လေဝိအနွယ်ဝင်တို့သည်မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း သေတ္တာတော်ကိုထမ်းပိုးများဖြင့်ပခုန်းထက် တွင်ထမ်းကာပင့်ဆောင်ခဲ့ကြ၏။
တောလည် 4:5 - Common Language Bible ထာဝရဘုရားသည်မောရှေအားအောက်ပါ ညွှန်ကြားချက်များကိုပေးတော်မူ၏။ စခန်း သိမ်းချိန်ရောက်လျှင်အာရုန်နှင့်သူ၏သားတို့ သည်တဲတော်ထဲသို့ဝင်၍ ပဋိညာဉ်သေတ္တာ တော်ရှေ့တွင်ရှိသောကန့်လန့်ကာကိုဖြုတ် ပြီးလျှင်၎င်းနှင့်သေတ္တာတော်ကိုအုပ်ရမည်။- Garrad Bible ကော ဟတ် သား တို့ တာ ဝန် မှာ အာ ရုန် နှင့် သား တို့ သည် တပ် တော် ထွက် ချီ တိုင်း ဝင်၍ ဖြုတ် ချ သော ကာ ရန် ကန့် လန့် ကာ ဖြင့် သက် သေ တော် သေ တ္တာ ကို ထုတ် ပြီး လျှင်၊ Judson Bible တပ်ချီချိန်ရောက်သောအခါ၊ အာရုန်နှင့် သူ၏သားတို့သည်လာ၍၊ အတွင်းကုလားကာကိုချပြီးလျှင်၊ သက်သေခံချက်သေတ္တာကို အုပ်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း တပ်စခန်းရွှေ့ပြောင်းချိန်ရောက်သောအခါ အာရုန်နှင့်သူ၏သားတို့သည်ဝင်လာ၍ ကန့်လန့်ကာကိုဖြုတ်သိမ်းပြီးလျှင် ထိုကန့်လန့်ကာဖြင့် သက်သေခံချက်သေတ္တာတော်ကို ဖုံးအုပ်ရမည်။ |
လေဝိအနွယ်ဝင်တို့သည်မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း သေတ္တာတော်ကိုထမ်းပိုးများဖြင့်ပခုန်းထက် တွင်ထမ်းကာပင့်ဆောင်ခဲ့ကြ၏။
ယခုအခါလေဝိအနွယ်ဝင်တို့သည်တဲတော် ကိုလည်းကောင်း၊ ကိုးကွယ်ဝတ်ပြုရာ၌အသုံး ပြုသည့်ပစ္စည်းတန်ဆာပလာများကိုလည်း ကောင်းသယ်ဆောင်ကြရန်လိုတော့မည် မဟုတ်'' ဟုမိန့်တော်မူ၏။-
အလွန်သန့်ရှင်းရာဌာနတော်အတွက်ပိတ်ချော ချည်မှစ၍အပြာ၊ အမောင်း၊ အနီချည်တို့ဖြင့် ပြီး၍ခေရုဗိမ်ရုပ်များဖြင့်ခြယ်လှယ်ထား သောကန့်လန့်ကာကိုလည်းယက်လုပ်ထား လေသည်။
သူတို့သည်ကန့်လန့်ကာကိုအပြာရောင်၊ ခရမ်း ရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့ဖြင့်ရက် လုပ်၍၊ ခေရုဗိမ်ရုပ်များကိုပန်းပေါက်ဖော် ထားကြသည်။-
တဲတော်တွင်ပညတ်တော်ဆယ်ပါးပါရှိ သောသေတ္တာတော်ကိုသွင်းထား၍၊ သေတ္တာ အရှေ့တွင်ကန့်လန့်ကာကို၊ ကာထားလော့။-
နံ့သာပေါင်းမီးရှို့ရာရွှေပလ္လင်ကို၊ ပညတ် တော်ဆယ်ပါးပါရှိသော ပဋိညာဉ်သေတ္တာရှေ့ တွင်ထား၍၊ တဲတော်တံခါးဝတွင်ကန့်လန့် ကာကိုတပ်ဆင်လော့။-
ထိုအရပ်တွင်ကိုယ်တော်သည်အုံ့မှိုင်းလျက်ရှိ နေသည့်ဝမ်းနည်းဖွယ်မိုးတိမ်လွှာကို လူမျိုး တကာတို့အပေါ်မှဖယ်ရှားတော်မူလိမ့်မည်။-
