တရားဟော 11:24 - Common Language Bible24 သင်တို့ခြေနင်းသမျှသောမြေကိုပိုင်ရလိမ့် မည်။ သင်တို့၏နယ်မြေသည်တောင်ဘက်တော ကန္တာရမှ မြောက်ဘက်လေဗနုန်တောင်သို့တိုင် အောင်လည်းကောင်း၊ အရှေ့ဘက်ဥဖရတ်မြစ် မှအနောက်ဘက်မြေထဲပင်လယ်သို့တိုင်အောင် လည်းကောင်းကျယ်ပြန့်လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible24 ခြေ ချ ရာ အ ရပ် ရပ် ကို ပိုင် ယူ လျက်၊ သဲ က န္တာ ရ မှ လေ ဗ နုန် တောင် အ ထိ၊ ဥ ဖ ရတ် မြစ် ကြီး မှ နောက် မျက် နှာ ပင် လယ် ကမ်း ခြေ အ ထိ၊ သင် တို့ ပြည် ထောင် ဖြစ် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible24 သင်တို့သည် ခြေနှင့်နင်းသမျှသောအရပ်ကို ပိုင်သဖြင့်၊ တောမှစ၍ လေဗနုန်တောင်တိုင်အောင်လည်းကောင်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ပင်လယ်ကမ်းနားတိုင်အောင်လည်းကောင်း၊ မြေတစ်လျှောက်လုံးသည် သင်တို့၏နိုင်ငံအဝင် ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 သင်တို့ခြေချရာမြေဟူသမျှကို သင်တို့ပိုင်ဆိုင်ရလိမ့်မည်။ သင်တို့၏နယ်မြေသည် တောကန္တာရမှ လက်ဘနွန်တောင်တိုင်အောင်၊ ယူဖရေးတီးမြစ်မှ အနောက်ဘက်ပင်လယ်တိုင်အောင် ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ရှောလမုန်သည်ဥဖရတ်မြစ်ပေါ်ရှိတိဖသ မြို့မှ အနောက်ဘက်ဂါဇမြို့တိုင်အောင်ဥဖရတ် မြစ်အနောက်ဘက်ခြမ်းနယ်မြေအပေါင်းကို အစိုးရတော်မူ၏။ ဥဖရတ်မြစ်၏အနောက် ဘက်ရှိဘုရင်အပေါင်းတို့သည်သူ၏လက် အောက်ခံများဖြစ်ကြ၏။ သူသည်လည်းမိမိ အိမ်နီးချင်းတိုင်းပြည်ရှိသမျှနှင့်ငြိမ်းချမ်း စွာနေထိုင်တော်မူ၏။-
ငါသည်မြောက်အရပ်မှလာသည့်ကျိုင်း ကောင်အုပ်ကို ပယ်ရှင်းမည်။ ကျိုင်းကောင်အချို့ကိုသဲကန္တာရထဲသို့ နှင်ထုတ်မည်။ သူတို့တပ်ဦးပိုင်းကိုပင်လယ်သေထဲသို့ လည်းကောင်း၊ တပ်နောက်ပိုင်းကိုမြေထဲပင်လယ် ထဲသို့လည်းကောင်းကျစေမည်။ သူတို့၏ကိုယ်ခန္ဓာများသည်ပုပ်စပ်နံစော် လျက် နေလိမ့်မည်။ သင်တို့အားသူတို့ပြုခဲ့သည့်အမှုများ အတွက် ငါသည်သူတို့ကိုသုတ်သင်ဖျက်ဆီးမည်။
စခန်းသိမ်း၍ခရီးဆက်ကြလော့။ အာမောရိ အမျိုးသားတို့နေထိုင်ရာတောင်ကုန်းဒေသ နှင့် ၎င်းအနီးရှိဒေသများဖြစ်သောတောင် ကုန်းဒေသ၊ လွင်ပြင်ဒေသ၊ တောင်ဘက်ဒေသ၊ မြေထဲပင်လယ်ကမ်းခြေတို့သို့သွားကြလော့။ ခါနာန်ပြည်သို့သွားကြလော့။ ထိုမှတစ်ဖန် လေဗနုန်တောင်ကိုကျော်၍ ဥဖရတ်မြစ်သို့ တိုင်အောင်သွားကြလော့။-