ဆဋ္ဌမနေ့၌ဘုရားသခင်သည် မိမိဖန်ဆင်း ခြင်းအမှုအလုံးစုံပြီးစီး၍ သတ္တမနေ့၌ ရပ်နားတော်မူ၏။-
တောလည် 19:19 - Common Language Bible သန့်စင်သူကမသန့်စင်သူကိုတတိယနေ့ နှင့် သတ္တမနေ့များတွင်ရေနှင့်ဖျန်းရမည်။ မ သန့်စင်သူအားသန့်စင်ခြင်းဝတ်ကိုပြုလုပ် ပေးရမည်။ သတ္တမနေ့တွင်သန့်စင်သူကမိမိ ၏အဝတ်များကိုဖွတ်လျှော်၍ ရေချိုးပြီး နောက်နေဝင်ချိန်တွင်သန့်စင်လာလိမ့်မည်။ Garrad Bible တ တိ ယ နေ့၊ သ တ္တ မ နေ့ တွင် ဖျန်း သ ဖြင့် သ တ္တ မ နေ့ ပင် အာ ပတ် ဖြေ ပြီး နောက် မ သန့် သူ သည် အ ဝတ် လျှော် ခြင်း၊ ရေ ချိုး ခြင်း ပြု၍ ညဉ့် ဦး အ ချိန် သန့် ရာ ရောက် လိမ့် မည်။ Judson Bible စင်ကြယ်သောသူသည် မစင်ကြယ်သောသူကို သုံးရက်မြောက်သောနေ့၊ ခုနစ်ရက်မြောက်သောနေ့၌ ဖျန်းရမည်။ ခုနစ်ရက်မြောက်သောနေ့၌ ကိုယ်ကိုသန့်ရှင်းစေလျက်၊ မိမိအဝတ်ကိုလျှော်၍ ရေချိုးလျှင်၊ ညဉ့်ဦးအချိန်တွင် စင်ကြယ်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း စင်ကြယ်သောသူသည် ထိုရေဖြင့် မစင်ကြယ်သောသူအား တတိယနေ့၊ သတ္တမနေ့တို့၌ ဖျန်းရမည်။ သတ္တမနေ့၌ မစင်ကြယ်သောသူသည် မိမိကိုယ်မိမိ သန့်စင်စေရမည်။ မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်ရောက်လျှင် စင်ကြယ်လိမ့်မည်။ |
ဆဋ္ဌမနေ့၌ဘုရားသခင်သည် မိမိဖန်ဆင်း ခြင်းအမှုအလုံးစုံပြီးစီး၍ သတ္တမနေ့၌ ရပ်နားတော်မူ၏။-
ထာဝရဘုရားကမောရှေအား``လူအပေါင်း တို့အား ထာဝရဘုရားကိုဝတ်ပြုကိုးကွယ် ရန်ပြင်ဆင်သည့်အနေဖြင့် ယနေ့နှင့်နက်ဖြန် နေ့တွင်မိမိတို့ကိုယ်ကိုသန့်စင်စေရန်ပြော လော့။ သူတို့သည်မိမိတို့အဝတ်များကို ဖွပ်လျှော်၍၊-
ငါသည်သင်တို့ကိုသန့်စင်သောရေဖြင့်ပက် ဖြန်း၍ သင်တို့၏ရုပ်တုများနှင့်အခြား ညစ်ညမ်းသည့်အရာရှိသမျှမှသန့်စင် သွားစေမည်။-
ထို့နောက်သူသည်ကိုယ်ရေပြားရောဂါ ပျောက်ကင်းသူအား သွေးဖြင့်ခုနစ်ကြိမ်ပက် ဖျန်းပြီးလျှင်သန့်စင်သူဖြစ်ကြောင်းကြေ ညာရမည်။ ငှက်အရှင်ကိုကွင်းပြင်သို့ပျံ စေရမည်။-
သတ္တမနေ့တွင်သူ၏ဆံပင်၊ မုတ်ဆိတ်မွေး၊ မျက်ခုံးမွေးနှင့်ကိုယ်ပေါ်မှအမွေးရှိသမျှ ကိုတစ်ဖန်ရိတ်ပြီးလျှင် မိမိအဝတ်များ ကိုဖွပ်လျှော်၍ရေချိုးရမည်။ ထိုအခါသူ သည်ဘာသာရေးထုံးနည်းအရသန့်စင် လိမ့်မည်။
