ဘုရားသခင်သည်နောဧနှင့်တကွသင်္ဘောပေါ် တွင် ရှိသမျှသောတိရစ္ဆာန်အပေါင်းတို့ကိုမေ့ တော်မမူ။ သို့ဖြစ်၍လေကိုတိုက်စေသဖြင့် ရေသည်စ၍ကျဆင်းလေ၏။-
တောလည် 10:9 - Common Language Bible သင်တို့၏ပြည်ကိုရန်သူများထိပါးတိုက် ခိုက်လာသောအခါ ရန်သူကိုခုခံတိုက်ခိုက် ရန်အတွက် ဤတံပိုးခရာများကိုမှုတ်၍ တပ်လှန့်နှိုးဆော်ရမည်။ သင်တို့ဘုရားသခင်၊ ငါထာဝရဘုရားသည် သင်တို့ကိုသတိရ လျက်ရန်သူ၏လက်မှကယ်တင်တော်မူမည်။- Garrad Bible နေ ပြည် တွင် ရန် မူ သူ တို့ ကို စစ် တိုက် ရန် သင် တို့ ချီ သော အ ခါ အ ချက် ပေး သံ နှင့် တံ ပိုး မှုတ် ကြ လျှင် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ မှတ် သား တော် မူ ခြင်း ကို ခံ ရ သ ဖြင့် ရန် သူ တို့ လက် မှ လွတ် မြောက် ကြ လိမ့် မည်။ Judson Bible သင်တို့သည် ကိုယ်ပြည်၌နေသောအခါ၊ တိုက်လာသောရန်သူတို့ကို စစ်ချီလျှင်၊ နှိုးဆော်သံနှင့် တံပိုးမှုတ်ရမည်။ ထိုအခါ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုအောက်မေ့၍၊ ရန်သူလက်မှကယ်တင်တော်မူမည်။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏ပြည်၌ သင်တို့ကို ရန်ဖက်ပြုသောရန်သူတို့ကို တိုက်ခိုက်ရန် ချီတက်သွားသောအခါ တံပိုးခရာကိုတပ်လှန့်အချက်ပေးသံအဖြစ် မှုတ်ရမည်။ ထိုအခါ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကိုအောက်မေ့တော်မူ၍ ရန်သူ့လက်မှ သင်တို့ကို ကယ်တင်တော်မူမည်။ |
ဘုရားသခင်သည်နောဧနှင့်တကွသင်္ဘောပေါ် တွင် ရှိသမျှသောတိရစ္ဆာန်အပေါင်းတို့ကိုမေ့ တော်မမူ။ သို့ဖြစ်၍လေကိုတိုက်စေသဖြင့် ရေသည်စ၍ကျဆင်းလေ၏။-
ငါတို့၏ခေါင်းဆောင်ကားထာဝရဘုရား ကိုယ်တော်တိုင်ဖြစ်၏။ ကိုယ်တော်၏ယဇ်ပုရော ဟိတ်တို့သည်လည်းငါတို့စစ်ပွဲဝင်ရန် တံပိုး ခရာမှုတ်၍အချက်ပေးဖို့အသင့်ရှိနေကြ သည်။ ဣသရေလပြည်သူတို့၊ သင်တို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားနှင့် ဆိုင်ပြိုင်၍စစ်မတိုက်ကြနှင့်။ သင်တို့မနိုင် နိုင်ကြ'' ဟုမိန့်တော်မူ၏။
ယုဒအမျိုးသားတို့သည်နောက်သို့လှည့်၍ ကြည့်လိုက်သောအခါ မိမိတို့အဝိုင်းခံရ သည်ကိုမြင်သဖြင့်ထာဝရဘုရားအား``ကူ မတော်မူပါ'' ဟုဟစ်အော်တောင်းလျှောက် ကြ၏။ ယဇ်ပုရောဟိတ်တို့သည်တံပိုးခရာ များကိုမှုတ်ကြ၏။-
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏လူစုတော်အား ကူမတော်မူသောအခါ ကျွန်တော်မျိုးကိုလည်းသတိရတော်မူပါ။ သူတို့အားကယ်တော်မူသောအခါ ကျွန်တော်မျိုးကိုလည်းကယ်တော်မူပါ။
သူတို့သည်ရန်သူများ၏ဖိစီးနှိပ်စက်မှုကို ခံရကြကာလက်အောက်ခံများဖြစ်လာရ ကြ၏။
