ထိုမှတစ်ဖန်သူသည်အဆင့်ဆင့်ပြောင်းရွှေ့ လာခဲ့ရာ ခါနာန်ပြည်၏တောင်ပိုင်းသို့ရောက် ရှိလေသည်။
တရားဟော 1:7 - Common Language Bible စခန်းသိမ်း၍ခရီးဆက်ကြလော့။ အာမောရိ အမျိုးသားတို့နေထိုင်ရာတောင်ကုန်းဒေသ နှင့် ၎င်းအနီးရှိဒေသများဖြစ်သောတောင် ကုန်းဒေသ၊ လွင်ပြင်ဒေသ၊ တောင်ဘက်ဒေသ၊ မြေထဲပင်လယ်ကမ်းခြေတို့သို့သွားကြလော့။ ခါနာန်ပြည်သို့သွားကြလော့။ ထိုမှတစ်ဖန် လေဗနုန်တောင်ကိုကျော်၍ ဥဖရတ်မြစ်သို့ တိုင်အောင်သွားကြလော့။- Garrad Bible လှည့် ပတ်၍ ခ ရီး ကောက် ချီ လျက်၊ အာ မော ရိ တောင် တန်း မှ စ သော နီး စပ် သည့် အ ရာ ဗာ ချိုင့်၊ ခင် တန်း ခ ရိုင်၊ ရှ ဖေ လာ ခ ရိုင်၊ နေ ဂပ် ခ ရိုင် များ သို့ လည်း ကောင်း၊ ပင် လယ် ကမ်း ခြေ တစ် လျှောက်၊ ခါ နာန် လူ မျိုး တို့ ပြည် နယ် သို့ လည်း ကောင်း၊ လေဗ နုန် တောင် တန်း သို့ လည်း ကောင်း၊ ဥ ဖ ရတ် မြစ် ကြီး တိုင် အောင် ပင် ချီ သွား ကြ လော့။ Judson Bible လှည့်လည်၍ ခရီးသွားကြလော့။ အာမောရိတောင်သို့လည်းကောင်း၊ ထိုတောင်နှင့်နီးသောအရပ်၊ လွင်ပြင်၊ တောင်ရိုး၊ ချိုင့်၊ တောင်မျက်နှာ၊ ပင်လယ်နားသို့လည်းကောင်း၊ ခါနာန်ပြည်၊ လေဗနုန်တောင်၊ ဥဖရတ်မြစ်ကြီးတိုင်အောင်လည်းကောင်း သွားကြလော့။ မြန်မာ့စံမီသမ္မာကျမ်း ခရီးစပြုကြလော့။ အာမောရိတောင်ပေါ်ဒေသနှင့် ထိုဒေသအနီးရှိ အရာဗလွင်ပြင်၊ တောင်ပေါ်ဒေသ၊ မြေနိမ့်ဒေသ၊ နေဂေ့အရပ်သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေဒေသသို့လည်းကောင်း၊ ခါနာန်ပြည်သို့လည်းကောင်း၊ လက်ဘနွန်တောင်မှ ယူဖရေးတီးမြစ်ကြီးတိုင်အောင်လည်းကောင်း လှည့်သွားလော့။ |
ထိုမှတစ်ဖန်သူသည်အဆင့်ဆင့်ပြောင်းရွှေ့ လာခဲ့ရာ ခါနာန်ပြည်၏တောင်ပိုင်းသို့ရောက် ရှိလေသည်။
ထိုနောက်ရဟောဘ၏သားဇောဘဘုရင် ဟာဒဒေဇာသည် အထက်ဥဖရတ်မြစ် အနီးရှိနယ်မြေကိုပြန်လည်သိမ်းပိုက် ရန်သွားတိုက်စဉ်ဒါဝိဒ်သည်သူ့အား နှိမ်နင်းတော်မူ၍၊-
ထိုနောက်ဒါဝိဒ်မင်းသည်ဟာမတ်မြို့အနီးတွင် ဇောဘဘုရင်ဟာဒဒေဇာကိုတိုက်ခိုက်တော် မူ၏။ အဘယ်ကြောင့်ဆိုသော်ဟာဒဒေဇာ သည်ဥဖရတ်မြစ်အထက်ပိုင်းရှိနယ်မြေ ကိုသိမ်းယူရန်ကြိုးစားအားထုတ်သော ကြောင့်ဖြစ်၏။-
ဂိလဒ်ပြည်တွင်သူတို့၏သိုးအုပ်၊ နွားအုပ် ကြီးများပွားများ၍လာသဖြင့် သူတို့၏ နယ်မြေသည်အရှေ့ဘက်သဲကန္တာရအဆုံး ဥဖရတ်မြစ်သို့တိုင်အောင်ကျယ်ပြန့်၏။
ငါသည်သင်တို့တိုင်းပြည်၏နယ်နိမိတ်ကို ပင်လယ်နီမှမြေထဲပင်လယ်သို့လည်းကောင်း၊ တောကန္တာရမှဥဖရတ်မြစ်သို့လည်းကောင်း ကျယ်ပြန့်စေမည်။ ငါသည်ထိုပြည်သားတို့ ကိုသင်တို့၏လက်သို့အပ်သဖြင့် သင်တို့သည် သူတို့အားနှင်ထုတ်နိုင်လိမ့်မည်။-
