ယေရမိ 17:13 - Common Language Bible13 အို ထာဝရဘုရား၊ကိုယ်တော်သည်ဣသရေလ အမျိုးသားတို့၏မျှော်ကိုးရာဖြစ်တော်မူ၏။ ကိုယ်တော်ကိုစွန့်ပစ်သူမှန်သမျှသည် အရှက်ကွဲကြလိမ့်မည်။ သူတို့သည်အသက်စမ်းရေချိုတည်းဟူ သော ထာဝရဘုရားကိုစွန့်ပစ်ကြပြီဖြစ်၍ မြေမှုန့်ပေါ်တွင်ရေးသားထားသည့်၊အမည် နာမများ ကဲ့သို့ပျောက်ကွယ်သွားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible13 ဣ သ ရေ လ လူ မျိုး ၏ စောင့် မြော် ရာ စောင့် မြော် ကြောင်း ဖြစ် သော အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ကို စွန့် ပစ် သူ အ ပေါင်း တို့ သည်၊ အ ရှက် ကွဲ ကြ လိမ့် မည်။ ကိုယ် တော် မှ ဖောက် ပြန် သူ တို့ လည်း၊ စမ်း ရေ တွင်း တည်း ဟူ သော ထာ ဝ ရ ဘု ရား ကို စွန့် ပစ် ကြ သော ကြောင့် မြေ မုန့်၌ သာ အ က္ခ ရာ တင် ခံ ရ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible13 အို ဣသရေလအမျိုး၏ မျှော်လင့်စရာ အကြောင်းဖြစ်သော ထာဝရဘုရား၊ ကိုယ်တော်ကို စွန့်ပစ်သောသူအပေါင်းတို့သည် အရှက်ကွဲရကြပါလိမ့်မည်။ ငါ့ထံမှ ထွက်သွားသောသူတို့သည် မြေစာရင်းသို့ ဝင်ရကြပါလိမ့်မည်။ အကြောင်းမူကား၊ အသက်စမ်းရေတွင်း တည်းဟူသော ထာဝရဘုရားကို စွန့်ပစ်ကြသတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 အစ္စရေးလူမျိုး၏မျှော်လင့်ရာဖြစ်တော်မူသောထာဝရဘုရား၊ ကိုယ်တော်ကိုစွန့်ပယ်သောသူရှိသမျှတို့သည် အရှက်ကွဲကြရလိမ့်မည်။ ကိုယ်တော့်ထံမှထွက်သွားသောသူတို့သည် အသက်စမ်းရေဖြစ်သည့်ထာဝရဘုရားကို စွန့်ပယ်ကြသောကြောင့် မြေပေါ်၌သာ စာရင်းဝင်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်အားကြောက်ရွံ့ရိုသေကာစကား တော်ကိုကြားနာကြသူတို့၊ သင်တို့သည် ထာဝရဘုရားမိန့်တော်မူသည်ကိုနား ထောင်ကြလော့။ သင်တို့သည်ငါ့အားသစ္စာ စောင့်ကြသည်ဖြစ်၍သင်တို့အမျိုးသား အချို့တို့သည်သင်တို့ကိုမုန်း၍ဝိုင်းပယ် ကြ၏။ သူတို့သည်သင်တို့အားပြောင်လှောင် ကာ``ငါတို့သည်သင်တို့ရွှင်လန်းဝမ်းမြောက် သည်ကိုမြင်လိုပါ၏။ သို့ဖြစ်၍ထာဝရ ဘုရားသည်ကြီးမြတ်သည့်တန်ခိုးတော် ကိုပြ၍ကယ်တော်မူပါလေစေ'' ဟုဆို ကြ၏။ သို့ရာတွင်ထိုသူတို့သည်အရှက် ကွဲကြရမည့်သူများဖြစ်ပေသည်။-