ငါတို့အရေးရှုံးနိမ့်ကြသောအခါကိုယ်တော်သည် ငါတို့အားမေ့လျော့တော်မမူ။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ ကမ္ဘာမြေပေါ်တွင် နေထိုင်ကြသူလူအပေါင်းတို့၊ နားထောင်ကြ လော့။ တောင်ထိပ်ဖျားတွင်လွှင့်ထူမည့်အချက် ပြအလံကိုစောင့်မျှော်ကြည့်ရှုကြလော့။ တံပိုးခရာမှုတ်သံကိုနားစွင့်၍နေကြ လော့။-
``ကျယ်နိုင်သမျှကျယ်စွာတံပိုးမှုတ်သကဲ့ သို့အော်ဟစ်၍ ငါ၏လူမျိုးတော်အားသူ တို့၏အပြစ်များကိုဖော်ပြလော့။-
ငါ့အသည်းနာလှ၏။ မခံမရပ်နိုင်အောင် အသည်းနာ၏။ ငါသည်ပြင်းစွာနှလုံးတုန်၊ရင်ခုန်လျက် နေပါသည်တကား။ ငါသည်အငြိမ်မနေနိုင်တော့ပြီ။ တံပိုးခရာမှုတ်သံကိုလည်းကောင်း၊တိုက်ပွဲ ကြွေးကြော်သံများကိုလည်းကောင်းငါကြား ရ၏။
ငါသည်တိုက်ပွဲဆင်နွှဲနေသည်ကိုအဘယ်မျှ ကြာကြာ တွေ့မြင်နေရပါမည်နည်း။ တံပိုးခရာမှုတ်သံကိုအဘယ်မျှကြာကြာ ကြား၍ နေရပါမည်နည်း။
ယုဒပြည်တစ်လျှောက်လုံး၌တံပိုးခရာမှုတ် ကြလော့။ ရှင်းလင်းကျယ်လောင်စွာကြွေးကြော်ကြလော့။ ယုဒပြည်သားများနှင့်ယေရုရှလင်မြို့သား တို့အား ခံတပ်မြို့များသို့ပြေးဝင်ကြရန်ပြောကြားကြလော့။
ငါသည်ရဗ္ဗာမြို့သူမြို့သားတို့အားစစ်တိုက် သံများကို ကြားစေမည့်အချိန်ကာလကျ ရောက်လာလိမ့်မည်။ ထိုမြို့သည်ပျက်စီးလျက် ယင်း၏ကျေးလက်တောရွာများသည်လည်း မီးလောင်ကျွမ်းလိမ့်မည်။ ထိုအခါဣသရေလ အမျိုးသားတို့သည်မိမိတို့ပြည်ကိုသိမ်းယူ ထားသူတို့၏လက်မှပြန်လည်ရရှိကြ လိမ့်မည်။-
ဗင်္ယာမိန်ပြည်သားတို့၊ ဘေးမဲ့လုံခြုံရာသို့ပြေး ကြလော့။ ယေရုရှလင်မြို့မှထွက်သွားကြလော့။ တေကောရွာ၌တံပိုးခရာကိုမှုတ်ကြလော့။ ဗေသက္ကရင်ရွာတွင်အချက်ပြမီးရှူးတိုင်ကို မြှောက်တင်ကြလော့။ ဘေးအန္တရာယ်နှင့်ပျက်စီး ခြင်းသည်မြောက်အရပ်မှရောက်ရှိလာတော့ မည်။-
တံပိုးခရာမှုတ်၍သတိပေးသံကိုနား ထောင်ရန် ထာဝရဘုရားသည် ကင်းစောင့်များ ကိုခန့်ထားတော်မူ၏။ သို့ရာတွင်ထိုသူတို့ က``အကျွန်ုပ်တို့နားမထောင်လိုပါ'' ဟု ဆိုကြ၏။
တိုက်ပွဲစရန်တံပိုးမှုတ်ပြီဖြစ်၍လူအပေါင်း တို့သည်အသင့်ပြင်ကြ၏။ သို့ရာတွင်တစ်ဦး တစ်ယောက်မျှစစ်ပွဲထဲသို့မဝင်ရောက်။ အဘယ် ကြောင့်ဆိုသော်ဘုရားသခင်၏အမျက်တော် သည် လူတိုင်းအပေါ်သို့သက်ရောက်မည်ဖြစ် သောကြောင့်တည်း။
``ဂိဗာမြို့တွင်တံပိုးခရာကိုမှုတ်လော့၊ ရာမ မြို့တွင်တပ်လှန့်သံကိုပေးလော့။ ဗေသဝင် မြို့တွင်စစ်ချီသံကြွေးကြော်လော့၊ ဗင်္ယာမိန် မျိုးနွယ်တို့တိုက်ပွဲဝင်ကြ။-
မြို့တွင်း၌စစ်ခရာသံကိုကြားရလျှင် မြို့သားတို့သည် မထိတ်လန့်ဘဲနေလိမ့် မည်လော။ ထာဝရဘုရားစီရင်သောကြောင့်သာလျှင် မြို့ထဲသို့ဘေးဒုက္ခကျရောက်လာရသည် မဟုတ်လော။
ခံတပ်မြို့များ၊ မြင့်မားသည့်ရဲတိုက်များ ကိုတိုက်ခိုက်နေသူ၊ စစ်သူရဲတို့၏တံပိုး ခရာသံများ၊ ညာသံများဖြင့်ဆူညံနေ သောနေ့ဖြစ်ပေသည်။
