တရားဟော 15:1 - Common Language Bible1 ``ခုနစ်နှစ်လျှင်တစ်ကြိမ်မြီရှင်တို့သည် မြီစား တို့ထံမှရရှိရန်ရှိသောအကြွေးရှိသမျှ ကို သင်ပုန်းချေပယ်ပစ်ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible1-2 ခု နစ် နှစ် လျှင် တစ် ကြိမ် လည်း လွတ် ငြိမ်း ခြင်း ပြု ကြ ရ မည့် နည်း ဟူ မူ ကား၊ ထာ ဝ ရ ဘု ရား ကို ထောက်၍ လွတ် ငြိမ်း စေ ဟု ကြော် ငြာ ပြီး သော ကြောင့် မြီ ရှင် ဟူ သမျှ သည် အ ပေါင်း အ ဖော် ဆွေ မျိုး သား ချင်း တို့ ထံ၊ ချေး ငှါး ရာ ကို မ တောင်း မ ယူ ဘဲ၊ လွတ် ငြိမ်း စေ ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible1 ခုနစ်နှစ်တစ်ခါ လွှတ်ခြင်းကို ပြုရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ခုနစ်နှစ်ပြည့်သောအခါတိုင်း အကြွေးလျှော်ပစ်ခြင်းကို ပြုရမည်။ အခန်းကိုကြည့်ပါ။ |
ထိုသူတို့သည်ဥပုသ်နေ့၌ဖြစ်စေ၊ အခြား နေ့ထူးနေ့မြတ်၌ဖြစ်စေ၊ ဂျုံစပါးသို့မဟုတ် အခြားအရာတစ်စုံတစ်ခုကိုရောင်းချရန် ယူဆောင်လာပါကငါတို့သည်သူတို့ထံ မှဝယ်ယူမည်မဟုတ်ပါ။ သတ္တမမြောက်နှစ်ရောက်သည့်အခါတိုင်းငါ တို့သည်လယ်လုပ်မည်မဟုတ်ပါ။ ကြွေးမြီ ရှိသမျှကိုလည်းလျော်ပစ်ပါမည်။
သူတို့သည်မိမိဝယ်ယူထားသည့်ဟေဗြဲ ကျွန်မှန်သမျှကိုခြောက်နှစ်မျှစေစားပြီး နောက် ခုနစ်နှစ်မြောက်တွင်လွတ်လပ်ခွင့်ပေးရ ကြမည်ဖြစ်ကြောင်း သူတို့အားငါမှာကြား ခဲ့၏။ သို့ရာတွင်သင်၏ဘိုးဘေးတို့သည် ငါ့အားပမာဏမပြုကြ။ ငါပြောဆို သည့်စကားကိုလည်းနားမထောင်ကြ။-