Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 7:6 - Common Language Bible

6 ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​တို့​သည်​ဝမ်း​နည်း​စိတ်​ပျက်​လျက် မိ​မိ တို့​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​၍ ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​ဝမ်း နည်း​သည့်​အ​နေ​ဖြင့် မိ​မိ​တို့​၏​ဦး​ခေါင်း ပေါ်​မှာ​မြေ​မှုန့်​တင်​လျက်​ညဦး​တိုင်​အောင် ပျပ်​ဝပ်​လျက်​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ယော ရှု လည်း၊ ဣ သ ရေ လ လူ ကြီး တို့ နှင့် တ ကွ အ ဝတ် ဆုတ် ခြင်း၊ ဦး ခေါင်း ထက် မြေ မှုန့် ကြဲ ခြင်း များ ကို ပြု လျက်၊ ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် ရှေ့ ညဉ့် ဦး တိုင် အောင် ပျပ် ဝပ် ကြ ပြီး မှ

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထို​အ​ခါ ယော​ရှု​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​နှင့်​တ​ကွ၊ မိ​မိ​တို့​ခေါင်း​ပေါ်၌ မြေ​မှုန့်​ကို​တင်၍ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ ညဉ့်​ဦး​တိုင်​အောင် ဝပ်​လျက်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထိုအခါ ယောရှု​သည် မိမိ​အဝတ်​ကို​ဆုတ်​၍ အစ္စရေး​သက်ကြီးဝါကြီး​တို့​နှင့်တကွ နေဝင်ချိန်​တိုင်အောင် ထာဝရဘုရား​၏​သေတ္တာ​တော်​ရှေ့​၊ မြေ​ပေါ်မှာ​ပျပ်ဝပ်​လျက်​၊ ခေါင်း​ပေါ်၌ မြေမှုန့်​ကို​တင်​လျက်​နေ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 7:6
30 ပူးပေါင်းရင်းမြစ်များ  

ရု​ဗင်​သည်​တွင်း​သို့​ပြန်​လာ​ပြီး​လျှင်​ယော​သပ် ကို​ရှာ​၍​မ​တွေ့​ရ​သော​အ​ခါ အ​လွန်​စိတ်​မ​ချမ်း မ​သာ​ဖြစ်​သ​ဖြင့်​မိ​မိ​အ​ဝတ်​များ​ကို​ဆုတ် ဖြဲ​လေ​၏။-


ယာ​ကုပ်​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သ​ဖြင့် မိ​မိ​၏ အ​ဝတ်​အင်္ကျီ​ကို​ဆုတ်​ဖြဲ​၍​လျှော်တေ​အ​ဝတ်​ကို ဝတ်​လေ​၏။ သူ​သည်​သား​အ​တွက်​ကာ​လ​အ​တန် ကြာ​မျှ​ပူ​ဆွေး​တမ်း​တ​လျက်​နေ​လေ​၏။-


ဒါ​ဝိဒ်​နှင့်​သူ​၏​လူ​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ သည့်​အ​နေ​ဖြင့် မိ​မိ​တို့​၏​အ​ဝတ်​များ​ကို ဆုတ်​ဖြဲ​ကြ​၏။-


သူ​တို့​သည်​စစ်​ပွဲ​တွင်​ရှော​လု​နှင့်​ယော​န​သန် မှ​စ​၍ ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ဖြစ် သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မြောက်​မြား စွာ​ကျ​ဆုံး​သော​ကြောင့် ညဥ့်​ဦး​တိုင်​အောင် အ​စာ​မ​စား​ဘဲ​ငို​ကြွေး​မြည်​တမ်း​ကြ​၏။


နောက်​တစ်​နေ့​၌ ရှော​လု​၏​တပ်​စ​ခန်း​မှ​လူ​ငယ် တစ်​ယောက်​သည် ဝမ်း​နည်း​ကြေ​ကွဲ​သည့်​လက္ခ​ဏာ ဖြင့် မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​ကာ ဦး​ခေါင်း ကို​မြေ​မှုန့်​ကြဲ​ဖြန့်​လျက်​ရောက်​လာ​၏။ သူ​သည် ဒါ​ဝိဒ်​ထံ​သို့​ချဉ်း​ကပ်​ပြီး​လျှင်​မြေ​ပေါ်​မှာ ပျပ်​ဝပ်​ရှိ​ခိုး​လေ​၏။-


