ဟေဗြဲ 8:4 - Common Language Bible4 ကိုယ်တော်သည်လောကတွင်ရှိနေတော်မူမည် ဆိုပါလျှင် ယဇ်ပုရောဟိတ်လုံးဝဖြစ်နိုင်လိမ့် မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ပညတ်တရား အရပူဇော်သကာများကိုဆက်သသူယဇ် ပုရောဟိတ်များရှိသောကြောင့်ပင်ဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible4-5 တောင် ပေါ် မှာ သင့် အား ပြ သော ပုံ စံ နှင့် အ ညီ အ ရာ ရာ ကို လုပ် ရန် သ တိ ပြု လော့ ဟု တဲ တော် လုပ် အံ့ ဆဲ ဆဲ တွင် ဗျာ ဒိတ် တော် ကို မော ရှေ ခံ ရ သ ကဲ့ သို့ ကောင်း ကင် အ ရာ များ၏ အ တု အ ရိပ် ကို ဆောင်၍ ပ ညတ် တ ရား အ တိုင်း အ လှူ ဝ တ္ထု ဆက် ကပ် သူ များ ရှိ သော ကြောင့် ကိုယ် တော် သည် မြေ ပေါ်၌ စံ တော် မူ လျှင် ပ ရော ဟိတ် ဖြစ် တော့ သည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible4 ပညတ်တရားအတိုင်း ပူဇော်သကာကို ဆက်ကပ်သော ယဇ်ပုရောဟိတ်များ ရှိကြသည်ဖြစ်၍၊ ထိုသခင်သည် မြေကြီးပေါ်မှာရှိနေလျှင် ယဇ်ပုရောဟိတ်မလုပ်ရ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ကိုယ်တော်သည် ကမ္ဘာမြေကြီးပေါ်တွင်ရှိခဲ့လျှင် ပညတ်တရားအရ ပူဇော်သက္ကာကိုပူဇော်သောသူများရှိနေကြသည်ဖြစ်၍ ယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်မဟုတ်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း4 ဘုရားသခင်အား ပညတ်တရားအရ ပူဇော်စရာများပူဇော်ရသော ယဇ်ပုရောဟိတ်များသည် ကမ္ဘာလောကတွင် ရှိနေပြီဖြစ်သောကြောင့် ကိုယ်တော်သည် ကမ္ဘာလောကတွင်ရှိခဲ့လျှင် ယဇ်ပုရောဟိတ်ဖြစ်မည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
အာရုန်၏အဆက်အနွယ်မဟုတ်သူမည် သူတစ်စုံတစ်ယောက်မျှ ထာဝရဘုရား အားနံ့သာပေါင်းကိုပူဇော်ရန်ယဇ်ပလ္လင် သို့မချဉ်းကပ်ရဟုကြေးဝါအဖုံးက ဣသရေလအမျိုးသားတို့ကိုသတိပေး ၏။ ဤပညတ်ကိုမလိုက်နာသူသည်ကောရ နှင့်သူ၏နောက်လိုက်များနည်းတူ ပျက်စီး ဆုံးရှုံးရလိမ့်မည်။ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာတော်မူသမျှ တို့ကို ဧလာဇာဆောင်ရွက်လေသည်။
အာဗေလသည်ကာဣနပူဇော်သောယဇ် ထက်ပို၍မြတ်သည့်ယဇ်ကို ဘုရားသခင် အားပူဇော်သည်မှာယုံကြည်ခြင်းကြောင့် ဖြစ်၏။ သူ၏ယုံကြည်ခြင်းကိုထောက်၍ ဘုရားသခင်သည် သူ့အားဖြောင့်မတ်သူ အဖြစ်လက်ခံတော်မူ၏။ အဘယ်ကြောင့် ဆိုသော် သူ၏ပူဇော်သကာများကိုနှစ် သက်တော်မူသောကြောင့်ဖြစ်၏။ အာဗေလ သည်သေလွန်သော်လည်း မိမိ၏ယုံကြည် ခြင်းအားဖြင့်ယခုပင်ဟောပြောသေး၏။
ယဇ်ပုရောဟိတ်မင်းတို့သည်နေ့စဉ်ဦးစွာပထမ မိမိတို့ကိုယ်ပိုင်အပြစ်များအတွက်လည်းကောင်း၊ ထိုနောက်လူတို့၏အပြစ်များအတွက်လည်းကောင်း ယဇ်ပူဇော်ကြရလေသည်။ ကိုယ်တော်မူကားဤသို့ ပြုရန်မလို။ အဘယ်ကြောင့်ဆိုသော်မိမိအသက် ကိုတင်လှူပူဇော်စဉ်အခါက တစ်ကြိမ်တည်း အပြီးအပိုင်ယဇ်ပူဇော်ခဲ့ပြီးဖြစ်သော ကြောင့်တည်း။-