တောလည် 11:20 - Common Language Bible20 အသားသည်သူတို့၏နားများမှထွက်၍ အသားကိုရွံမုန်းလာသည့်တိုင်အောင် တစ်လ လုံးလုံးစားရကြမည်။ ဤသို့ဖြစ်ရခြင်းမှာ သူတို့သည်အီဂျစ်ပြည်ကိုတသလျက်သူ တို့နှင့်အတူရှိတော်မူသောထာဝရဘုရား ကိုပစ်ပယ်ကာညည်းညူကြသောကြောင့်ဖြစ် သည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible20 သင်တို့နှာခေါင်းထဲက အမဲသားထွက်၍ ရွံစရာဖြစ်သည်တိုင်အောင် တစ်လပတ်လုံး စားရကြမည်။ အကြောင်းမူကား၊ သင်တို့တွင်ရှိတော်မူသော ထာဝရဘုရားကို၊ သင်တို့သည် မထီမဲ့မြင်ပြုလျက်၊ ငါတို့သည် အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ထွက်လာရကြသနည်းဟု ရှေ့တော်၌ငိုကြွေးလျက် ပြောဆိုကြပြီတကားဟု မောရှေအားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 သင်တို့နှင့်အတူရှိတော်မူသောထာဝရဘုရားကို သင်တို့ စွန့်ပယ်ကြ၍ ငါတို့သည် အဘယ်ကြောင့် အီဂျစ်ပြည်မှထွက်လာကြသနည်းဟု ထာဝရဘုရားရှေ့တော်၌ ငိုကြွေးလျက်ဆိုကြသောကြောင့် သင်တို့၏နှာခေါင်းမှထွက်၍ သင်တို့ရွံရှာသည်အထိ တစ်လလုံး အသားကို စားရလိမ့်မည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
``ထာဝရဘုရားသည်အကျွန်ုပ်တို့ကို အီဂျစ်ပြည်၌ သေစေခဲ့လျှင်သာ၍ကောင်း မည်။ ထိုပြည်တွင်အကျွန်ုပ်တို့သည်အမဲ ဟင်းနှင့်မုန့်ကိုဝအောင်စားရကြ၏။ ယခု မှာမူအကျွန်ုပ်တို့အားလုံးအစာငတ်၍ သေစေခြင်းငှာ၊ ဤတောကန္တာရသို့ပို့ဆောင် ခဲ့ပါသည်တကား'' ဟုညည်းညူအပြစ် တင်ကြ၏။
တစ်ဖန်မောရှေက``ထာဝရဘုရားသည်သင် တို့၏အပြစ်တင်ညည်းညူသံကိုကြားတော် မူသဖြင့် သင်တို့စားရန်ညနေတွင်အသား ကိုလည်းကောင်း၊ နံနက်တွင်လိုသမျှမုန့်ကို လည်းကောင်းပေးတော်မူလိမ့်မည်။ သင်တို့သည် ငါတို့အားအပြစ်တင်ညည်းညူကြခြင်း သည်စင်စစ်အားဖြင့်ထာဝရဘုရားအား အပြစ်တင်ညည်းညူကြခြင်းပင်ဖြစ်၏'' ဟုဆိုလေ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ယဇ် ပုရောဟိတ်တို့အား``သားသည်ဖခင်အား လည်းကောင်း၊ အစေခံသည်သခင်အားလည်း ကောင်းရိုသေလေးစား၏။ ငါသည်သင်တို့၏ ဖခင်ဖြစ်ပေသည်။ အဘယ်ကြောင့်သင်တို့ ငါ့အားမရိုသေကြပါသနည်း။ ငါသည် သင်တို့၏သခင်ဖြစ်ပေသည်။ အဘယ်ကြောင့် သင်တို့ငါ့အားမလေးစားကြပါသနည်း။ သင်တို့သည် ငါ့အားမထီမဲ့မြင်ပြုပြီး လျှင်``ကိုယ်တော်ရှင်အားကျွန်တော်မျိုးတို့ အဘယ်သို့မထီမဲ့မြင်ပြုမိကြပါသ နည်း'' ဟုမေးလျှောက်ကြ၏။-
ငါသည်သင်တို့၏ဘုရား၊ ဆင်းရဲဒုက္ခများ နှင့်အခက်အခဲများမှသင်တို့ကိုကယ် တော်မူသောဘုရားဖြစ်တော်မူ၏။ သို့ရာ တွင်သင်တို့သည်ငါ့ကိုပစ်ပယ်ကာငါ၏ ထံမှဘုရင်ကိုတောင်းခံခဲ့ကြ၏။ ကောင်း ပြီ။ သင်တို့သည်ထာဝရဘုရား၏ရှေ့ တော်၌အနွယ်အလိုက်၊ သားချင်းစုအလိုက် စုရုံးကြလော့' ဟုမိန့်တော်မူသည်။''
ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-