ဘုရားသခင်ထာဝရဘုရားသည်အမျက် ထွက်တော်မူသဖြင့် သြဇအားရိုသေမှု ကင်းမဲ့သည့်အတွက်သေဒဏ်စီရင်တော်မူ၏။ သို့ဖြစ်၍သြဇသည်ပဋိညာဉ်သေတ္တာတော် ၏အနီးတွင်သေလေ၏။-
တောလည် 3:10 - Common Language Bible သင်သည်အာရုန်နှင့်သူ၏သားတို့အားယဇ် ပုရောဟိတ်၏ဝတ္တရားများကိုဆောင်ရွက်ခန့် ထားရမည်။ မဆိုင်သူကယဇ်ပုရောဟိတ် ဝတ္တရားများကိုဝင်ရောက်ဆောင်ရွက်လျှင် ထိုသူအားသေဒဏ်စီရင်ရမည်'' ဟုမိန့် တော်မူ၏။ Garrad Bible ခန့် ထား သော အာ ရုန် နှင့် သား တို့ သာ ပ ရော ဟိတ် ဝတ် ကို ဆောင် ရွက် ကြ စေ။ မ ဆိုင် သူ ချဉ်း ကပ် မိ သော် ကား သေ ဒဏ် ခံ စေ ဟု မိန့် တော် မူ ၏။ Judson Bible အာရုန်နှင့် သူ၏သားတို့ကိုလည်း ခန့်ထား၏။ သူတို့သည် ယဇ်ပုရောဟိတ်အမှုကိုစောင့်ရကြမည်။ သူ၏အမျိုးမှတစ်ပါး အခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် အာရုန်နှင့်သူ၏သားတို့ကို ခန့်အပ်ရမည်။ သူတို့သည် သူတို့၏ယဇ်ပုရောဟိတ်အရိုက်အရာကို စောင့်ထိန်းရမည်။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်”ဟု မိန့်တော်မူ၏။ |
ဘုရားသခင်ထာဝရဘုရားသည်အမျက် ထွက်တော်မူသဖြင့် သြဇအားရိုသေမှု ကင်းမဲ့သည့်အတွက်သေဒဏ်စီရင်တော်မူ၏။ သို့ဖြစ်၍သြဇသည်ပဋိညာဉ်သေတ္တာတော် ၏အနီးတွင်သေလေ၏။-
ယေရောဗောင်သည်တောင်ထိပ်များတွင်ကိုးကွယ် ဝတ်ပြုရာဌာနများကိုလည်းတည်ဆောက်ပြီး လျှင် လေဝိအနွယ်ဝင်မဟုတ်သောသူတို့အား ပုရောဟိတ်များအဖြစ်ခန့်ထားတော်မူလေ သည်။
သူတို့သည်ရှောလမုန်မင်းကြီးဗိမာန်တော် ကိုမတည်မဆောက်မီကာလ၌ ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်တွင် အလှည့်ကျတာဝန်ယူ၍မပျက်မကွက် ဆောင်ရွက်ရကြသည်။-
ထိုအခါငါက``ငါသည်ထွက်ပြေးတိမ်း ရှောင်တတ်သောသူမဟုတ်။ အသက်ချမ်းသာ ရရန်ဗိမာန်တော်ထဲတွင်ပုန်းအောင်းတတ် သူဟုသင်ထင်မှတ်ပါသလော။ ဗိမာန် တော်သို့ငါမသွား'' ဟုပြန်ပြောလိုက်၏။
ခါးပန်းကိုစည်းပေးလော့။ ဦးထုပ်ရှည်များ ကိုဆောင်းပေးလော့။ သင်သည်ဤသို့လျှင် အာရုန်နှင့်သူ၏သားများတို့ကိုဘိသိက် ပေးရမည်။ သူတို့နှင့်သူတို့၏အဆက် အနွယ်တို့သည် ယဇ်ပုရောဟိတ်အဖြစ်ဖြင့် ငါ၏အမှုတော်ကိုအစဉ်ထာဝရ ဆောင်ရွက်ရမည်။
