တောလည် 19:18 - Common Language Bible18 အိမ်၌လူသေသဖြင့်မသန့်စင်မှုပေါ်ပေါက် ခဲ့သော် ဘာသာရေးထုံးနည်းအရသန့်စင် သူက ဟုဿုပ်ညွန့်ကိုရေထဲ၌နှစ်ပြီးလျှင် တဲကိုလည်းကောင်း၊ တဲထဲ၌ရှိသမျှသော ပစ္စည်းများနှင့်လူများကိုလည်းကောင်းဖျန်း ရမည်။ လူသေအရိုး၊ လူသေကောင်သို့မဟုတ် သင်္ချိုင်းကိုကိုင်တွယ်မိ၍ မသန့်စင်သူကို သန့်စင်သူကရေနှင့်ဖျန်းရမည်။- အခန်းကိုကြည့်ပါ။Garrad Bible18 သန့် သူ တစ် ဦး တစ် ယောက် သည် ဟုဿုပ် ညွန့် ကို ကိုင် ယူ လျက် ထို ရေ တွင် ဆွတ်၍ တဲ၊ လူ၊ အိုး ရှိ သ မျှ၌ လည်း ကောင်း၊ ဓား ဖြင့် သေ သူ မှ စ သော သူ သေ အ လောင်း၊ အ ရိုး၊ သင်္ချိုင်း များ ကို ထိ မိ သူ တို့၌ လည်း ကောင်း၊ အခန်းကိုကြည့်ပါ။Judson Bible18 စင်ကြယ်သောသူသည်၊ ဟုဿုပ်ပင်ညွန့်ကို ရေ၌နှစ်၍တဲပေါ်မှာလည်းကောင်း၊ တန်ဆာများ၊ တဲ၌ရှိသောလူများပေါ်မှာလည်းကောင်း၊ လူသေအရိုး၊ သတ်၍သေသောသူ၊ နာ၍သေသောသူ၊ လူသင်္ချိုင်းကိုထိသောသူပေါ်မှာလည်းကောင်း၊ ထိုရေကိုဖျန်းရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 စင်ကြယ်သောသူသည် ဟုဿုပ်ညွန့်ကိုယူ၍ ထိုရေထဲသို့နှစ်ပြီး တဲနှင့် တဲထဲရှိအသုံးအဆောင်အားလုံးကိုလည်းကောင်း၊ တဲထဲရှိလူတို့ကိုလည်းကောင်း၊ လူသေအရိုး၊ အသတ်ခံရသူ၊ အလိုလိုသေသောသူ၊ သင်္ချိုင်းဂူကို ထိမိသောသူကိုလည်းကောင်း ဖျန်းရမည်။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ဘာသာရေးထုံးနည်းအရသန့်စင် သူတစ်ဦးက နွားမ၏ပြာကိုစုသိမ်း၍ စခန်းအပြင်ဘက်ရှိဘာသာရေးထုံးနည်း အရ သန့်သောနေရာတွင်ထားရမည်။ ဣသ ရေလအမျိုးသားတို့သည်ဘာသာရေး ထုံးနည်းအရ မသန့်စင်မှုကိုသန့်စင်စေမည့် ရေကိုဖော်စပ်ရာ၌ထိုပြာကိုအသုံးပြု ရမည်။ ဤဝတ်သည်အပြစ်ကင်းစေရန်ပြု သောဝတ်ဖြစ်သည်။-
ဘုရားသခင်သည်သင်တို့အားခရစ်တော် ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေတော် မူ၏။ ခရစ်တော်အားငါတို့၏ဉာဏ်ပညာ ဖြစ်စေတော်မူ၏။ ကိုယ်တော်အားဖြင့်ဘုရား သခင်သည် ငါတို့ကိုမိမိနှင့်မှန်ကန်စွာဆက် သွယ်စေတော်မူ၍ ငါတို့သည်ဘုရားသခင်၏ လူစုတော်ဖြစ်လျက်လွတ်မြောက်ခွင့်ကိုရရှိ ကြ၏။-
ခရစ်တော်၏သွေးတော်သည်ထိုအရာတို့ထက် အဘယ်မျှပို၍ သန့်စင်နိုင်စွမ်းရှိလိမ့်မည်နည်း။ ခရစ်တော်သည်ထာဝရဝိညာဉ်တော်အားဖြင့် မိမိကိုယ်ကိုအပြစ်အနာအဆာကင်းသည့် ယဇ်ကောင်အဖြစ်ဖြင့် ဘုရားသခင်အားပူဇော် ဆက်သတော်မူ၏။ အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်ကိုငါတို့ဆောင် ရွက်နိုင်ကြစေရန် ခရစ်တော်၏သွေးတော်သည် အကျိုးမဲ့သည့်ထုံးနည်းများကိုလိုက်နာမှု ကြောင့် မကြည်လင်သောငါတို့၏သြတ္တပ္ပ စိတ်ကိုကြည်လင်စေတော်မူလိမ့်မည်။