Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 4:12 - Common Language Bible

12 သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​တွင်​အ​သုံး​ပြု သော​ခွက်​ယောက်​အား​လုံး​ကို​အ​ပြာ​ထည် ဖြင့်​ထုပ်​၍ အ​ပြာ​ထည်​အ​ပေါ်​၌​နူး​ညံ့ သော​သား​ရေ​ထည်​ဖြင့်​ဖုံး​အုပ်​ပြီး​လျှင် ထမ်း​စင်​ပေါ်​သို့​တင်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 သန့် ရှင်း ရာ ဌာ န တော် တွင် သုံး သော ကိ ရိ ယာ များ ကို ယူ ပြီး လျှင် အ ပြာ ထည် အိတ် တွင် ထည့် လျက် ဖျံ ရေ ဖြင့် ဖုံး၍ ထမ်း ပိုး လျှို ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ဆောင်​ရွက်​ရန် တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ပြာ​သော​အ​ထည်​အိတ်​ထဲ၌ သွင်း​ထား၍၊ တ​ဟာ​ရှ​သား​ရေ​ဖြင့်​အုပ်​ပြီး​မှ ထမ်း​ပိုး​ကို​တပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 သန့်ရှင်းရာဌာန​၌ အမှု​တော်​ဆောင်ရွက်​ရာ​တွင် အသုံးပြု​သည့် အမှု​တော်​နှင့်ဆိုင်သော​တန်ဆာပလာ​ရှိသမျှ​တို့​ကို​ယူ​ပြီးလျှင် အပြာရောင်​အဝတ်​နှင့်​ထုပ်​၍ တဟာရှ​သားရေ​ဖုံး​ဖြင့် ဖုံးအုပ်​ပြီး ထမ်းစင်​ပေါ်​တင်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 4:12
16 ပူးပေါင်းရင်းမြစ်များ  

အ​ချို့​သော​လေဝိ​အ​နွယ်​ဝင်​တို့​သည်​ကိုး​ကွယ် ဝတ်​ပြု​ရာ​၌​အ​သုံး​ပြု​သော​ခွက်​ဖ​လား​များ ကို​တာ​ဝန်​ယူ​ရ​ကြ​၏။ ခွက်​ဖ​လား​များ​ကို အ​သုံး​ပြု​သည့်​အ​ခါ​တိုင်း စစ်​ဆေး​၍​ထုတ် ပေး​ပြီး​နောက်​စစ်​ဆေး​၍​ပြန်​လည်​လက်​ခံ ရ​ကြ​၏။-


အ​ချို့​သူ​တို့​မှာ​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဆိုင် ရာ​အ​သုံး​အ​ဆောင်​တန်​ဆာ​များ၊ မုန့်​ညက်၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ လော်​ဗန်​နှင့်​နံ့​သာ မျိုး​တို့​ကို​ကြည့်​ရှု​သိမ်း​ဆည်း​ရန်​တာ​ဝန် ယူ​ရ​ကြ​၏။-


ဟိ​ရံ​သည်​အိုး​များ၊ ဂေါ်​ပြား​များ​နှင့်​ခွက် ဖ​လား​များ​ကို​လည်း​ပြု​လုပ်​လေ​သည်။ သူ​သည် ရှော​လ​မုန်​မင်း​အား​က​တိ​ထား​သည့်​အ​တိုင်း ဗိ​မာန်​တော်​အ​တွက်​အောက်​ပါ​ပစ္စည်း​တန်​ဆာ များ​ကို​ပြု​လုပ်​ပြီး​စီး​လေ​သည်။ တိုင်​နှစ်​လုံး၊ အိုး​သဏ္ဌာန်​ရှိ​တိုင်​ထိပ်​အုပ်​နှစ်​ခု၊ တိုင်​ထိပ်​အုပ်​တို့​အ​တွက်​ပန်း​ကုန်း​ပုံ​များ ပန်း​ကုန်း​များ​ပတ်​လည်​ရှိ​အ​လုံး​တစ်​ရာ​စီ ရှိ​သော သ​လဲ​သီး​နှစ်​တန်း​အ​တွက်​သ​လဲ​သီး​လေး​ရာ၊ လှည်း​ဆယ်​စီး၊ အင်​တုံ​ဆယ်​လုံး၊ ရေ​ကန်၊ ရေ​ကန်​အောက်​ခံ​နွား​တစ်​ဆယ့်​နှစ်​ကောင်၊ အိုး​များ၊ဂေါ်​ပြား​များ​နှင့်​ခက်​ရင်း​ခွ​များ လက်​မှု​ပ​ညာ​ဆ​ရာ​ဟိ​ရံ​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန် ဤ ပစ္စည်း​တန်​ဆာ​အ​ပေါင်း​ကို​ရှော​လ​မုန်​မင်း ၏​အ​မိန့်​တော်​နှင့်​အညီ​တောက်​ပြောင်​နေ​သည့် ကြေး​ဝါ​ဖြင့်​ပြု​လုပ်​လေ​သည်။


ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်​အ​တွက် ရွှေ ဖြင့်​ပြီး​သော​အ​သုံး​အ​ဆောင်​များ​ကို​ပြု လုပ်​စေ​တော်​မူ​၏။ ထို​အ​ရာ​များ​မှာ​ရွှေ​ယဇ် ပလ္လင်၊ ရှေ့​တော်​မုန့်​တင်​ရန်​စား​ပွဲ​များ၊-


မီး​ညှပ်​များ၊ လင်​ပန်း​များ၊ ခွက်​များ​နှင့်​မီး ကျီး​ခံ​များ​ဖြစ်​၏။ ထို​ပစ္စည်း​ရှိ​သ​မျှ​သည် ရွှေ​စင်​ဖြင့်​ပြီး​သ​တည်း။ ဗိ​မာန်​တော်​အ​ပြင် တံ​ခါး​များ​နှင့် အ​လွန်​သန့်​ရှင်း​ရာ​ဌာန​တော် အ​ဝင်​တံ​ခါး​များ​ကို​ရွှေ​ဖြင့်​မွမ်း​မံ​ထား သ​တည်း။


အ​နီ​ဆိုး​သော​သိုး​ထီး​သား​ရေ၊ သား​ရေ​ချော၊ အ​ကာ​ရှ​သစ်​သား၊-


တဲ​တော်​နှင့်​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​တို့​ကို ငါ​ပြ​မည့်​ပုံ​စံ​အ​တိုင်း​ပြု​လုပ်​ရ​မည်။


အာ​ရုန်​နှင့်​သူ​၏​သား​များ​ယဇ်​ပု​ရော​ဟိတ် အ​မှု​ကို​ဆောင်​ရွက်​ရာ​၌ ဝတ်​ဆင်​ရန်၊ ထည် ဝါ​သော​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​များ၊-


သူ​တို့​သည်​တဲ​တော်​နှင့်​ဆိုင်​သော​ပစ္စည်း အား​လုံး​ကို​ထိန်း​သိမ်း​၍​ဣသ​ရေ​လ​အ​မျိုး သား​တို့​အ​တွက်​တဲ​တော်​တွင်​အ​မှု​ထမ်း ရ​မည်။-


ရွှေ​ယဇ်​ပလ္လင်​ကို​အ​ပြာ​ထည်​ဖြင့်​ဖုံး​ပြီး​လျှင် အ​ပြာ​ထည်​အ​ပေါ်​တွင်​နူး​ညံ့​သော​သား​ရေ ထည်​ဖြင့်​အုပ်​ထား​ရ​မည်။ ထို​နောက်​ထမ်း​ပိုး များ​ကို​လျှို​ထား​ရ​မည်။-


ယဇ်​ပလ္လင်​မှ​အ​ဆီ​နှင့်​ပြာ​ကို​ရှင်း​လင်း​ပြီး လျှင် ပလ္လင်​ကို​ခ​ရမ်း​ရောင်​အ​ထည်​ဖြင့်​ဖုံး အုပ်​ထား​ရ​မည်။-


ကန့်​လန့်​ကာ​အ​ပေါ်​တွင်​နူး​ညံ့​သော​သား​ရေ ဖုံး​အုပ်​ပြန်​၍ ထို​အ​ပေါ်​တွင်​အ​ပြာ​ထည်​ကို ထပ်​မံ​၍​အုပ်​ရ​မည်။ ထို​နောက်​ထမ်း​ပိုး​များ ကို​ကွင်း​များ​တွင်​လျှို​သွင်း​ရ​မည်။


ထာ​ဝ​ရ​ဘု​ရား​အား​မုန့်​တင်​လှူ​၍ ပူ​ဇော် သော​စား​ပွဲ​တော်​ပေါ်​တွင်​အ​ပြာ​ထည်​ကို ဖြန့်​ခင်း​၍​လင်​ပန်း​များ၊ နံ့​သာ​ပေါင်း​ခွက် များ၊ ဖ​လား​များ၊ စ​ပျစ်​ရည်​ခ​ရား​များ ကို​တင်​ရ​မည်။ တင်​လှူ​ပူ​ဇော်​သော​မုန့်​ကို လည်း​စား​ပွဲ​တော်​ပေါ်​တွင်​အ​မြဲ​ရှိ​စေ​ရ မည်။-


မီး​ခုံ​တိုင်​နှင့်​ဆိုင်​ရာ​မီး​ခွက်​များ၊ မီး​ညှပ် များ၊ မီး​ခံ​ခွက်​များ​နှင့်​သံ​လွင်​ဆီ​ခွက်​စ သည်​တို့​ကို​အ​ပြာ​ထည်​ဖြင့်​ဖုံး​အုပ်​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