ဆင်းရဲသူတို့အတွက်စိုးရိမ်ကြောင့်ကြသောသူသည် မင်္ဂလာရှိ၏။ ထိုသူဒုက္ခရောက်သောအခါထာဝရဘုရား ကူမတော်မူလိမ့်မည်။
တရားဟော 14:29 - Common Language Bible ထိုအစားအစာများသည် ကိုယ်ပိုင်ပစ္စည်းဟူ၍ မရှိသောလေဝိအမျိုးသားများ၊ သင်တို့မြို့ ရွာတွင်နေထိုင်ကြသောလူမျိုးခြားသား များ၊ မိဘမဲ့ကလေးများ၊ မုဆိုးမများ အတွက်ဖြစ်သည်။ သူတို့သည်ထိုအစား အစာများမှ လိုအပ်သလောက်ယူ၍စား သုံးနိုင်၏။ ဤသို့ပြုလျှင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဆောင် ရွက်သမျှကိုကောင်းချီးပေးတော်မူလိမ့် မည်။'' Garrad Bible သင် တို့ ဘောင် တွင် အ မွေ ဝေ ပုံ စု မ ရ သော လေ ဝိ ဂိုဏ်း သား မှ စ သော တံ ခါး အ တွင်း ဝင် နေ သူ၊ ဘ သက် ဆိုး၊ မု ဆိုး မ များ တို့ အား ဝင် ရောက် လျက် ဝ စွာ စား သောက် ခွင့် ပေး ကြ သည် နှင့် ပြု လေ ရာ ရာ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကောင်း ကြီး မင်္ဂ လာ ပေး တော် မူ လိမ့် မည်။ Judson Bible သင်တို့နှင့်ရော၍ အဖို့မရှိ၊ အမွေကို မခံရသော လေဝိသား၊ သင်တို့နေရာအရပ်၌ရှိသော တစ်ပါးအမျိုးသား၊ မိဘမရှိသောသူငယ်၊ မုဆိုးမများတို့သည် လာ၍ ဝစွာစားရကြမည်။ သို့ဖြစ်လျှင် သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည်၊ သင်တို့ပြုလေရာရာ၌ ကောင်းချီးပေးတော်မူမည်။ မြန်မာ့စံမီသမ္မာကျမ်း သို့ပြုလျှင် သင်တို့တွင် အမွေဝေစုမရသောလေဝိအမျိုး၊ သင့်မြို့၌ရှိသော တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် လာပြီး ဝလင်စွာစားနိုင်မည်။ ဤအမှုကိုထောက်၍ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ပြုလေရာရာ၌ သင့်အားကောင်းချီးပေးတော်မူမည်။ |
ဆင်းရဲသူတို့အတွက်စိုးရိမ်ကြောင့်ကြသောသူသည် မင်္ဂလာရှိ၏။ ထိုသူဒုက္ခရောက်သောအခါထာဝရဘုရား ကူမတော်မူလိမ့်မည်။
ထာဝရဘုရားသည်သူ့အား ကွယ်ကာစောင့်ထိန်းတော်မူ၍သူ၏အသက်ကို စောင့်ထိန်းတော်မူလိမ့်မည်။ ကိုယ်တော်သည်သူ့အားပြည်တော်တွင်ဝမ်း မြောက်စွာ နေရသောအခွင့်ကိုပေးတော်မူလိမ့်မည်။ ရန်သူတို့၏လက်သို့အပ်တော်မူမည်မဟုတ်။
သူတို့သည်မုဆိုးမများနှင့်မိဘမဲ့ သူတို့အား သတ်ဖြတ်ကြပါ၏။ ကျွန်တော်မျိုးတို့ပြည်တွင်နေထိုင်ကြသော ဧည့်သည်တို့ကိုသတ်ကြပါ၏။
စွန့်ကြဲသော်လည်း ဥစ္စာတိုးပွါး တတ်သော သူရှိ၏။ အထောက်မတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သော သူလည်းရှိ၏။
ဆင်းရဲသားကို သနားသောသူသည် ထာဝရ ဘုရားအား ချေးငှါးသောသူဖြစ်၍၊ သူပြုသောအမှု၏ အကျိုးကိုဆပ်ပေးတော်မူလိမ့် မည်။
သုစရိုက်ကိုပြုကြလော့။ ဖိနှိပ်ချုပ်ချယ်ခြင်းခံရသူတို့ကိုကူမ၍မိဘမဲ့သူများနှင့်မုဆိုးမတို့၏ အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးမှုရှိအောင်ပြုကြလော့'' ဟုမိန့်တော်မူပါ၏။
သူတို့အားတိုင်းရင်းသားချင်းကဲ့သို့ဆက်ဆံ၍ ကိုယ်နှင့်အမျှချစ်ခင်ရမည်။ သင်တို့သည်လည်း အီဂျစ်ပြည်တွင်သူစိမ်းတစ်ရံဆံအဖြစ်နေ ထိုင်ခဲ့ရဖူးကြောင်းကိုသတိရကြလော့။ ငါ သည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။
ထာဝရဘုရားကအာရုန်အား``ဣသရေလ နိုင်ငံတွင် သင်အမွေခံရန်ပစ္စည်း၊ သင်ပိုင်မြေ ရလိမ့်မည်မဟုတ်။ ငါထာဝရဘုရားသည် သင်မှီခိုအားထားရာဖြစ်သည်'' ဟုမိန့်တော် မူ၏။