ကိုယ်တော်ရှင်သာလျှင်ဣသရေလအမျိုးသား တို့၏ မျှော်လင့်ရာဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးတို့ဒုက္ခရောက်သောအခါ ကူမတော်မူသောအရှင်ဖြစ်တော်မူပါ၏။ အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့ပြည်တွင်ဧည့်သည်ကဲ့သို့၊ တစ်ညဥ့်မျှသာတည်းခိုသည့်ခရီးသည်ကဲ့သို့ ပြုတော်မူပါသနည်း။
ကျွန်တော်မျိုးအားနှိပ်စက်ညှင်းဆဲသူတို့ကို အရှက်ကွဲစေတော်မူ၍ ကျွန်တော်မျိုးအား အရှက်ရမှုမှချမ်းသာပေးတော်မူပါ။ ထို သူတို့အားထိတ်လန့်တုန်လှုပ်စိတ်နှင့်ပြည့်ဝ စေတော်မူ၍ ကျွန်တော်မျိုးကိုထိတ်လန့်တုန် လှုပ်စေတော်မမူပါနှင့်။ သူတို့၏အပေါ်သို့ ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော် မူ၍သူတို့အားကျိုးပဲ့ကြေမွစေတော် မူပါ။
အဘယ်ကြောင့်ဆိုသော်လူတို့သည်ငါ့ကိုစွန့် ပစ်ကာ မိမိတို့ကိုယ်တိုင်မိမိတို့ဘိုးဘေးများ နှင့်ယုဒဘုရင်များမသိဘူးသည့်အခြား ဘုရားများကိုယဇ်ပူဇော်ခြင်းဖြင့် ဤဌာန တော်ကိုညစ်ညမ်းစေကြသောကြောင့်ဖြစ်၏။ သူတို့သည်ဤဌာနကိုအပြစ်မဲ့သူတို့၏ အသွေးဖြင့်ပြည့်စေလျက်၊-
သူတို့သည်မိမိတို့နှင့်ကြုံတွေ့ရသူလူ အပေါင်းတို့၏တိုက်ခိုက်မှုကိုခံရကြ၏။ သူတို့၏ရန်သူများက`ထိုသူတို့သည် ထာဝရဘုရားကိုပြစ်မှားကြသည်ဖြစ်၍ သူတို့အားငါတို့ပြုသည့်အမှုသည်မမှား။ သူတို့၏ဘိုးဘေးများသည်ထာဝရဘုရား ကိုယုံကြည်ကိုးစားခဲ့သူများဖြစ်သဖြင့် သူတို့ကိုယ်တိုင်သည်လည်းကိုယ်တော်အား သစ္စာစောင့်သင့်ကြပေသည်' ဟုဆိုကြ၏။
ဗျာဒိတ်ရူပါရုံအတုများကိုမြင်၍မှား ယွင်းသောကြိုတင်ဟောပြောမှုကိုပြုကြ ၏။ အသင်ပရောဖက်တို့အားငါဒဏ်ခတ် တော်မူအံ့။ သင်တို့သည်ငါ၏လူမျိုးတော် တိုင်ပင်စည်းဝေးရာသို့ဝင်ရလိမ့်မည်မ ဟုတ်။ ဣသရေလနိုင်ငံသားတို့၏စာရင်း တွင်လည်းသင်တို့၏နာမည်များကိုမသွင်း ရ။ သင်တို့သည်မိမိတို့ပြည်သို့အဘယ် အခါ၌မျှမပြန်ရ။ ထိုအခါငါသည် အရှင်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်။''
သခင်ယေရှုက ``ဘုရားသခင်ပေးသနား တော်မူသောဆုကျေးဇူးတော်ကိုလည်းကောင်း၊ သင့်အားသောက်ရေတစ်ခွက်တောင်းနေသူသည် အဘယ်သူဖြစ်သည်ကိုလည်းကောင်းသင်သည် သိပါလျှင် ထိုသူ၏ထံမှအသက်ရေကို တောင်းလိမ့်မည်။ ထိုသူသည်လည်းသင့်အား ထိုရေကိုပေးလိမ့်မည်'' ဟုမိန့်တော်မူ၏။