တောလည် 30:8 - Common Language Bible8 သူ၏ခင်ပွန်းကြား၍တားမြစ်လျှင်မူကား သူသည်ကတိသစ္စာအတိုင်းဆောင်ရွက်ရန် မလို။ ထာဝရဘုရားသည်သူ့ကိုခွင့်လွှတ် တော်မူမည်။ အခန်းကိုကြည့်ပါ။Garrad Bible8 လင် သည် ကြား သိ သော နေ့၌ မြစ် တား လျှင် မူ ကား သ စ္စာ ဝတ် ထား ချက်၊ ချုပ် တည်း ရန် ဝန် ခံ မိ ချက် များ ကို ဖျက် စေ။ ထာ ဝ ရ ဘု ရား လည်း ချမ်း သာ ပေး တော် မူ မည်။ အခန်းကိုကြည့်ပါ။Judson Bible8 သို့မဟုတ် လင်သည်ကြားသောနေ့၌ မြစ်တားလျှင်၊ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားကို လင်သည်ပယ်၍၊ ထာဝရဘုရားလည်း လွှတ်တော်မူမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 သူ၏ယောက်ျား ကြားသောနေ့၌ သူ့ကိုဟန့်တား၍ သူပြုထားသောကတိသစ္စာနှင့် အလျင်စလိုပြောသောစကားဖြင့် မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားတို့ကို ပယ်ဖျက်လျှင်မူကား ထာဝရဘုရားသည် ထိုမိန်းမကိုခွင့်လွှတ်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုနောက်အမျိုးသမီးများက``ငါတို့သည် ကောင်းကင်ဘုရင်မ၏ရုပ်ပုံတူမုန့်များကို ဖုတ်လုပ်၍ ထိုနတ်သမီးအားယဇ်ပူဇော်ကာ သူ၏အဖို့စပျစ်ရည်ပူဇော်သကာများ ကိုသွန်းလောင်းကြသောအခါ ငါတို့၏ခင် ပွန်းများကလည်းငါတို့ပြုသည့်အမှုကို လက်ခံအတည်ပြုခဲ့ကြပါသည်'' ဟုထပ် လောင်းပြောဆိုကြ၏။
ဧလကာနက``ကောင်းပြီ။ သင်ပြုလိုသည် အတိုင်းပြုပါလေ။ ကလေးနို့ဖြတ်သည်တိုင် အောင်အိမ်တွင်နေလော့။ သင်ပြုသောသစ္စာကတိ ကိုအကောင်အထည်ဖော်နိုင်ရန် ထာဝရဘုရား ကူမတော်မူပါစေသော'' ဟုဆို၏။ သို့ဖြစ်၍ ဟန္နသည်သူငယ်ကိုနို့တိုက်လျက်၊ နို့မဖြတ် မီတိုင်အောင်အိမ်မှာနေလေ၏။