Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 6:9 - Common Language Bible

9 အီ​ဂျစ်​ပြည်​သူ​တို့​လက်​မှ​လည်း​ကောင်း၊ ဤ​ပြည် တွင်​သင်​တို့​အား​တိုက်​ခိုက်​သူ​တို့​၏​လက်​မှ​လည်း ကောင်း​ကယ်​ဆယ်​ခဲ့​၏။ သင်​တို့​ချီ​တက်​လာ​စဉ်​သူ တို့​အား​နှင်​ထုတ်​၍ သူ​တို့​၏​ပြည်​ကို​သင်​တို့​၏ လက်​သို့​ပေး​အပ်​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ထို ပြည် သား တို့ လက် အောက် မှ လည်း ကောင်း၊ နှိပ် စက် သ မျှ သော သူ တို့ လက် အောက် မှလည်း ကောင်း၊ ကယ် နုတ် သည့် ပြင်၊ ချင်း တို့ ကို သင် တို့ ရှေ့ နှင် ထုတ် လျက်၊ ပြည် ကို လည်း အပ် လွှဲ ခဲ့ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 အဲ​ဂု​တ္တု​ပြည်​သား​လက်​မှ​လည်း​ကောင်း၊ ညှဉ်း​ဆဲ​သော​သူ​အ​ပေါင်း​တို့ လက်​မှ​လည်း​ကောင်း၊ သင်​တို့​ကို​ကယ်​နုတ်၍၊ သူ​တို့​ကို သင်​တို့​ရှေ့​မှ နှင်​ထုတ်​သ​ဖြင့် သူ​တို့​ပြည်​ကို​ပေး​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ငါ​သည် သင်​တို့​ကို အီဂျစ်​လူမျိုး​တို့​လက်​မှ​လည်းကောင်း​၊ သင်​တို့​ကို​ညှဉ်းဆဲ​သော​သူ​အပေါင်း​တို့​လက်​မှ​လည်းကောင်း ကယ်နုတ်​ခဲ့​၏​။ ထို​သူ​တို့​ကို သင်​တို့​ရှေ့​မှ​နှင်ထုတ်​၍ သူ​တို့​၏​ပြည်​ကို သင်​တို့​အား ငါ​ပေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 6:9
7 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​ကို ထုတ်​ဆောင်​တော်​မူ​၏။ သူ​တို့​သည်​လည်း​သီ​ချင်း​ဆို​လျက်​ဝမ်း​မြောက်​စွာ ကြွေး​ကြော်​ကြ​ကုန်​၏။


ကိုယ်​တော်​သည်​ငါ​တို့​အား​ရန်​သူ​တို့​၏​လက်​မှ လွတ်​မြောက်​စေ​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။


သင်​တို့​အား​လမ်း​ပြ​ရန်​ကောင်း​ကင်​တ​မန် ကို​ငါ​စေ​လွှတ်​မည်။ ခါ​နာန်​အ​မျိုး​သား၊ အာ မော​ရိ​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ အ​မျိုး​သား​တို့​ကို​ငါ​နှင်​ထုတ်​မည်။-


ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို​မိန့်​ကြား​၍ ယ​ခု​သင်​တို့​နေ​ထိုင်​ရာ ပြည်​ရှိ​အာ​မော​ရိ​အ​မျိုး​သား​တို့​ကိုး​ကွယ်​သည့် ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​ကြ​ရန်​သင်​တို့​အား ပညတ်​ခဲ့​၏။ သို့​သော်​လည်း​သင်​တို့​သည်​ငါ့​စ​ကား ကို​နား​မ​ထောင်​ကြ'' ဟု​မိန့်​တော်​မူ​၏။


သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ပ​ရော​ဖက်​တစ်​ပါး​ကို သူ​တို့​ထံ​သို့​စေ​လွှတ်​တော်​မူ​သည်။ ပ​ရော​ဖက် မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့ ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​သင်​တို့​အား​ထုတ် ဆောင်​ခဲ့​၏။-


ဤ​သို့​ဆို​၏။ ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`သင်​တို့ ကို​အီ​ဂျစ်​ပြည်​မှ​ငါ​ထုတ်​ဆောင်​၍ သင်​တို့ အား​နှိပ်​စက်​က​လူ​ပြု​သော​အီ​ဂျစ်​အ​မျိုး သား​များ​နှင့်​အ​ခြား​အ​မျိုး​သား​အ​ပေါင်း တို့​၏​ဘေး​မှ​ကယ်​ဆယ်​တော်​မူ​ခဲ့​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