ယဇ်ပလ္လင်မှအဆီနှင့်ပြာကိုရှင်းလင်းပြီး လျှင် ပလ္လင်ကိုခရမ်းရောင်အထည်ဖြင့်ဖုံး အုပ်ထားရမည်။-
ပူ ဇော် ရာ ပ လ္လင် တော် မှ ပြာ ကို ကော် ယူ၍ အ မောင်း ထည် ခင်း ထုတ် ပြီး လျှင်၊
ယဇ်ပလ္လင်မှပြာကိုပယ်ရှင်း၍ ပလ္လင်ပေါ်မှာ မောင်းသောအထည်ကို ခင်းပြီးလျှင်၊
ယဇ်ပလ္လင်မှ ပြာကိုဖယ်ရှားပြီးလျှင် ယဇ်ပလ္လင်ပေါ်၌ ခရမ်းရောင်အဝတ်ကိုဖြန့်ခင်းရမည်။
သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင် ရမည့် ယဇ်ပုရောဟိတ်များဝတ်ဆင်ရန်ခန့် ညားထည်ဝါသောအဝတ်တန်ဆာများကို သူတို့သည် အပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်သိုးမွေးဖြင့်ချုပ်ကြ၏။ ထာဝရဘုရား ကမောရှေအားမိန့်တော်မူသည့်အတိုင်း အာရုန်အတွက်ယဇ်ပုရောဟိတ်တို့၏ အဝတ်တန်ဆာများကိုချုပ်ကြ၏။
သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင် ရာ၌ ယဇ်ပုရောဟိတ်များဝတ်ဆင်ရန်ထည် ဝါသောအဝတ်တန်ဆာများ၊ အာရုန်နှင့် သားများဝတ်ဆင်ရန်သန့်ရှင်းသောအဝတ် တန်ဆာများကိုလည်းကောင်း၊ မောရှေထံသို့ ယူဆောင်ခဲ့ကြ၏။-
ထိုအပေါ်တွင်ယဇ်ပလ္လင်နှင့်ဆိုင်သော မီးခံခွက်၊ ချိတ်၊ ဂေါ်ပြား၊ ဖလားစသောအသုံးအဆောင် ပစ္စည်းအားလုံးတို့ကိုတင်ထားရမည်။ ထိုနောက် ပလ္လင်အသုံးအဆောင်ပစ္စည်းများကို နူးညံ့ သောသားရေထည်ဖြင့်ဖုံးအုပ်၍ထမ်းပိုး များကိုလျှိုထားရမည်။-