တောလည် 16:3 - Common Language Bible3 ထိုသူအပေါင်းတို့သည်မောရှေနှင့်အာရုန် တို့ရှေ့တွင်စုရုံးရောက်ရှိလာ၍``သင်တို့၏ အပြုအမူမှာလွန်ကဲလေပြီ။ ဣသရေလ အမျိုးသားအပေါင်းကိုထာဝရဘုရား ရွေးကောက်တော်မူ၍ ထာဝရဘုရားသည် တစ်မျိုးသားလုံးနှင့်အတူရှိတော်မူ၏။ သို့ ဖြစ်၍မောရှေသည်အဘယ်ကြောင့်ထာဝရ ဘုရား၏ပရိသတ်အပေါ်မှာမိမိကိုယ် ကိုချီးမြှောက်ရပါသနည်း'' ဟုဆိုကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible3-4 မော ရှေ၊ အာ ရုန် တို့ ကို ဆန့် ကျင် ဘက် စု ရုံး ကြ ရာ တော် လှပေ၏။ လူ ပ ရိ သတ် အား လုံး သည် သန့် ရှင်း၏။ ထာ ဝ ရ ဘု ရား လည်း သူ တို့ အ လယ် တွင် ရှိ တော် မူ၏။ ထာ ဝ ရ ဘု ရား၏ ပ ရိ သတ် အ ပေါ် တွင် ကိုယ် ကို ဂုဏ် တင် ကြ သည် မှာ အ ဘယ် ကြောင့် နည်း ဟူ သော စ ကား ကို မော ရှေ ကြား လျှင် ပျပ် ဝပ် လေ၏။ အခန်းကိုကြည့်ပါ။Judson Bible3 မောရှေနှင့် အာရုန်တစ်ဖက်၌စုဝေးလျက်၊ သင်တို့သည် အမှုတော်ကို စောင့်လွန်း၏။ ပရိသတ်ရှိသမျှအပေါင်းတို့သည် သန့်ရှင်းကြ၏။ ထာဝရဘုရားသည် သူတို့တွင်ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား၏ပရိသတ်အပေါ်မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ် ချီးမြှောက်ရသနည်းဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ထိုသူတို့သည် စုရုံး၍ မောရှေနှင့်အာရုန်အား “သင်တို့ တရားလွန်နေပြီ။ လူထုအပေါင်းတို့သည် တစ်ယောက်မကျန် သန့်ရှင်းကြ၏။ ထာဝရဘုရားသည်လည်း သူတို့နှင့်အတူရှိတော်မူ၏။ ထာဝရဘုရား၏လူအစုအဝေးအပေါ် သင်တို့ကိုယ်သင်တို့ အဘယ်ကြောင့် ချီးမြှောက်ရသနည်း”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
သူတို့ကဤပြည်ရှိပြည်သားတို့အားသတင်း ပြောကြားကြပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အတူရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်၏မိုးတိမ်သည်အကျွန်ုပ် တို့၏အထက်တွင်ထင်ရှားစွာတည်နေကြောင်း ကိုလည်းကောင်း၊ ကိုယ်တော်သည်နေ့အချိန်တွင် မိုးတိမ်တိုင်၊ ညအချိန်တွင်မီးတိမ်တိုင်အား ဖြင့်အကျွန်ုပ်တို့ရှေ့မှကြွသွားတော်မူကြောင်း ကိုလည်းကောင်း ဤပြည်ရှိပြည်သားများသိ ရပြီးဖြစ်ပါသည်။-