တရားဟော 6:11 - Common Language Bible11 သင်တို့မစုဆောင်းဘဲ ကောင်းမွန်သောအရာ များနှင့်ပြည့်စုံသောအိမ်များကိုလည်းကောင်း၊ သင်တို့မတူးသောရေတွင်းများကိုလည်း ကောင်း၊ သင်တို့မစိုက်ပျိုးသောစပျစ်ခြံနှင့် သံလွင်ခြံများကိုလည်းကောင်း သင်တို့အား ပေးတော်မူမည်။ ထာဝရဘုရားသည်သင် တို့ကိုပို့ဆောင်၍ ထိုပြည်သို့ရောက်သဖြင့် သင်တို့သည်အစားအစာကိုဝလင်စွာ စားရသောအခါ၊- အခန်းကိုကြည့်ပါ။Judson Bible11 သင်မတူးသော ရေတွင်းတို့ကိုလည်းကောင်း၊ သင်မစိုက်မပျိုးသော စပျစ်ဥယျာဉ်နှင့် သံလွင်ပင်တို့ကိုလည်းကောင်း၊ သင့်အားပေးခြင်းငှာ၊ သင်၏အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်သို့ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုဆောင်သွင်းတော်မူ၍၊ သင်သည် ဝစွာစားလျက်နေရသောအခါ၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 သင်တို့မစုဆောင်းဘဲ စုဆောင်းပြီးသားကောင်းသောအရာအမျိုးမျိုးတို့ဖြင့်ပြည့်နေသောအိမ်များ၊ သင်တို့မတူးဘဲ တူးပြီးသားရေတွင်းများ၊ သင်တို့မစိုက်ဘဲ စိုက်ပြီးသား စပျစ်ခြံများနှင့်သံလွင်ခြံများကို သင်တို့ရရှိပြီး ဝလင်စွာ စားရသောအခါ အခန်းကိုကြည့်ပါ။ |
ထိုအစားအစာများသည် ကိုယ်ပိုင်ပစ္စည်းဟူ၍ မရှိသောလေဝိအမျိုးသားများ၊ သင်တို့မြို့ ရွာတွင်နေထိုင်ကြသောလူမျိုးခြားသား များ၊ မိဘမဲ့ကလေးများ၊ မုဆိုးမများ အတွက်ဖြစ်သည်။ သူတို့သည်ထိုအစား အစာများမှ လိုအပ်သလောက်ယူ၍စား သုံးနိုင်၏။ ဤသို့ပြုလျှင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဆောင် ရွက်သမျှကိုကောင်းချီးပေးတော်မူလိမ့် မည်။''
ကိုယ်တော်၏လူမျိုးတော်သည်ခံတပ်မြို့များ၊ မြေသြဇာကောင်းသည့်ပြည်၊ ဘဏ္ဍာအမျိုးမျိုးနှင့်ပြည့်ဝသည့်အိမ်များ အဆင်သင့်တူးထားပြီး ရေတွင်းများသံလွင်ပင်များသစ်သီးပင်များနှင့် စပျစ်ဥယျာဉ်များကိုသိမ်းယူကြရပါ၏။ သူတို့သည်စိတ်ရှိသမျှစားသောက်ကာ ဝဖြိုးလာကြပါ၏။ ကိုယ်တော်ပေးတော်မူသောကောင်းမြတ်သည့် အရာတို့ကိုခံစားကြရပါ၏။