ဒါ​ဝိဒ်​သည်​ထို​က​လေး​ကျန်း​မာ​လာ​စေ​ရန် ဘု​ရား​သ​ခင်​အား​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ မင်း​ကြီး​သည်​အ​ဘယ်​အ​စား​အ​စာ​ကို​မျှ မ​စား။ ည​စဉ်​ည​တိုင်း​မိ​မိ​၏​အ​ခန်း​သို့​ဝင် ပြီး​လျှင် ကြမ်း​ပြင်​ပေါ်​တွင်​တစ်​ညဥ့်​လုံး​လှဲ လျောင်း​လျက်​နေ​၏။-


သူ​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​ပြာ​လူး​၍​ဝတ် လုံ​ကို​လည်း​ဆုတ်​ဖြဲ​ကာ မျက်​နှာ​ကို​လက်​ဖြင့် အုပ်​၍​ငို​ယို​လျက်​ထွက်​ခွာ​သွား​လေ​သည်။-


မင်း​ကြီး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​မိ​မိ ၏​အ​ဝတ်​ကို​ဆုတ်​ဖြဲ​ပြီး​လျှင် ကိုယ်​ကို​မြေ ပေါ်​သို့​လှဲ​ချ​လိုက်​၏။ ထို​အ​ရပ်​တွင်​မင်း ကြီး​နှင့်​အ​တူ​ရှိ​သော​အ​စေ​ခံ​တို့​သည် လည်း မိ​မိ​တို့​၏​အင်္ကျီ​များ​ကို​ဆုတ်​ဖြဲ ကြ​၏။-


မင်း​ကြီး​သည်​ပ​ညတ်​တ​ရား​ကျမ်း​စ​ကား ကို​ကြား​သော​အ​ခါ ဝမ်း​နည်း​လျက်​အ​ဝတ် တော်​ကို​ဆုတ်​လေ​သည်။-


ယင်း​သို့​ဖတ်​ပြ​သည်​ကို​မင်း​ကြီး​ကြား​သော အ​ခါ မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​လေ​သည်။-


ဧ​ဇ​ရ​သည်​ဗိ​မာန်​တော်​ရှေ့​တွင်​ခေါင်း​ငုံ့​လျက် ငို​ကြွေး​ကာ ဤ​အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ လျက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​နေ​စဉ် ဣ​သ​ရေ​လ အ​မျိုး​သား၊ အ​မျိုး​သ​မီး​နှင့်​က​လေး​ပါ ဝင်​သော​လူ​အုပ်​ကြီး​သည်​ငို​ကြွေး​လျက် သူ့​ထံ​စု​ရုံး​ကြ​ကုန်​၏။-


ထို​လ​နှစ်​ဆယ့်​လေး​ရက်​နေ့​၌​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် မိ​မိ​တို့​အ​ပြစ်​များ အ​တွက်​ဝမ်း​နည်း​သည့်​အ​ထိမ်း​အ​မှတ်​ဖြင့် အ​စာ​ရှောင်​ရန်​စု​ရုံး​ကြ​၏။ ထို​သူ​တို့​သည် လူ​မျိုး​ခြား​များ​နှင့်​ကွာ​ပြီး​ဖြစ်​သည်။ သူ တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​မှတ်​လက္ခ ဏာ​ဖြင့် လျှော်​တေ​ကို​ဝတ်​၍​ဦး​ခေါင်း​ကို​မြေ မှုန့်​ဖြင့်​ဖြူး​ကြ​၏။ ထို​နောက်​သူ​တို့​သည်​မိ​မိ တို့​အ​ပြစ်​များ​နှင့်​ဘိုး​ဘေး​တို့​၏​အ​ပြစ်​များ ကို​ဖော်​ပြ​ဝန်​ခံ​ကြ​လေ​သည်။-