``သင်၏အစ်ကိုအာရုန်သည် ကန့်လန့်ကာ အတွင်းရှိအလွန်သန့်ရှင်းရာဌာနတော် ထဲသို့ သတ်မှတ်သည့်အချိန်၌သာဝင်ရမည် ဖြစ်ကြောင်းပြောကြားလော့။ အဘယ်ကြောင့် ဆိုသော် ငါသည်အလွန်သန့်ရှင်းရာဌာန တော်ရှိ ပဋိညာဉ်သေတ္တာအဖုံးအထက်မိုး တိမ်၌ထင်ရှားတော်မူမည်ဖြစ်သည်။ သူ သည်ဤပညတ်ကိုမနာခံလျှင်သေရ လိမ့်မည်။-
ခရီးထွက်သည့်အခါတိုင်းသတ်မှတ်ထား သောအစီအစဉ်အရချီတက်ကြသည်။ ယုဒအနွယ်တပ်အလံနောက်မှလိုက်ရသော လူစုကို အမိနဒပ်၏သားနာရှုန်ကအုပ် ချုပ်ရသည်။ သူတို့သည်တပ်စုအလိုက်ရှေ့ ဆုံးမှချီတက်ရသည်။-
စခန်းသိမ်းချိန်ရောက်၍အာရုန်နှင့်သူ၏သား များက သန့်ရှင်းသောအသုံးအဆောင်ပစ္စည်း အားလုံးတို့ကိုဖုံးအုပ်ပြီးမှသာလျှင် ကော ဟတ်၏သားချင်းစုတို့သည်လာ၍ထိုပစ္စည်း များကိုထမ်းရကြမည်။ ကောဟတ်၏သား ချင်းစုတို့သည်ထိုပစ္စည်းများကိုလက်နှင့် မထိရ။ ထိမိလျှင်အသက်သေဆုံးရ ကြမည်။ တဲတော်ကိုပြောင်းရွှေ့သည့်အခါတိုင်း ကောဟတ်၏သားချင်းစုတို့သည်အဆို ပါတာဝန်များကိုထမ်းဆောင်ကြရမည်။
သူတို့သည်အလွန်သန့်ရှင်းသောအရာများ နှင့်စပ်လျဉ်းသည့်အမှုကိုဆောင်ရွက်ရမည်'' ဟုမိန့်တော်မူ၏။
ကောဟတ်သားချင်းစုတို့သည် မိမိတို့ကြည့် ရှုထိန်းသိမ်းရသောတဲတော်ဆိုင်ရာပစ္စည်း များကို ပခုံးပေါ်တွင်ထမ်းရသောကြောင့် မောရှေသည်သူတို့အတွက်လှည်းနှင့် နွားများကိုမပေးအပ်ချေ။
ထိုအခါဗိမာန်တော်ကန့်လန့်ကာသည်အထက်စွန်းမှ အောက်စွန်းတိုင်အောင်နှစ်ခြမ်းကွဲလေ၏။ မြေငလျင် လှုပ်၏။ ကျောက်ဆောင်များပြိုကွဲကြ၏။-
သို့ဖြစ်၍မောရှေသည်ဘုရားသခင်၏ ပညတ်တရားတော်ကိုရေး၍ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရသောလေဝိအနွယ်ဝင် ယဇ်ပုရော ဟိတ်များနှင့်ဣသရေလအမျိုးသား ခေါင်းဆောင်များအားပေးအပ်လေသည်။-
ကိုယ်တော်သည်မိမိ၏ကိုယ်ခန္ဓာတော်တည်း ဟူသောဗိမာန်တော်ကန့်လန့်ကာကိုဖြတ်၍ ဘုရားသခင်၏ရှေ့တော်မှောက်သို့ရောက်ရာ အသက်လမ်းသစ်ကိုဖွင့်၍ပေးတော်မူပြီ။-
ဒုတိယကန့်လန့်ကာနောက်၌အလွန်သန့်ရှင်း ရာဌာနတော်ဟုခေါ်သောတဲတော်ရှိ၏။-
ဗက်ရှေမက်မြို့သားခုနစ်ဆယ်တို့သည် ပဋိ ညာဉ်သေတ္တာတော်ထဲသို့ကြည့်မိသဖြင့် ထာဝရဘုရားသည် သူတို့အားသေဒဏ် ခတ်တော်မူ၏။ မြို့သားတို့သည်မိမိတို့ အထဲမှလူမြောက်မြားစွာကို ထာဝရ ဘုရားသေဒဏ်ခတ်တော်မူသောကြောင့် ငိုကြွေးမြည်တမ်းကြ၏။