သူသည်တတိယနေ့နှင့်သတ္တမနေ့များ တွင်သန့်စင်ခြင်းဝတ်ဆိုင်ရာရေဖြင့် မိမိ ကိုယ်ကိုသန့်စင်စေရမည်။ ထိုနောက်သူ သည်သန့်စင်လာလိမ့်မည်။ တတိယနေ့ နှင့်သတ္တမနေ့များတွင်သန့်စင်မှုမပြု လျှင် သူသည်သန့်စင်လိမ့်မည်မဟုတ်။-
လူသေကောင်ကိုကိုင်တွယ်မိသောသူသည် သန့်စင်ခြင်းဝတ်ဆိုင်ရာရေကိုကိုယ်ပေါ်သို့ ပက်၍ သန့်စင်မှုမပြုလျှင်မသန့်စင်ဘဲရှိ နေလိမ့်မည်။ ထိုသူသည်ထာဝရဘုရား၏ တဲတော်ကိုညစ်ညမ်းစေသဖြင့် ဘုရားသခင် ၏လူမျိုးတော်မှထုတ်ပယ်ခြင်းခံရမည်။
အိမ်၌လူသေသဖြင့်မသန့်စင်မှုပေါ်ပေါက် ခဲ့သော် ဘာသာရေးထုံးနည်းအရသန့်စင် သူက ဟုဿုပ်ညွန့်ကိုရေထဲ၌နှစ်ပြီးလျှင် တဲကိုလည်းကောင်း၊ တဲထဲ၌ရှိသမျှသော ပစ္စည်းများနှင့်လူများကိုလည်းကောင်းဖျန်း ရမည်။ လူသေအရိုး၊ လူသေကောင်သို့မဟုတ် သင်္ချိုင်းကိုကိုင်တွယ်မိ၍ မသန့်စင်သူကို သန့်စင်သူကရေနှင့်ဖျန်းရမည်။-
သင်တို့တွင်လူအသက်ကိုသတ်ခဲ့သူနှင့် လူသေကောင်ကို ကိုင်တွယ်မိခဲ့သူအပေါင်း တို့သည်စခန်းအပြင်ဘက်တွင်ခုနစ်ရက် နေထိုင်ရကြမည်။ တတိယနေ့နှင့်သတ္တမ နေ့ရက်များ၌ သင်တို့နှင့်သင်တို့ဖမ်းဆီး ခဲ့သောအမျိုးသမီးများအတွက် သန့်စင်ခြင်းဝတ်ကိုပြုရမည်။-
သတ္တမနေ့တွင်သင်တို့၏အဝတ်အင်္ကျီ များကိုဖွပ်လျှော်ရမည်။ ထိုနောက်သင်တို့ သည်သန့်စင်ပြီဖြစ်သဖြင့် စခန်းအတွင်း သို့ပြန်လည်ဝင်ရောက်နိုင်သည်ဟူ၍ဖြစ် သည်'' ဟုဆိုလေ၏။
ငါတို့အားဆိုးညစ်မိုက်မဲမှုအပေါင်းမှကယ် ဆယ်တော်မူရန်လည်းကောင်း၊ ငါတို့သည်စိတ် နှလုံးဖြူစင်သန့်ရှင်းလျက်ကိုယ်တော်သာ လျှင်ပိုင်တော်မူသောသူများဖြစ်လျက် အကျင့် ကောင်းများ၌စိတ်အားထက်သန်ကြစေရန် လည်းကောင်းခရစ်တော်သည်ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
သို့ဖြစ်၍ငါတို့သည်မိမိတို့၏သန့်သော သြတ္တပ္ပစိတ်စင်ကြယ်လျက် ငါတို့၏ကိုယ်ခန္ဓာ များကိုရေစင်ဖြင့်ဆေးကြော၍ရိုးသားသော စိတ်၊ ခိုင်မာသောယုံကြည်ခြင်းတို့ဖြင့်ဘုရား သခင်ထံတော်သို့ချဉ်းကပ်ကြကုန်အံ့။-
သို့ရာတွင်ကိုယ်တော်သည်အလင်းတွင်ရှိတော် မူသကဲ့သို့ ငါတို့သည်အလင်းတွင်ကျင်လည် ကြပါမူ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် မိတ်သဟာယဖွဲ့ခြင်းရှိကြ၏။ ဘုရားသခင် ၏သားတော်သခင်ယေရှု၏သွေးတော်သည် လည်းငါတို့၏အပြစ်ရှိသမျှကိုဆေးကြော စင်ကြယ်စေတော်မူလိမ့်မည်။