သူတို့သည်ငါ၏ဗိမာန်တော်တွင်သန့်ရှင်း မြင့်မြတ်သည့်ဝတ်တို့ကိုတာဝန်ယူ၍ ဆောင်ရွက်မည့်အစားလူမျိုးခြားတို့ အားဆောင်ရွက်စေကြ၏။
``ယဇ်ပုရောဟိတ်၏မိသားစု၌ပါဝင်သူ သာလျှင် သန့်ရှင်းသောပူဇော်သကာကိုစား နိုင်သည်။ ယဇ်ပုရောဟိတ်နှင့်အတူနေထိုင် သောသူနှင့်၊ သူငှားတို့သည်ပူဇော်သကာ ကိုမစားရ။-
သင်တို့သည်စခန်းပြောင်းရွှေ့သည့်အခါတိုင်းလေဝိအမျိုးသားတို့က တဲတော်ကိုသိမ်း၍စခန်းသစ်ချရာ၌တဲတော်ကိုပြန်ထူရမည်။ လေဝိအမျိုးသားတို့မှလွဲ၍ အခြားသူတစ်ဦးသည် တဲတော်အနီးသို့ချဉ်းကပ်လျှင် ထိုသူအားသေဒဏ်စီရင်ရမည်။-
ထာဝရဘုရားသည်သင်နှင့်တကွအခြား သောလေဝိအနွယ်ဝင်တို့အား ဤအခွင့် အရေးကိုပေးထားပါလျက်နှင့်ယခုသင် တို့သည် ယဇ်ပုရောဟိတ်အရာကိုတောင်းဆို လာကြပါသည်တကား။-
ထိုနောက်ထာဝရဘုရားသည်လောင်မီးကျ စေ၍ နံ့သာပေါင်းဆက်သသောသူနှစ်ရာ့ ငါးဆယ်ကိုမီးလောင်ကျွမ်းစေ၏။
အာရုန်၏အဆက်အနွယ်မဟုတ်သူမည် သူတစ်စုံတစ်ယောက်မျှ ထာဝရဘုရား အားနံ့သာပေါင်းကိုပူဇော်ရန်ယဇ်ပလ္လင် သို့မချဉ်းကပ်ရဟုကြေးဝါအဖုံးက ဣသရေလအမျိုးသားတို့ကိုသတိပေး ၏။ ဤပညတ်ကိုမလိုက်နာသူသည်ကောရ နှင့်သူ၏နောက်လိုက်များနည်းတူ ပျက်စီး ဆုံးရှုံးရလိမ့်မည်။ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာတော်မူသမျှ တို့ကို ဧလာဇာဆောင်ရွက်လေသည်။
သူတို့သည်သင့်ဝေယျာဝစ္စနှင့်တဲတော် ဝေယျာဝစ္စကိုဆောင်ရွက်ရကြမည်။ သို့ရာ တွင်သူတို့သည်သန့်ရှင်းရာဌာနတော်နှင့် ဆိုင်သောပစ္စည်းများကိုလည်းကောင်း၊ ယဇ် ပလ္လင်ကိုလည်းကောင်းမထိမကိုင်ရ။ အကယ် ၍ထိကိုင်မိလျှင်သင်နှင့်တကွသူတို့သည် သေဒဏ်ခံရကြမည်။-
သို့ရာတွင်သင်နှင့်သင်၏သားများကသာ ယဇ်ပလ္လင်နှင့်အလွန်သန့်ရှင်းသောဌာနတော် နှင့်ဆိုင်သော ယဇ်ပုရောဟိတ်ဝတ်ရှိသမျှ ကိုဆောင်ရွက်ရမည်။ မဆိုင်သူတစ်စုံတစ် ယောက်သည်ချဉ်းကပ်မိလျှင် ထိုသူအားသေ ဒဏ်စီရင်ရမည်။ ငါသည်သင်တို့အားယဇ် ပုရောဟိတ်ရာထူးချီးမြှင့်ထားသည်ဖြစ် ရာ သင်တို့သည်ဤတာဝန်များကိုထမ်း ဆောင်ရမည်'' ဟုမိန့်တော်မူ၏။