ဤ​အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ​ကို မော်​ဒ​ကဲ သိ​ရ​သော​အ​ခါ​ပြင်း​စွာ​စိတ်​ဒုက္ခ​ရောက်​လျက် မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​ပြီး​လျှင်​လျှော် တေ​ကို​ဝတ်​၍​ဦး​ခေါင်း​ကို​ပြာ​နှင့်​လူး​၏။ ထို နောက်​သူ​သည်​ပြင်း​ပြ​စွာ​ငို​ကြွေး​မြည်​တမ်း လျက် နန်း​တော်​အ​ဝင်​ဝ​သို့​ရောက်​သည်​တိုင် အောင်​မြို့​ကို​ဖြတ်​၍​လျှောက်​သွား​လေ​သည်။ မည်​သူ​မ​ဆို​လျှော်​တေ​ကို​ဝတ်​၍ နန်း​တွင်း သို့​မ​ဝင်​ရ​သော​ကြောင့်​သူ​သည်​နန်း​တွင်း သို့​မ​ဝင်​ချေ။-


မင်း​ကြီး​၏​အ​မိန့်​ကြေ​ငြာ​ချက်​ရောက်​ရှိ လေ​ရာ​ပြည်​နယ်​တို့​၌ ယု​ဒ​အ​မျိုး​သား တို့​သည်​အ​စာ​ရှောင်​၍​အော်​ဟစ်​ငို​ကြွေး မြည်​တမ်း​ကြ​ကုန်​၏။ လူ​တိုင်း​လို​ပင်​လျှော် တေ​ကို​ဝတ်​ကာ​ပြာ​ပေါ်​တွင်​လှဲ​၍​နေ​ကြ ကုန်​၏။


ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။


ထိုသူတို့သည် အဝေးကမျှော်ကြည့်၍ ယောဘကို မသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကို ယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်သို့ ပစ်တင်ကြ၏။


ထိုကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက် လေ၏။


ယေ​ရု​ရှ​လင်​မြို့​၏​အ​သက်​ကြီး​သူ​တို့​သည် လျှော်​တေ​ကို​ဝတ်​၍ မိ​မိ​တို့​ဦး​ခေါင်း​ပေါ်​သို့​မြေ​မှုန့်​များ​တင် ပြီး​လျှင် မြေ​ပေါ်​၌​ဆိတ်​ငြိမ်​စွာ​ထိုင်​နေ​ကြ​၏။ မြို့​သူ​က​ညာ​များ​သည်​လည်း​ခေါင်း​ကို ငိုက်​စိုက်​ညွှတ်​လျက်​နေ​ကြ​လေ​သည်။


ခါ​နာန်​ပြည်​ကို​စုံ​စမ်း​ထောက်​လှမ်း​ခဲ့​သူ​များ အ​နက် နှစ်​ဦး​ဖြစ်​ကြ​သော​နုန်​၏​သား​ယော​ရှု နှင့်​ယေ​ဖုန္နာ​၏​သား​ကာ​လက်​တို့​သည် ဝမ်း​နည်း သည့်​အ​နေ​ဖြင့်​မိ​မိ​တို့​၏​အ​ဝတ်​အင်္ကျီ​များ ကို​ဆုတ်​ဖြဲ​လျက်၊-


သို့​ရာ​တွင်​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​မြေ ပေါ်​တွင်​ပျပ်​ဝပ်​၍`အို ဘု​ရား​သ​ခင်၊ ကိုယ် တော်​သည်​လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​၏​အ​သက် သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ လူ​တစ်​ဦး​တစ် ယောက်​၏​အ​ပြစ်​ကြောင့်​တစ်​မျိုး​သား​လုံး ကို​အ​မျက်​ထွက်​တော်​မူ​မည်​လော'' ဟု လျှောက်​ထား​လေ​သည်။


``ဤ​သူ​တို့​ထံ​မှ​ခွာ​၍​နေ​လော့။ ငါ​သည်​သူ​တို့ ကို​ချက်​ချင်း​ဖျက်​ဆီး​ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​မြေ​ပေါ် တွင်​ပျပ်​ဝပ်​လျက်​နေ​ကြ​၏။-


