မောရှေသည်သူတို့ပြောဆိုသောစကား ကိုကြားလျှင် မြေပေါ်တွင်ပျပ်ဝပ်၍ဆု တောင်းလေ၏။-
ထိုစကားကိုမောရှေကြားလျှင် ပျပ်ဝပ်လျက်နေ၏။
မောရှေသည် ထိုစကားကိုကြားသောအခါ ပျပ်ဝပ်လျက်နေလေ၏။
ယင်းသို့ထိုသူတို့သတ်ဖြတ်နေကြချိန် ၌ငါသည်တစ်ယောက်တည်းကျန်ခဲ့၏။ ငါ သည်မြေပေါ်သို့လှဲချပျပ်ဝပ်ကာ``အရှင် ထာဝရဘုရား၊ ကိုယ်တော်သည်ဣသရေလ ပြည်တွင်ကျန်ရှိသမျှသောလူတို့ကိုသတ် ဖြတ်စေသည့်တိုင်အောင် ယေရုရှလင်မြို့ကို အမျက်ထွက်တော်မူပါသလော'' ဟုဟစ် အော်လျှောက်ထား၏။
ထိုအခါမောရှေနှင့်အာရုန်တို့သည် လူ အပေါင်းတို့ရှေ့တွင်မြေပေါ်၌ပျပ်ဝပ် လျက်နေကြ၏။-
သို့ရာတွင်မောရှေနှင့်အာရုန်တို့သည်မြေ ပေါ်တွင်ပျပ်ဝပ်၍`အို ဘုရားသခင်၊ ကိုယ် တော်သည်လူသတ္တဝါအပေါင်းတို့၏အသက် သခင်ဖြစ်တော်မူပါ၏။ လူတစ်ဦးတစ် ယောက်၏အပြစ်ကြောင့်တစ်မျိုးသားလုံး ကိုအမျက်ထွက်တော်မူမည်လော'' ဟု လျှောက်ထားလေသည်။
``ဤသူတို့ထံမှခွာ၍နေလော့။ ငါသည်သူတို့ ကိုချက်ချင်းဖျက်ဆီးပစ်မည်'' ဟုမိန့်တော်မူ၏။ ထိုအခါမောရှေနှင့်အာရုန်တို့သည်မြေပေါ် တွင်ပျပ်ဝပ်လျက်နေကြ၏။-
ထိုနောက်သူသည်ကောရနှင့်အပေါင်းပါတို့ အား``နက်ဖြန်နေ့နံနက်တွင်ထာဝရဘုရား သည်မည်သူ့ကိုရွေးကောက်ကြောင်းပြတော် မူမည်။ ထာဝရဘုရားသည်မိမိရွေးကောက် သောသူအားကိုယ်တော်၏ယဇ်ပလ္လင်အနီး သို့ချဉ်းကပ်စေတော်မူမည်။-
ထိုအခါမောရှေနှင့်အာရုန်တို့သည်လူအစု အဝေးမှထွက်ခွာ၍ တဲတော်တံခါးဝတွင်ရပ် နေကြ၏။ သူတို့သည်ပျပ်ဝပ်လျက်နေကြစဉ် ထာဝရဘုရား၏တောက်ပသောဘုန်းအသ ရေတော်ထင်ရှားလာ၏။
ယောရှုနှင့်ဣသရေလအမျိုးသားခေါင်း ဆောင်တို့သည်ဝမ်းနည်းစိတ်ပျက်လျက် မိမိ တို့၏အဝတ်များကိုဆုတ်ဖြဲ၍ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ဝမ်း နည်းသည့်အနေဖြင့် မိမိတို့၏ဦးခေါင်း ပေါ်မှာမြေမှုန့်တင်လျက်ညဦးတိုင်အောင် ပျပ်ဝပ်လျက်နေကြ၏။-