တရားဟော 1:19 - Common Language Bible19 ``ငါတို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း ငါတို့လိုက်နာကြ၏။ ငါတို့သည်သိနာတောင်မှထွက်ခွာခဲ့ပြီး နောက် အပြောကျယ်၍ကြောက်မက်ဖွယ်ကောင်း သောတောကန္တာရကိုဖြတ်သန်းလျက် တောင် ထူထပ်သောအာမောရိပြည်သို့ဦးတည် ခရီးပြုခဲ့ကြ၏။ ငါတို့သည်ကာဒေရှ ဗာနာအရပ်သို့ရောက်သောအခါ၊- အခန်းကိုကြည့်ပါ။Garrad Bible19 ထို နောက် ငါ့ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း၊ သင် တို့ တွေ့ မြင် ခဲ့ သော ကြောက် မက် ဖွယ် သဲ တော ကြီး တစ် လျှောက်၊ ဟော ရပ် တောင် မှ အာ မော ရိ တောင် တန်း လမ်း ဖြင့် ချီ သွား လျက်၊ ကာ ဒေ ရှ ဗာ နာ မြို့ သို့ ရောက် ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible19 ငါတို့သည် ဟောရပ်အရပ်မှထွက်သောနောက်၊ အာမောရိတောင်သို့ သွားသောလမ်းနားမှာ ကြောက်မက်ဖွယ်ဖြစ်၍ သင်တို့တွေ့မြင်သော တောကြီးအလယ်၌၊ ငါတို့ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း လျှောက်သွား၍၊ ကာဒေရှဗာနာအရပ်သို့ ရောက်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 ထိုမှ ငါတို့သည် ငါတို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဟောရပ်တောင်မှ ခရီးပြု၍ အာမောရိတောင်ပေါ်ဒေသလမ်းတစ်လျှောက်ရှိ သင်တို့မြင်ရသည့် ကြောက်မက်ဖွယ်တောကန္တာရကြီးကိုဖြတ်ကာ ကာဒေရှဗာနာအရပ်သို့ ရောက်ကြ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်သူတို့အားအီဂျစ်ပြည်မှကယ်ဆယ် ကာ တောကန္တာရတစ်လျှောက်လုံး၊သဲကန္တာရများ၊ မြေတွင်းများနှင့်ပြည့်နှက်လျက်နေသောပြည်၊ ခြောက်ကပ်၍ဘေးအန္တရာယ်များသောပြည်၊ လူသူဆိတ်ညံလျက် ခရီးသည်မရှိသည့်ပြည်ကိုဖြတ်၍ လမ်းပြပို့ဆောင်ပေးခဲ့သော်လည်းသူတို့သည် ငါ့ကိုဂရုမစိုက်ကြ။
စခန်းသိမ်း၍ခရီးဆက်ကြလော့။ အာမောရိ အမျိုးသားတို့နေထိုင်ရာတောင်ကုန်းဒေသ နှင့် ၎င်းအနီးရှိဒေသများဖြစ်သောတောင် ကုန်းဒေသ၊ လွင်ပြင်ဒေသ၊ တောင်ဘက်ဒေသ၊ မြေထဲပင်လယ်ကမ်းခြေတို့သို့သွားကြလော့။ ခါနာန်ပြည်သို့သွားကြလော့။ ထိုမှတစ်ဖန် လေဗနုန်တောင်ကိုကျော်၍ ဥဖရတ်မြစ်သို့ တိုင်အောင်သွားကြလော့။-
ငါက`ငါတို့၏ဘုရားသခင်ထာဝရ ဘုရားငါတို့ဘိုးဘေးများ၏ဘုရားသခင် က ငါတို့အားပေးတော်မူမည့်အာမောရိ တောင်ကုန်းဒေသသို့သင်တို့ယခုရောက်ရှိ ကြပြီ။ ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ချီတက်၍သိမ်းပိုက်ကြလော့။ မကြောက်ကြ နှင့်။ တုံ့နှေးခြင်းမရှိကြနှင့်' ဟုသင်တို့အား ပြောခဲ့၏။
``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပြုခဲ့လေသမျှကိုအဘယ်သို့ကောင်း ချီးပေးတော်မူခဲ့သည်ကို သတိရကြလော့။ ဤကျယ်ပြန့်သောတောကန္တာရကိုလှည့်လည်ဖြတ် သန်းရာခရီး၌ သင်တို့ကိုစောင့်ရှောက်တော်မူ ခဲ့ပြီ။ ကိုယ်တော်သည်နှစ်ပေါင်းလေးဆယ်ပတ် လုံးသင်တို့နှင့်အတူရှိတော်မူသဖြင့် သင် တို့လိုအပ်သမျှကိုရရှိခဲ့ကြပြီ။''
သူတို့ကဤပြည်ရှိပြည်သားတို့အားသတင်း ပြောကြားကြပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အတူရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်၏မိုးတိမ်သည်အကျွန်ုပ် တို့၏အထက်တွင်ထင်ရှားစွာတည်နေကြောင်း ကိုလည်းကောင်း၊ ကိုယ်တော်သည်နေ့အချိန်တွင် မိုးတိမ်တိုင်၊ ညအချိန်တွင်မီးတိမ်တိုင်အား ဖြင့်အကျွန်ုပ်တို့ရှေ့မှကြွသွားတော်မူကြောင်း ကိုလည်းကောင်း ဤပြည်ရှိပြည်သားများသိ ရပြီးဖြစ်ပါသည်။-