ထို​သို့​ပူ​ဇော်​ပ​သ​မည့်​အ​ကြောင်း​ကို​ဗာ​န​ဗ နှင့်​ပေါ​လု​တို့​ကြား​ကြ​သော​အ​ခါ မိ​မိ​တို့​၏ အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​၍​လူ​တို့​ထံ​သို့​ပြေး သွား​ပြီး​လျှင်၊-


ယော​ရှု​က``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် တို့​ကို​အ​ဘယ်​ကြောင့်​ယော်​ဒန်​မြစ်​ကို​ဖြတ် ကူး​စေ​တော်​မူ​ပါ​သ​နည်း။ အာ​မော​ရိ​အ​မျိုး သား​တို့​လက်​သို့​အပ်​ရန်​လော။ သေ​ကြေ​ပျက်​စီး စေ​ရန်​လော။ အ​ကျွန်ုပ်​တို့​သည်​ယော်ဒန်​မြစ်​တစ် ဘက်​ကမ်း​၌​သာ​နေ​ထိုင်​ခဲ့​လျှင်​ကောင်း​ပါ မည်။-


သူ​တို့​သည်​မြေ​မှုန့်​များ​ကို​မိ​မိ​တို့​အ​ပေါ်​သို့​ကြဲ ဖြန့်​လျက်``ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း။ ပင်​လယ် ကူး​သင်္ဘော​ပိုင်​ရှင်​အ​ပေါင်း​အား​ကြွယ်​ဝ​ချမ်း​သာ စေ​သော​မြို့​ကြီး​သည်​တစ်​နာ​ရီ​အ​တွင်း​ရှိ​သ​မျှ ဆုံး​ရှုံး​ရ​ပါ​သည်​တ​ကား'' ဟု​ငို​ကြွေး​မြည်​တမ်း ကြ​၏။


ယေ​ဖ​သ​သည်​သူ့​ကို​မြင်​သော​အ​ခါ​စိတ် မ​ချမ်း​မ​သာ​ဖြစ်​လျက် မိ​မိ​အ​ဝတ်​ကို​ဆွဲ ဆုတ်​ကာ``အို ငါ့​သမီး၊ သင်​သည်​ငါ​၏​စိတ်​နှ​လုံး ကို​ကြေ​ကွဲ​စေ​လေ​ပြီ။ ငါ့​အား​စိတ်​ဝေ​ဒ​နာ ခံ​စား​စေ​သူ​မှာ​အ​ဘယ်​ကြောင့်​သင်​ဖြစ်​ရ ပါ​သ​နည်း။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား ကြီး​လေး​သည့်​သစ္စာ​က​တိ​ကို​ပြန်​လည်​ရုတ် သိမ်း​၍​မ​ရ​တော့​ပါ'' ဟု​ပြော​၏။


ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ သည် ဗေ​သ​လ​မြို့​သို့​သွား​၍​ငို​ကြွေး​ကြ​၏။ သူ တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ထိုင် လျက် ည​နေ​ချမ်း​တိုင်​အောင်​အ​စာ​ရှောင်​ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ မိတ် သ​ဟာ​ယ​ယဇ်​နှင့်​မီး​ရှို့​ရာ​ယဇ်​တို့​ကို​ပူ​ဇော် ကြ​၏။-


သို့​ဖြစ်​၍​ယ​ခု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ဗေ​သ​လ​မြို့​သို့​သွား​၍ ဘု​ရား​သ​ခင် ၏​ရှေ့​တော်​၌​ည​နေ​ချမ်း​အ​ချိန်​တိုင်​အောင် ထိုင်​လျက်၊-


ဗင်္ယာ​မိန်​အ​နွယ်​ဝင်​လူ​တစ်​ယောက်​သည် စစ်​မြေ မှ​လမ်း​တစ်​လျှောက်​လုံး​ပြေး​လာ​၏။ သူ​သည် ဝမ်း​နည်း​သော​အ​ထိမ်း​အ​မှတ်​ဖြင့်​အ​ဝတ် များ​ကို​ဆုတ်​ဖြဲ​ကာ ဦး​ခေါင်း​ပေါ်​တွင်​မြေ မှုန့်​တင်​လျက်​ရှိ​လော​မြို့​သို့​တစ်​နေ့​ချင်း ပင်​ရောက်​ရှိ​လာ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