အီဂျစ်ပြည်တွင်အံ့သြဖွယ်ကောင်းသော အမှုတော်များဖြင့် မိမိတို့အားကယ်တော်မူခဲ့သောဘုရားသခင်ကို မေ့လျော့ကြ၏။
တောလည် 20:4 - Common Language Bible အကျွန်ုပ်တို့၏တိရစ္ဆာန်များနှင့်အတူသေ ကြေပျက်စီးစေခြင်းငှာ သင်တို့သည်အကျွန်ုပ် တို့အားဤတောကန္တာရသို့အဘယ်ကြောင့် ခေါ်ဆောင်ခဲ့ပါသနည်း။- Garrad Bible တိ ရ စ္ဆာန် များ ပါ ဤ သဲ တော တွင် သေ ကြ စေ ရန် ထာ ဝ ရ ဘု ရား၏ ပ ရိ သတ် ကို အ ဘယ် ကြောင့် ဆောင် ခဲ့ ကြ သ နည်း။ Judson Bible ငါတို့နှင့် ငါတို့တိရစ္ဆာန်များကို သေစေခြင်းငှာ၊ ထာဝရဘုရား၏ပရိသတ်ကို ဤတောသို့ အဘယ်ကြောင့်ဆောင်ခဲ့သနည်း။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် ထာဝရဘုရား၏လူအစုအဝေးဖြစ်သောငါတို့နှင့်တကွ ငါတို့၏တိရစ္ဆာန်များကိုလည်း ဤနေရာ၊ ဤတောကန္တာရထဲ၌သေစေရန် အဘယ်ကြောင့်ခေါ်ဆောင်ခဲ့သနည်း။ |
အီဂျစ်ပြည်တွင်အံ့သြဖွယ်ကောင်းသော အမှုတော်များဖြင့် မိမိတို့အားကယ်တော်မူခဲ့သောဘုရားသခင်ကို မေ့လျော့ကြ၏။
``ထာဝရဘုရားသည်အကျွန်ုပ်တို့ကို အီဂျစ်ပြည်၌ သေစေခဲ့လျှင်သာ၍ကောင်း မည်။ ထိုပြည်တွင်အကျွန်ုပ်တို့သည်အမဲ ဟင်းနှင့်မုန့်ကိုဝအောင်စားရကြ၏။ ယခု မှာမူအကျွန်ုပ်တို့အားလုံးအစာငတ်၍ သေစေခြင်းငှာ၊ ဤတောကန္တာရသို့ပို့ဆောင် ခဲ့ပါသည်တကား'' ဟုညည်းညူအပြစ် တင်ကြ၏။
သို့ရာတွင်လူတို့သည်အလွန်ရေငတ်သဖြင့် မောရှေအားညည်းညူလျက်``အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏သားသမီးများ၊ တိရစ္ဆာန်များ ကိုရေငတ်စေခြင်းငှာ အဘယ်ကြောင့်အီဂျစ် ပြည်မှထုတ်ဆောင်ခဲ့ပါသနည်း'' ဟုဆို ကြ၏။
``ဖာရောဘုရင်နှင့်သူ၏အရာရှိတို့ကကျွန်ုပ် တို့အားရွံမုန်းလာစေရန် သင်တို့ပြုလုပ်သည့် အတွက်ကြောင့်ထာဝရဘုရားသည်သင်တို့ အားစီရင်တော်မူပါစေသော။ ကျွန်ုပ်တို့အား သတ်ရန်သင်တို့သည်သူတို့လက်၌ဋ္ဌားကို အပ်ပေးလေပြီ'' ဟုဆိုကြ၏။
အသားသည်သူတို့၏နားများမှထွက်၍ အသားကိုရွံမုန်းလာသည့်တိုင်အောင် တစ်လ လုံးလုံးစားရကြမည်။ ဤသို့ဖြစ်ရခြင်းမှာ သူတို့သည်အီဂျစ်ပြည်ကိုတသလျက်သူ တို့နှင့်အတူရှိတော်မူသောထာဝရဘုရား ကိုပစ်ပယ်ကာညည်းညူကြသောကြောင့်ဖြစ် သည်'' ဟုမိန့်တော်မူ၏။
ငါတို့သည်အီဂျစ်ပြည်တွင် ငါးကိုအဖိုး အခမပေးရဘဲလိုသလောက်စားရ၏။ သခွားသီး၊ ဖရဲသီး၊ ကြက်သွန်မြိတ်၊ ကြက် သွန်နီ၊ ကြက်သွန်ဖြူတို့ကိုလည်းစားရ၏။-
သူတို့သည်မောရှေနှင့်အာရုန်တို့အား``ငါတို့ သည်အီဂျစ်ပြည်၌ဖြစ်စေ၊ ဤတောကန္တာရ ၌ပင်ဖြစ်စေသေရခြင်းကသာ၍ကောင်း ပါသေးသည်။-
နောက်တစ်နေ့တွင်ဣသရေလအမျိုးသား အပေါင်းတို့သည် မောရှေနှင့်အာရုန်တို့အား``သင် တို့သည်ထာဝရဘုရား၏လူမျိုးတော်ဝင် အချို့ကိုသတ်ပစ်ကြပြီ'' ဟုအပြစ်တင်ကြ လေသည်။-
``မောရှေကားဣသရေလအမျိုးသားတို့၏ ပစ်ပယ်ခြင်းကိုခံရသူတည်း။ သူတို့က`ငါတို့ ကိုတရားစီရင်အုပ်ချုပ်သူအဖြစ်ဖြင့် သင့် အားမည်သူခန့်ထားသနည်း' ဟုသူ့အားမေး ကြ၏။ သူသည်ဣသရေလအမျိုးသားတို့ ကိုအုပ်ချုပ်ရန်နှင့် မီးလျှံတောက်သောချုံတွင် ထင်ရှားသောကောင်းကင်တမန်၏အကူအညီ ဖြင့် ဣသရေလအမျိုးသားတို့လွတ်မြောက် ရေးဆောင်ရွက်ရန်ဘုရားသခင်စေလွှတ်သော သူဖြစ်သည်။-
အဖြစ်မှန်မှာဣသရေလအမျိုးသားတို့ သည် အီဂျစ်ပြည်မှထွက်ခွာလာသောအခါ ၌သူတို့သည်သဲကန္တာရကိုဖြတ်၍ အာက ဘာပင်လယ်ကွေ့အနီးကာဒေရှမြို့သို့ ရောက်ရှိကြ၏။-