ဤသူအပေါင်းတို့စားရန်အသားကိုအကျွန်ုပ် အဘယ်မှာရှာ၍ရနိုင်ပါမည်နည်း။ သူတို့သည် အသားစားလိုပါသည်ဟူ၍ ညည်းတွားတောင်း ဆိုလျက်ရှိကြပါသည်။-
စား ရန် အ သား ကို ပေး ပါ ဟု ငို ကြွေး၍ တောင်း သော ဤ တစ် မျိုး လုံး အား ကျွန် တော် မျိုး မည် သို့ ပေး နိုင် အံ့ နည်း။
ဤလူအပေါင်းတို့အား ကျွေးစရာဖို့အမဲသားကို အကျွန်ုပ်သည် အဘယ်မှာရနိုင်ပါအံ့နည်း။ သူတို့က အကျွန်ုပ်တို့စားစရာဖို့ အမဲသားကိုပေးပါဟု ငိုကြွေးလျက် အကျွန်ုပ်ကိုတောင်းကြပါ၏။
သူတို့က အကျွန်ုပ်အား ‘ငါတို့စားဖို့အသားကို ပေးပါ’ဟု ဆိုလျက် ငိုကြွေးကြသည်ဖြစ်၍ အကျွန်ုပ်သည် ဤလူအပေါင်းတို့ကိုပေးဖို့ အသားကို အဘယ်က ရနိုင်ပါမည်နည်း။
သို့ရာတွင်အစေခံက``လူတစ်ရာကိုဤမျှလောက် နှင့်ကျွေးနိုင်ပါမည်လော'' ဟုဆို၏။ ဧလိရှဲက``ထို အစားအစာကို ဤသူတို့ကိုကျွေးလော့။ ထာဝရ ဘုရားက`သူတို့သည်ဝစွာစားရကြသည့်အပြင် စားစရာအချို့ပင်ကျန်ကြွင်းလိမ့်မည်' ဟုမိန့် တော်မူ၏'' ဟုပြန်ပြောလေသည်။-
မင်းကြီး၏သက်တော်စောင့်အဖြစ်ဖြင့် လိုက်ပါ လာသည့်တပ်မှူးက``အကယ်၍ထာဝရဘုရား ကိုယ်တော်တိုင်ပင်လျှင်မိုးကိုချက်ချင်းရွာစေ ကာမူ ဤသို့ဖြစ်နိုင်လိမ့်မည်မဟုတ်'' ဟုပြော၏။ ဧလိရှဲက``သင်သည်ဤသို့ဖြစ်ပျက်သည်ကို တွေ့မြင်ရမည်ဖြစ်သော်လည်း စားရလိမ့်မည် မဟုတ်'' ဟုပြန်ပြောလေ၏။
အသားသည်သူတို့၏နားများမှထွက်၍ အသားကိုရွံမုန်းလာသည့်တိုင်အောင် တစ်လ လုံးလုံးစားရကြမည်။ ဤသို့ဖြစ်ရခြင်းမှာ သူတို့သည်အီဂျစ်ပြည်ကိုတသလျက်သူ တို့နှင့်အတူရှိတော်မူသောထာဝရဘုရား ကိုပစ်ပယ်ကာညည်းညူကြသောကြောင့်ဖြစ် သည်'' ဟုမိန့်တော်မူ၏။
မောရှေကထာဝရဘုရားအား``အကျွန်ုပ်မှာ လူပေါင်းခြောက်သိန်းရှိပါ၏။ ကိုယ်တော်က သူတို့အားတစ်လပတ်လုံးအသားကျွေး မည်ဟုမိန့်တော်မူပါသည်။-
သူတို့ဝလင်စွာစားနိုင်ရန်သိုးနွားဆိတ် အလုံအလောက်ရနိုင်ပါမည်လော။ သူတို့ အတွက်ပင်လယ်မှငါးအလုံအလောက် ရနိုင်ပါမည်လော'' ဟုလျှောက်ထားလေ၏။
တပည့်တော်တို့က ``ဤမျှကြီးမားသည့်လူပရိ သတ်စားလောက်အောင်အစားအစာများကို အကျွန်ုပ်တို့သည်ဤတောကန္တာရတွင်အဘယ် သို့ရနိုင်ပါမည်နည်း'' ဟုလျှောက်ကြလျှင်၊
တပည့်တော်တို့က ``ဤတောကန္တာရတွင်အဘယ် သို့လျှင် ထိုသူတို့ကိုကျွေးနိုင်လောက်အောင်အစား အစာရနိုင်ပါမည်နည်း'' ဟုပြန်၍လျှောက်ကြ၏။
သခင်ယေရှုက ``တတ်နိုင်တော်မူလျှင်'' ဟု အဘယ်ကြောင့်ဆိုဘိသနည်း။ ယုံကြည်ခြင်း ရှိသူအဖို့မဖြစ်နိုင်သောအရာမရှိ'' ဟု ထိုသူအားမိန့်တော်မူ၏။-