``ထိုသို့နှင့်ပင်ငါ၏လူမျိုးအပေါင်းတို့၊ ငါသည်သင်တို့အတွက်အာရဇ်ပင်တမျှ မြင့်မား၍သပိတ်ပင်အလား သန်မာလှ သည့်အာမောရိလူမျိုးကိုအပြီးအပိုင် တိုက်ဖျက်ခဲ့ပြီ။-
သူတို့သည်သိနာတောကန္တာရမှခရီးထွက် ခွာလာကြလေသည်။ မိုးတိမ်သည်ပါရန်ဟု ခေါ်သောတောကန္တာရသို့ရောက်သောအခါ ရပ်တန့်လေသည်။
``ငါတို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း ငါတို့လိုက်နာကြ၏။ ငါတို့သည်သိနာတောင်မှထွက်ခွာခဲ့ပြီး နောက် အပြောကျယ်၍ကြောက်မက်ဖွယ်ကောင်း သောတောကန္တာရကိုဖြတ်သန်းလျက် တောင် ထူထပ်သောအာမောရိပြည်သို့ဦးတည် ခရီးပြုခဲ့ကြ၏။ ငါတို့သည်ကာဒေရှ ဗာနာအရပ်သို့ရောက်သောအခါ၊-
သို့ရာတွင်သင်တို့ဝင်ရောက်မည့်ပြည်သည် ကားတောင်များ၊ ချိုင့်ဝှမ်းများရှိ၍မိုးရေ ဖြင့်စိုက်ပျိုးနိုင်သောပြည်၊-
သင်တို့ခြေနင်းသမျှသောမြေကိုပိုင်ရလိမ့် မည်။ သင်တို့၏နယ်မြေသည်တောင်ဘက်တော ကန္တာရမှ မြောက်ဘက်လေဗနုန်တောင်သို့တိုင် အောင်လည်းကောင်း၊ အရှေ့ဘက်ဥဖရတ်မြစ် မှအနောက်ဘက်မြေထဲပင်လယ်သို့တိုင်အောင် လည်းကောင်းကျယ်ပြန့်လိမ့်မည်။-
သင်တို့၏ပြည်သည်တောင်ဘက်သဲကန္တာရ မှ မြောက်ဘက်လေဗနုန်တောင်အထိလည်း ကောင်း၊ အရှေ့ဘက်ဥဖရတ်မြစ်မှဟိတ္တိ ပြည်ကိုဖြတ်၍ အနောက်ဘက်မြေထဲ ပင်လယ်အထိလည်းကောင်းကျယ်ပြန့်မည်။-
ယောရှုသည်တိုင်းပြည်တစ်ခုလုံးကိုတိုက် ခိုက်အောင်မြင်လေသည်။ သူသည်တောင်ပေါ် ဒေသရှိမင်းများ၊ အရှေ့ဘက်တောင်စောင်း နှင့်အနောက်ဘက်တောင်ခြေရှိမင်းများနှင့် တောင်ဘက်ခြောက်သွေ့သောဒေသရှိမင်း အပေါင်းတို့ကိုတိုက်ခိုက်အောင်မြင်လေသည်။ ၎င်းတို့၏ပြည်သူပြည်သားအားလုံးတို့ကို တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့လေ သည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အရ ဤသို့ပြုခြင်းဖြစ်သည်။-
အကယ်၍သင်တို့သည်ထာဝရဘုရားကို မကိုးကွယ်လျှင် မက်ဆိုပိုတေးမီးယားပြည် ၌သင်တို့၏ဘိုးဘေးများကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ သင်တို့ယခုနေထိုင် ရာအာမောရိအမျိုးသားတို့ကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ ကိုးကွယ်ရန်ဘုရား ကိုယနေ့ရွေးချယ်ကြလော့။ ငါနှင့်ငါ၏ မိသားစုတို့မူကားထာဝရဘုရားကို သာကိုးကွယ်မည်'' ဟုပြောကြားလေ၏။
ယော်ဒန်မြစ်အနောက်ဘက်ရှိတောင်ကုန်းဒေသ၊ တောင်ခြေဒေသ၊ မြောက်ဘက်လေဗနုန်တောင် အထိရှည်လျားသောမြေထဲပင်လယ်ကမ်းရိုး တန်းဒေသတို့တွင်အုပ်စိုးသောမင်းအပေါင်း တို့သည်ဣသရေလအမျိုးသားတို့၏အောင်ပွဲ ခံသတင်းကိုကြားကြ၏။ ထိုမင်းများမှာ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိ အမျိုးသား၊ ယေဗုသိအမျိုးသားတို့၏ မင်းများဖြစ်ကြသည်။-
ထိုအသံကဆဋ္ဌမကောင်းကင်တမန်အား``ဥ ဖရတ်မြစ်ကြီးအနီးမှာချည်နှောင်ထားသော ကောင်းကင်တမန်လေးပါးကိုဖြေလွှတ်လော့'' ဟုဆို၏။-