ထိုနောက်မောရှေသည်ယဇ်ပုရောဟိတ်ဧလာ ဇာ၏သား ဖိနဟတ်အားဣသရေလတပ်ကို အုပ်ချုပ်ကွပ်ကဲစေ၏။ သူနှင့်အတူတဲတော် နှင့်ဆိုင်သောအသုံးအဆောင်ပစ္စည်းများနှင့် အချက်ပေးတံပိုးခရာများကိုယူဆောင် သွား၏။-
``သင်တို့သည်ရန်သူကိုချီတက်တိုက်ခိုက် ရာ၌ သင်တို့ထက်အင်အားကြီးမားသော ရထားတပ်၊ မြင်းတပ်နှင့်ခြေလျင်တပ်တို့ နှင့်ရင်ဆိုင်ရသောအခါမကြောက်ကြနှင့်။ သင်တို့ကိုအီဂျစ်ပြည်မှကယ်တင်ခဲ့သော ဘုရားသခင်ထာဝရဘုရားသည်သင် တို့နှင့်အတူရှိတော်မူလိမ့်မည်။-
ထိုနောက်ယဇ်ပုရောဟိတ်တို့တံပိုးခရာကို အသံရှည်ရှည်တစ်ချက်မှုတ်ရကြမည်။ ထို အချက်ပေးသံကိုကြားရလျှင် လူအပေါင်း တို့သည် အသံကျယ်စွာအော်ဟစ်ရကြမည်။ ထိုအခါမြို့ရိုးများပြိုကျသဖြင့်စစ်သည် တပ်သားအားလုံး မိမိတို့ရှိနေရာမှမြို့ တွင်းသို့အတားအဆီးမရှိဘဲဝင်ရောက် နိုင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ဇိဒုန်အမျိုးသား၊ အာမလက်အမျိုးသား နှင့်မောနိအမျိုးသားတို့သည် သင်တို့အား ညှင်းဆဲနှိပ်စက်ကြသောအခါ ငါ့ထံသို့သင် တို့အော်ဟစ်လျှောက်ထားခဲ့ကြ၏။ ငါသည် လည်းထိုသူတို့လက်မှသင်တို့ကိုကယ်ဆယ် ခဲ့သည်မဟုတ်ပါလော။
ထိုသူတို့သည်ယော်ဒန်မြစ်အရှေ့ဘက်၊ အာ မောရိနယ်မြေဂိလဒ်ပြည်တွင်နေထိုင်သော ဣသရေလအမျိုးသားတို့အား တစ်ဆယ့် နှစ်နှစ်တိုင်တိုင်ညှင်းပန်းနှိပ်စက်ကြ၏။-
ထာဝရဘုရားသည်ဣသရေလအမျိုး သားခေါင်းဆောင်တစ်ဦးကိုပေါ်ထွန်းစေသည့် အခါတိုင်း ထိုသူအသက်ရှင်သမျှကာလ ပတ်လုံးသူ့ကိုကူမတော်မူ၍ သူတို့ကိုရန် သူတို့လက်မှကယ်ဆယ်တော်မူသည်။ သူတို့ သည်ဆင်းရဲဒုက္ခနှင့်ညှင်းပန်းနှိပ်စက်ခြင်း ကိုခံရ၍ညည်းညူကြသောအခါထာဝရ ဘုရားသည်သူတို့အားကရုဏာတော်ကို ပြတော်မူပေသည်။-
သူသည်ဧဖရိမ်တောင်ကုန်းဒေသသို့ရောက် သောအခါတိုက်ပွဲဝင်ရန်တံပိုးခရာမှုတ် လိုက်ရာဣသရေလအမျိုးသားတို့သည် သူ့နောက်သို့လိုက်၍တောင်ကုန်းများပေါ် မှဆင်းလာကြ၏။-
ထာဝရဘုရား၏ဝိညာဉ်တော်သည်ဂိဒေါင် အပေါ်၌သက်ရောက်သဖြင့် သူသည်အဗျေဇာ သားချင်းစုအပေါင်းတို့အား မိမိနောက်သို့ လိုက်ကြရန်တံပိုးခရာကိုမှုတ်လေ၏။-
အီဂျစ်ပြည်သူတို့လက်မှလည်းကောင်း၊ ဤပြည် တွင်သင်တို့အားတိုက်ခိုက်သူတို့၏လက်မှလည်း ကောင်းကယ်ဆယ်ခဲ့၏။ သင်တို့ချီတက်လာစဉ်သူ တို့အားနှင်ထုတ်၍ သူတို့၏ပြည်ကိုသင်တို့၏ လက်သို့ပေးအပ်ခဲ့၏။-
ဤသို့ဆို၏။ ``ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရားက`သင်တို့ ကိုအီဂျစ်ပြည်မှငါထုတ်ဆောင်၍ သင်တို့ အားနှိပ်စက်ကလူပြုသောအီဂျစ်အမျိုး သားများနှင့်အခြားအမျိုးသားအပေါင်း တို့၏ဘေးမှကယ်ဆယ်တော်မူခဲ့သည်။-