သူသည်သန့်ရှင်းသူဖြစ်သောကြောင့် ပြည့် တန်ဆာမကိုသော်လည်းကောင်း၊ အပျို ရည်ပျက်သောမိန်းမကိုသော်လည်းကောင်း၊ လင်ကွာမိန်းမကိုသော်လည်းကောင်းမစုံ ဖက်ရ။-
တောလည် 30:9 - Common Language Bible မုဆိုးမဖြစ်စေ၊ လင်ကွာမိန်းမဖြစ်စေ မိမိ ပြုခဲ့သမျှသောကတိသစ္စာကိုတည်စေ ရမည်။ Garrad Bible လင် သေ၊ လင် ကွာ မိန်း မ မှာ မူ ချုပ် တည်း ရန် ဝန် ခံ သ မျှ အ တိုင်း တည် စေ။ Judson Bible လင်သေသောမိန်းမ၊ လင်နှင့်ကွာသောမိန်းမသည် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော သစ္စာကတိအလုံးစုံတို့သည် တည်ရကြမည်။ မြန်မာ့စံမီသမ္မာကျမ်း မုဆိုးမဖြစ်စေ၊ ကွာရှင်းထားသောမိန်းမဖြစ်စေ မိမိကိုယ်မိမိ ချည်နှောင်သောကတိသစ္စာအားလုံးသည် သူ၌ တည်လိမ့်မည်။ |
သူသည်သန့်ရှင်းသူဖြစ်သောကြောင့် ပြည့် တန်ဆာမကိုသော်လည်းကောင်း၊ အပျို ရည်ပျက်သောမိန်းမကိုသော်လည်းကောင်း၊ လင်ကွာမိန်းမကိုသော်လည်းကောင်းမစုံ ဖက်ရ။-
လင်ရှိမိန်းမသည်တစ်စုံတစ်ရာကိုရှောင် ကြဉ်ရန် ကတိသစ္စာပြုခဲ့သော်သူ၏ခင်ပွန်း ကြား၍မတားမြစ်လျှင်၊-
သူ၏ခင်ပွန်းကြား၍တားမြစ်လျှင်မူကား သူသည်ကတိသစ္စာအတိုင်းဆောင်ရွက်ရန် မလို။ ထာဝရဘုရားသည်သူ့ကိုခွင့်လွှတ် တော်မူမည်။
ထိုနောက်အသက်ရှစ်ဆယ့်လေးနှစ်တိုင်အောင်မုဆိုး မဘဝနှင့်နေ၏။ သူသည်ဆုတောင်းပတ္ထနာပြု၍ အစာရှောင်လျက် နေ့ညမလပ်ဘုရားဝတ်၌ မွေ့လျော်ကာဗိမာန်တော်ထဲမှမထွက်မခွာ ဘဲနေ၏။-
ဥပမာပေးရသော်အိမ်ထောင်သည်အမျိုး သမီးတစ်ယောက်သည် မိမိ၏ခင်ပွန်းအသက် ရှင်စဉ်လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာတရား ဥပဒေအောက်တွင်နေရ၏။-