ထိုသူတို့သည် အဝေးကမျှော်ကြည့်၍ ယောဘကို မသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကို ယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်သို့ ပစ်တင်ကြ၏။
တောလည် 5:17 - Common Language Bible သူသည်မြေအိုးတွင်ရေသန့်ကိုထည့်၍ ထာဝရ ဘုရားစံတော်မူရာတဲတော်တလင်းမှမြေ မှုန့်အနည်းငယ်ကိုယူပြီးလျှင် ထိုရေအိုး ထဲသို့ထည့်ရမည်။- Garrad Bible မြေ အိုး တွင် ထည့် သော သီး သန့် ရာ ရေ၌ စံ ရာ တော် တ လင်း ရှိ မြေ မုန့် ကို ယူ ထည့်၍၊ Judson Bible ယဇ်ပုရောဟိတ်သည် သန့်ရှင်းသောရေကို မြေအိုး၌လောင်းပြီးလျှင်၊ တဲတော်၌ရှိသော မြေမှုန့်ကိုယူ၍ ရေထဲမှာထည့်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယဇ်ပုရောဟိတ်သည် သန့်ရှင်းသောရေကို မြေအိုးထဲသို့ထည့်ပြီး ကိန်းဝပ်တော်မူရာတဲတော်၏မြေတလင်းမှမြေမှုန့်ကိုယူ၍ ထိုရေထဲသို့ထည့်ရမည်။ |
ထိုသူတို့သည် အဝေးကမျှော်ကြည့်၍ ယောဘကို မသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကို ယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်သို့ ပစ်တင်ကြ၏။
``ကြေးဝါအောက်ခြေခံသောကြေးဝါအင် တုံကိုပြုလုပ်လော့။ ထိုအင်တုံကိုရေဖြည့်၍၊ ငါစံရာတဲတော်နှင့်ယဇ်ပလ္လင်အကြားတွင် ထားလော့။-
အို ထာဝရဘုရား၊ကိုယ်တော်သည်ဣသရေလ အမျိုးသားတို့၏မျှော်ကိုးရာဖြစ်တော်မူ၏။ ကိုယ်တော်ကိုစွန့်ပစ်သူမှန်သမျှသည် အရှက်ကွဲကြလိမ့်မည်။ သူတို့သည်အသက်စမ်းရေချိုတည်းဟူ သော ထာဝရဘုရားကိုစွန့်ပစ်ကြပြီဖြစ်၍ မြေမှုန့်ပေါ်တွင်ရေးသားထားသည့်၊အမည် နာမများ ကဲ့သို့ပျောက်ကွယ်သွားကြလိမ့်မည်။
မျှော်လင့်ဖွယ်ရှိကောင်းရှိဦးမည်ဖြစ်၍ငါတို့သည် ဝန်ခံလျက်မြေသို့ခေါင်းငုံ့သင့်ကြ၏။
ယဇ်ပုရောဟိတ်သည်ထိုအမျိုးသမီးကို ယဇ်ပလ္လင်ရှေ့သို့သွား၍ရပ်နေစေရမည်။-
ထိုနောက်သူသည်အမျိုးသမီးဆံပင်ကို ဖြေ၍ ပူဇော်သကာမုန့်ညက်ကိုသူ့လက်ထဲ သို့ထည့်ရမည်။ ယဇ်ပုရောဟိတ်သည်ကျိန်စာ သင့်စေသော ရေခါးပါရှိသည့်အိုးကိုလက် ထဲတွင်ကိုင်ထားရမည်။-
သူတို့သည်ကိုယ်တော်ကိုပြစ်တင်စွပ်စွဲနိုင်ရန် ဤသို့အကွက်ဆင်၍လျှောက်ထားကြခြင်း ဖြစ်၏။ သို့ရာတွင်သခင်ယေရှုသည်ငုံ့၍ မြေပေါ်တွင်လက်ညှိုးတော်ဖြင့်ရေးခြစ် လျက်နေတော်မူ၏။