သူတို့သည်မေရိဘစမ်းချောင်းအနီးတွင် ထာဝရဘုရားအားအမျက်ထွက်စေကြ၏။ သူတို့အတွက်ကြောင့်မောရှေသည်ဒုက္ခရောက် ရ၏။
တောလည် 20:2 - Common Language Bible စခန်းချရာအရပ်တို့တွင်ရေမရှိသောကြောင့် သူတို့သည်မောရှေနှင့်အာရုန်တို့ထံသို့စုရုံး လာကြပြီးလျှင်၊- Garrad Bible မော ရှေ၊ အာ ရုန် တို့ နှင့် ဆန့် ကျင် ဘက် စု ရုံး ကြ ရာ၊ Judson Bible ပရိသတ်တို့ သောက်စရာရေမရှိသောကြောင့်၊ မောရှေနှင့် အာရုန်တစ်ဖက်၌ စုဝေးကြလျက်၊ မြန်မာ့စံမီသမ္မာကျမ်း ရေမရှိသဖြင့် လူထုတို့သည်စုရုံး၍ မောရှေနှင့်အာရုန်တို့ကို ဆန့်ကျင်ကြ၏။ |
သူတို့သည်မေရိဘစမ်းချောင်းအနီးတွင် ထာဝရဘုရားအားအမျက်ထွက်စေကြ၏။ သူတို့အတွက်ကြောင့်မောရှေသည်ဒုက္ခရောက် ရ၏။
``ငါသည်ဣသရေလအမျိုးသားတို့၏ ညည်းညူအပြစ်တင်သံကိုကြားရပြီ။ သူ တို့သည်ညဦးယံ၌အသားကိုစားရကြ မည်။ နံနက်တွင်မုန့်ကိုလိုသမျှရကြမည်။ ထိုအခါငါထာဝရဘုရားသည်သူတို့ ၏ဘုရားသခင်ဖြစ်သည်ကို သူတို့သိရ ကြလိမ့်မည်ဖြစ်ကြောင်းသူတို့အားဆင့် ဆိုလော့'' ဟုမိန့်တော်မူ၏။
နံနက်အချိန်သို့ရောက်လျှင် သင်တို့သည် ထာဝရဘုရား၏တောက်ပသောဘုန်းတော် ကိုမြင်ရကြမည်။ ထာဝရဘုရားအားသင် တို့အပြစ်တင်ညည်းညူသံကိုကိုယ်တော် ကြားတော်မူပြီ။ ငါတို့သည်ထာဝရဘုရား မိန့်မှာသမျှအတိုင်းဆောင်ရွက်ရသူများ ဖြစ်သဖြင့် သင်တို့သည်ထာဝရဘုရားကို သာအပြစ်တင်ကြခြင်းဖြစ်သည်'' ဟုဆို လေ၏။-
သူတို့သည်မောရှေနှင့်အာရုန်တို့အား``ငါတို့ သည်အီဂျစ်ပြည်၌ဖြစ်စေ၊ ဤတောကန္တာရ ၌ပင်ဖြစ်စေသေရခြင်းကသာ၍ကောင်း ပါသေးသည်။-
ထာဝရဘုရားကိုမပုန်ကန်ကြပါနှင့်။ ခါနာန်ပြည်သားတို့ကိုလည်းမကြောက်ရွံ့ ကြပါနှင့်။ ငါတို့သည်သူတို့ကိုလွယ်ကူ စွာတိုက်ခိုက်အောင်မြင်နိုင်ပါမည်။ ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၍ သူတို့ကိုကွယ်ကာစောင့်ရှောက်သောဘုရား များကိုလည်း နှိမ်နင်းအောင်မြင်တော်မူပြီး ဖြစ်၍မကြောက်ရွံ့ကြပါနှင့်'' ဟုလူတို့ အားပြောကြ၏။-
ကောရသည်လူအပေါင်းတို့ကိုစုဝေးစေ ၍တဲတော်တံခါးဝတွင် မောရှေနှင့်အာရုန် တို့ကိုမျက်နှာချင်းဆိုင်၍ရပ်နေစေသည်။ ထိုခဏချင်းတွင်လူအပေါင်းတို့ရှေ့၌ ထာဝရဘုရား၏ဘုန်းအသရေတော် ထွန်းတောက်လေသည်။-
ထိုသူအပေါင်းတို့သည်မောရှေနှင့်အာရုန် တို့ရှေ့တွင်စုရုံးရောက်ရှိလာ၍``သင်တို့၏ အပြုအမူမှာလွန်ကဲလေပြီ။ ဣသရေလ အမျိုးသားအပေါင်းကိုထာဝရဘုရား ရွေးကောက်တော်မူ၍ ထာဝရဘုရားသည် တစ်မျိုးသားလုံးနှင့်အတူရှိတော်မူ၏။ သို့ ဖြစ်၍မောရှေသည်အဘယ်ကြောင့်ထာဝရ ဘုရား၏ပရိသတ်အပေါ်မှာမိမိကိုယ် ကိုချီးမြှောက်ရပါသနည်း'' ဟုဆိုကြ၏။
သူတို့သည်မောရှေနှင့်အာရုန်တို့ကိုအပြစ် တင်ရန်စုဝေးလာပြီးနောက်တဲတော်ဘက်သို့ မျှော်ကြည့်ရာ မိုးတိမ်သည်တဲတော်ကိုဖုံးလျက် ထာဝရဘုရား၏ဘုန်းအသရေတော်ထွန်း တောက်သည်ကိုမြင်ရလေသည်။-
ဘုရားသခင်နှင့်မောရှေတို့အားပြစ်တင်ပြော ဆိုကြလေသည်။ သူတို့က``အစာရေစာမရှိ သည့်ဤတောကန္တာရတွင်သေစေရန် အဘယ် ကြောင့် အကျွန်ုပ်တို့ကိုအီဂျစ်ပြည်မှခေါ် ဆောင်လာပါသနည်း။ ဤပေါ့ပျက်သော အစားအစာကိုလည်း အကျွန်ုပ်တို့ငြီး ငွေ့လာပါပြီ'' ဟုညည်းညူကြ၏။-