သို့ရာတွင်သင်တို့၏ပန်းကန်ခွက်ယောက် များတွင်ရှိသည့်အရာများကိုဆင်းရဲသူ များအားပေးကမ်းကြလော့။ သို့ပြုလျှင် အရာခပ်သိမ်းတို့သည်သင်တို့အတွက်သန့် စင်လိမ့်မည်။''
သင်တို့မူကားရန်သူကိုချစ်ကြလော့။ ကျေးဇူး ပြုကြလော့။ တစ်စုံတစ်ရာကိုပြန်လည်ရရှိရန် မမျှော်လင့်ဘဲချေးငှားကြလော့။ ယင်းသို့ပြုပါ မူသင်တို့သည်ကြီးမြတ်သောဆုလာဘ်ကိုရ လျက်အမြင့်မြတ်ဆုံးသောဘုရားရှင်၏သား များဖြစ်ကြလိမ့်မည်။ ထိုအရှင်သည်ကျေးဇူး မသိတတ်သူများ၊ ဆိုးညစ်သူများအား ကျေးဇူးပြုတော်မူ၏။-
ထိုအကြောင်းကြောင့်လေဝိအမျိုးသားတို့ သည်အခြားအမျိုးသားချင်းတို့နည်းတူ နယ်မြေသီးခြားမရခဲ့ကြချေ။ သင်တို့၏ ဘုရားသခင်ထာဝရဘုရား၏ကတိတော် အတိုင်း သူတို့သည်ထာဝရဘုရား၏ယဇ် ပုရောဟိတ်များဖြစ်ရသည့်အခွင့်ထူးကို ရရှိကြလေသည်။)
ထိုနောက်သင်တို့၏သားသမီးများ၊ ကျေးကျွန် များ၊ သင်တို့၏မြို့များတွင်နေထိုင်သောလေဝိ အမျိုးသားများနှင့်အတူ ကိုယ်တော်၏ရှေ့ တော်၌ဝမ်းမြောက်ကြလော့။ လေဝိအမျိုး သားတို့တွင်ကိုယ်ပိုင်မြေရှိကြမည်မဟုတ် ကြောင်းသတိရကြလော့။-
``သင်တို့၏မြို့ရွာများတွင်နေထိုင်ကြသော လေဝိအမျိုးသားများ၌ ကိုယ်ပိုင်ပစ္စည်းဟူ ၍မရှိသဖြင့်သူတို့အားပြုရမည့်ဝတ် မပျက်စေနှင့်။-
ထိုသူအားတွန့်တိုသောစိတ်မရှိဘဲစေတနာ ဖြင့်ပေးကမ်းလော့။ ထိုအခါ၌ထာဝရဘုရား သည်သင်ပြုသမျှကိုကောင်းချီးပေးတော် မူလိမ့်မည်။-
သင်တို့၏မြို့များတွင်နေထိုင်ကြသောသင်တို့ ၏သားသမီးများ၊ ကျေးကျွန်များ၊ လူမျိုးခြား များ၊ လေဝိအမျိုးသားများ၊ မိဘမဲ့ကလေး များ၊ မုဆိုးမများနှင့်တကွထာဝရဘုရား ၏ရှေ့တော်၌ပျော်ပွဲခံကြလော့။ ထိုပွဲတော် ကိုတစ်ခုတည်းသောဝတ်ပြုရာဌာနတော် တွင်ကျင်းပရမည်။-
သင်တို့မြို့များတွင်နေထိုင်ကြသောသင်တို့ ၏သားသမီးများ၊ ကျေးကျွန်များ၊ လေဝိ အမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ ကလေးများ၊ မုဆိုးမများနှင့်အတူတကွ ထိုပွဲတော်ကိုကျင်းပလော့။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရား အားကတိသစ္စာထားလျှင် ထိုကတိသစ္စာဝတ် ကိုဖြေရန်မနှောင့်နှေးစေနှင့်။ အကယ်၍ နှောင့်နှေးခဲ့သော်သင်၌အပြစ်ရောက်လိမ့် မည်။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့၏လုပ်ငန်းကိုကောင်းချီးပေး၍ သင်တို့၏ကျီများကိုစပါးနှင့်ပြည့်စေ တော်မူမည်။ ကိုယ်တော်သည်မိမိပေးသနား တော်မူမည့်ပြည်တွင် သင်တို့အားကောင်းချီး ပေးတော်မူမည်။
သင်တို့မစုဆောင်းဘဲ ကောင်းမွန်သောအရာ များနှင့်ပြည့်စုံသောအိမ်များကိုလည်းကောင်း၊ သင်တို့မတူးသောရေတွင်းများကိုလည်း ကောင်း၊ သင်တို့မစိုက်ပျိုးသောစပျစ်ခြံနှင့် သံလွင်ခြံများကိုလည်းကောင်း သင်တို့အား ပေးတော်မူမည်။ ထာဝရဘုရားသည်သင် တို့ကိုပို့ဆောင်၍ ထိုပြည်သို့ရောက်သဖြင့် သင်တို့သည်အစားအစာကိုဝလင်စွာ စားရသောအခါ၊-
ဧည့်သည်ဝတ်ကိုပြုရန်မမေ့ကြနှင့်။ ယင်း သို့ဧည့်ဝတ်ကိုပြုသောသူအချို့တို့သည် ကောင်းကင်တမန်များကိုအမှတ်မထင် ဧည့်ခံခဲ့ကြပေသည်။-
ခမည်းတော်ဘုရားသခင်ရှေ့တော်၌စစ်မှန် သောဘုရားတရားကြည်ညိုမှုသည်ကား ဒုက္ခ ရောက်သောမိဘမဲ့ကလေးများနှင့်မုဆိုးမ တို့ကိုကြည့်ရှုစောင့်ရှောက်ခြင်း၊ လောကီအညစ် အကြေးတို့မှကင်းစင်အောင် မိမိတို့ကိုယ်ကို စောင့်ထိန်းခြင်းတို့ပင်ဖြစ်သတည်း။