တစ်ဖန်ထာဝရဘုရားကမောရှေအား``လေဝိ အနွယ်ဝင်တို့ကိုငါပိုင်၏။ ငါသည်အီဂျစ် အမျိုးသားတို့၏သားဦးအားလုံးကိုသေ ဒဏ်ခတ်စဉ်အခါ ဣသရေလအမျိုးသား မိသားစုတိုင်းမှသားဦးနှင့်တိရစ္ဆာန်သား ဦးပေါက်တို့ကိုငါ့အတွက်ရွေးချယ်ခဲ့သည်။ ယခုဣသရေလအမျိုးသားတို့၏သားဦး အစားလေဝိအနွယ်ဝင်တို့ကိုငါ့အတွက် ရွေးယူပြီ။ သူတို့ကိုငါပိုင်၏။ ငါသည် ထာဝရဘုရားဖြစ်တော်မူသည်'' ဟု မိန့်တော်မူ၏။
မောရှေ၊ အာရုန်နှင့်သူ၏သားတို့သည်တဲ တော်အရှေ့ဘက်မျက်နှာတွင်စခန်းချရ မည်။ သူတို့သည်ဣသရေလအမျိုးသား တို့အတွက်သန့်ရှင်းရာဌာနတော်တွင် ကိုးကွယ်ဝတ်ပြုမှုဆိုင်ရာကိစ္စအဝဝတို့ ကိုဆောင်ရွက်ရသည်။ မဆိုင်သူကဝင်ရောက် ဆောင်ရွက်လျှင်ထိုသူအားသေဒဏ်စီရင် ရမည်။-
အကယ်၍ငါတို့၏ဆုကျေးဇူးသည်သူတစ်ပါး တို့အား ကူညီမစနိုင်စွမ်းဖြစ်ပါကကူညီမစ ကြရမည်။ ဋ္ဌမ္မပညာပို့ချနိုင်စွမ်းဖြစ်လျှင် ဋ္ဌမ္မပညာပို့ချကြရမည်။-
သို့ဖြစ်၍သင်တို့သည်လူမျိုးခြားမဟုတ်၊ သူ စိမ်းတစ်ရံဆံလည်းမဟုတ်ကြတော့ပေ။ သင်တို့ သည်ဘုရားသခင်၏လူစုတော်နှင့်အတူပြည် တော်သားများ၊ ကိုယ်တော်၏အိမ်ထောင်စုသား များဖြစ်ကြလေပြီ။-
ထာဝရဘုရားသည်သင်တို့၏အနွယ်များ ထဲမှလေဝိအနွယ်အား မိမိ၏အမှုတော် ကိုအမြဲဆောင်ရွက်ရန်ရွေးကောက်တော် မူ၏။''
ကိုယ်တော်သည်လောကတွင်ရှိနေတော်မူမည် ဆိုပါလျှင် ယဇ်ပုရောဟိတ်လုံးဝဖြစ်နိုင်လိမ့် မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ပညတ်တရား အရပူဇော်သကာများကိုဆက်သသူယဇ် ပုရောဟိတ်များရှိသောကြောင့်ပင်ဖြစ်၏။-
ဤမိက္ခာဆိုသူ၌ မိမိကိုယ်ပိုင်ဝတ်ပြုကိုး ကွယ်ရာဌာနတစ်ခုရှိ၏။ သူသည်ရုပ်တု များနှင့်သင်တိုင်းတော်တစ်ခုကိုပြုလုပ် ပြီးလျှင် မိမိသားတစ်ယောက်အားမိမိ ၏ယဇ်ပုရောဟိတ်အဖြစ်ဖြင့်ခန့်ထား လေသည်။-
ဗက်ရှေမက်မြို့သားခုနစ်ဆယ်တို့သည် ပဋိ ညာဉ်သေတ္တာတော်ထဲသို့ကြည့်မိသဖြင့် ထာဝရဘုရားသည် သူတို့အားသေဒဏ် ခတ်တော်မူ၏။ မြို့သားတို့သည်မိမိတို့ အထဲမှလူမြောက်မြားစွာကို ထာဝရ ဘုရားသေဒဏ်ခတ်တော်မူသောကြောင့် ငိုကြွေးမြည်တမ်းကြ၏။