဲတော်ကိုကျင်းပရမည်။ သင် တို့သည်အဗိဗဟုခေါ်သောလတွင်အီဂျစ် ပြည်မှထွက်လာခဲ့ရသောကြောင့်၊ ထိုလ၌ ငါပညတ်သည့်အတိုင်းခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရကြမည်။
ယခုတစ်ကြိမ်တွင်သင်တို့သည်အဆောတလျင် ထွက်ခွာသွားရန်လိုလိမ့်မည်မဟုတ်။ သင်တို့သည်ထွက်ပြေးရန်ကြိုးစားရကြ လိမ့်မည်မဟုတ်။ ဣသရေလအမျိုးတို့၏ဘုရားသခင် ထာဝရ ဘုရားသည် သင်တို့ကိုလမ်းပြပို့ဆောင်တော်မူ၍၊ အဘက်ဘက်မှကာကွယ်တော်မူလိမ့်မည်။
တစ်ဆယ့်ငါးရက်မြောက်နေ့တွင်တဆေးမဲ့ မုန့်ပွဲတော်အစပြုသည်ဖြစ်၍ သင်တို့သည် ခုနစ်ရက်ပတ်လုံးတဆေးပါသောမုန့်ကို မစားရ။-
``ငါသည်ဒါဝိဒ်၏သားစဉ်မြေးဆက်များ နှင့် အခြားယေရုရှလင်မြို့သူမြို့သား တို့အားကရုဏာထားတတ်သောသဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောသဘော နှင့်ပြည့်ဝစေမည်။ သူတို့သည်မိမိတို့ဋ္ဌား နှင့်ထိုး၍သတ်ခဲ့သူကိုကြည့်ပြီးလျှင် တစ် ဦးတည်းသောသား၏အတွက်ငိုကြွေးမြည် တမ်းဘိသကဲ့သို့ ထိုသူ၏အတွက်ငိုကြွေး မြည်တမ်းကြလိမ့်မည်။ သူတို့သည်သားဦး သေဆုံးရသူများကဲ့သို့ဝမ်းနည်းပက် လက်ငိုကြွေးမြည်တမ်းကြလိမ့်မည်။-
တစ်ဆယ့်ငါးရက်နေ့မှအစပြု၍ခုနစ်ရက် တိုင်တိုင် ဋ္ဌမ္မပွဲတော်ကိုကျင်းပရမည်။ ထိုပွဲ တော်ရက်အတွင်းတဆေးမဲ့မုန့်ကိုသာစား ရမည်။-
တစ်လစောင့်ဆိုင်း၍ဒုတိယလ၊ တစ်ဆယ့်လေးရက်နေ့ညနေတွင်ပွဲခံနိုင်ခွင့်ရှိသည်။ သူသည်သိုးသားကိုတဆေးမဲ့မုန့်၊ ခါးသောဟင်းသီးဟင်းရွက်တို့နှင့်စား၍ပသခါပွဲခံရမည်။-
ထိုနောက်ကိုယ်တော်သည်မုန့်ကိုယူ၍ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ ပြီးလျှင် မုန့်ကိုဖဲ့၍တပည့်တော်တို့အား ပေးတော်မူ၏။ ကိုယ်တော်က ``ဤမုန့်ကားသင် တို့အတွက်စွန့်သောငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့သတိရရန်ဤသို့ပြု ကြလော့'' ဟုမိန့်တော်မူ၏။-
သို့ဖြစ်၍အပြစ်ဒုစရိုက်နှင့်ယုတ်မာသော အကျင့်တည်းဟူသောတဆေးဟောင်းပါသည့် မုန့်နှင့်မဟုတ်ဘဲ ဖြူစင်ခြင်းနှင့်သမ္မာတရား တည်းဟူသောတဆေးမဲ့မုန့်နှင့်ပသခါပွဲ တော်ကိုကျင်းပကြကုန်အံ့။
သင်တို့သည်ကိုးကွယ်ရာတစ်ခုတည်းသော ဌာနသို့သွား၍ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန် ထိုဌာနတွင်နွားသို့မဟုတ်သိုးကိုသတ် ၍ပသခါပွဲကိုကျင်းပလော့။-
သင်တို့သည်သတိရှိကြလော့။ သင်တို့ကိုယ် တိုင်မြင်ခဲ့သမျှတို့ကို တစ်သက်လုံးမမေ့ စေရန်သတိပြုကြလော့။-
သင်တို့သည်ငါတို့၏ပုံစံနှင့်သခင်ဘုရား ၏ပုံစံတော်အတိုင်းလိုက်လျှောက်ခဲ့ကြ၏။ သင်တို့သည်များစွာဆင်းရဲဒုက္ခရောက်ရ ကြသော်လည်း သန့်ရှင်းသောဝိညာဉ်တော်မှ ရသောဝမ်းမြောက်ခြင်းဖြင့်တရားတော် ကိုခံယူကြ၏။-
သင်တို့ကထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ယော်ဒန်မြစ်ကိုဖြတ်ကူးစဉ်အခါက မြစ်ရေစီးရပ်တန့်သွားကြောင်းပြန်ပြောရ ကြမည်။ ဤကျောက်တုံးများသည်ဤအရပ် တွင်ဖြစ်ပျက်ခဲ့သမျှတို့ကိုဣသရေလ အမျိုးသားတို့အားအစဉ်သတိရစေ လိမ့်မည်'' ဟုဆို၏။