ငါသည်သူတို့အားအမျက်ထွက်သဖြင့်``သင်တို့ စိတ်အေးချမ်းသာစွာနေထိုင်ရမည့်ပြည်ကို သင်တို့သည်အဘယ်အခါ၌မျှမဝင်ရကြ'' ဟုကျိန်ဆို၏။
တောလည် 10:33 - Common Language Bible ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရား၏သိနာတောင်တော်မှထွက်ခွာ၍ သုံး ရက်ကြာမျှခရီးပြုလေသည်။ သူတို့စခန်း ချရာအရပ်ကိုညွှန်ပြရန် ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်သည်သူတို့ရှေ့မှ အစဉ်သွားရ၏။- Garrad Bible ထာ ဝ ရ ဘု ရား၏ တောင် တော် မှ သူ တို့ သုံး ရက် ခ ရီး ချီ သွား ကြ ရာ၊ ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ လည်း သုံး ရက် ခ ရီး အ တွင်း ရှေ့ လွန် သွား လျက် ချ ရပ် ရာ ကို ရှာ ဖွေ ၏။ Judson Bible ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား၏ တောင်တော်မှထွက်၍၊ သုံးရက်ကွာသောခရီးကို သွားကြ၏။ ထိုသုံးရက်ကွာသောခရီးကို သွားကြစဉ်၊ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာသည် သူတို့အဖို့ စခန်းချရာအရပ်ကိုရှာ၍ သူတို့ရှေ့ကသွားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရား၏တောင်တော်မှ သုံးရက်ခရီးပြုကြ၏။ ထိုသုံးရက်ခရီးတွင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် သူတို့နားနေရာအရပ်ကိုရှာရန် သူတို့၏ရှေ့မှသွားလေ၏။ |
ငါသည်သူတို့အားအမျက်ထွက်သဖြင့်``သင်တို့ စိတ်အေးချမ်းသာစွာနေထိုင်ရမည့်ပြည်ကို သင်တို့သည်အဘယ်အခါ၌မျှမဝင်ရကြ'' ဟုကျိန်ဆို၏။
မောရှေသည်ဘုရားသခင်ကိုဖူးတွေ့ရန် တောင်ပေါ်သို့တက်လေ၏။ တောင်ပေါ်တွင်ထာဝရဘုရားသည်မောရှေ ကိုခေါ်၍၊ ယာကုပ်၏အဆက်အနွယ်ဣသ ရေလအမျိုးသားတို့အားဆင့်ဆိုခိုင်း သည်ကား၊-
မောရှေသည်သူ၏ယောက္ခမ မိဒျန်ယဇ်ပုရော ဟိတ်ယေသရော၏သိုးဆိတ်များကိုထိန်း ကျောင်းလျက်ရှိစဉ်၊ တောကန္တာရကိုဖြတ်၍ သိုးဆိတ်များကိုမောင်းနှင်လာရာ၊ ဟောရပ် ဟုခေါ်သောဘုရားသခင်၏တောင်သို့ရောက် ရှိလာလေ၏။-
ဒါဝိဒ်မင်းဆက်မှပေါ်ထွန်းလာသည့်ဘုရင် သည် လူမျိုးတကာတို့အဖို့အချက်ပြအမှတ် လက္ခဏာတစ်ရပ်ဖြစ်သည့်အချိန်ကာလကျ ရောက်လာလိမ့်မည်။ သူတို့သည်သူ၏မြို့တော် သို့လာရောက်စုရုံးကြလျက် သူ့အားဂုဏ်ပြု ချီးမြှင့်ကြလိမ့်မည်။-
ကိုယ်တော်သည်သင်တို့အားငြိမ်းအေးချမ်းမြေ့ စွာနေထိုင်ခွင့်ကိုပေးတော်မူသော်လည်း သင် တို့သည်ကိုယ်တော်၏စကားကိုနားမထောင် ကြ။-
ထာဝရဘုရားက``ကောင်းကင်ဘုံသည်ငါ ၏ရာဇပလ္လင်ဖြစ်၍ကမ္ဘာမြေကြီးသည် ငါ ၏ခြေတင်ခုံဖြစ်၏။ ထိုကြောင့်သင်တို့သည် ငါ၏အတွက်အဘယ်သို့သောဗိမာန်၊ ငါ ကျိန်းဝပ်ရန်အတွက်အဘယ်သို့သော အဆောက်အဦးကိုတည်ဆောက်နိုင်ကြ ပါမည်နည်း။-
ထိုနောက်သင်တို့သည်ပြည်တော်တွင်လူဦးရေ တိုးပွားများပြားသောအခါ လူတို့သည်ငါ ၏ပဋိညာဉ်သေတ္တာတော်အကြောင်းကို စဉ်းစား ပြောဆိုသတိရကြတော့မည်မဟုတ်။ ထို သေတ္တာတော်ကိုလိုအပ်ကြတော့မည်မဟုတ်။ အခြားသေတ္တာတော်ကိုလည်းပြုလုပ်ကြ လိမ့်မည်မဟုတ်။-
ငါသည်တောကန္တာရ၌အသက်ဘေးမှလွတ် မြောက်လာကြသူတို့အား ကရုဏာပြခဲ့၏။ ဣသရေလပြည်သားတို့သည်နားနေခွင့်ကို တောင့်တကြသောအခါ၊-
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အား``လမ်းဆုံလမ်းခွတို့တွင်ရပ်၍ကြည့် ကြလော့။ ရှေးလမ်းဟောင်းတို့ကိုစုံစမ်း ရှာဖွေကြလော့။ အကောင်းဆုံးသောလမ်း အဘယ်မှာနည်းဟုမေးမြန်း၍ ထိုလမ်းသို့ လိုက်လျှင်သင်တို့၏ဝိညာဉ်သည်ငြိမ်းချမ်း သာယာမှုရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။ သို့ရာတွင်သူတို့က``ထိုလမ်းကို အကျွန်ုပ် တို့မလိုက်လိုပါ'' ဟုပြန်ပြောကြ၏။
သူတို့အားအီဂျစ်ပြည်မှထုတ်ဆောင်ကာ သူတို့အတွက်ရွေးချယ်ထားသောပြည်သို့ ခေါ်ယူသွားမည်ဟု ငါကတိပေးကျိန်ဆို ခဲ့သည်မှာထိုအခါကဖြစ်၏။ ထိုပြည်ကား နို့နှင့်ပျားရည်စီးဆင်းနေ၍ပေါများသော ပြည်၊ အသာယာဆုံးသောပြည်ဖြစ်၏။-
သူတို့သည်သိနာတောကန္တာရမှခရီးထွက် ခွာလာကြလေသည်။ မိုးတိမ်သည်ပါရန်ဟု ခေါ်သောတောကန္တာရသို့ရောက်သောအခါ ရပ်တန့်လေသည်။
``ဘုရားသခင်၏ပညတ်တရားတော်ကျမ်း စာအုပ်ကိုယူ၍ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာအနီး တွင်ထားလော့။ ထိုကျမ်းစာအုပ်သည်ကိုယ် တော်၏လူမျိုးတော်တစ်ဘက်၌သက်သေ အဖြစ် ထိုနေရာ၌ရှိနေစေရမည်။-
ထာဝရဘုရားနှင့်သင်တို့ပြုသောပဋိညာဉ် ကိုရေးထားသောကျောက်ပြားများကိုလက်ခံ ခြင်းငှာ ငါသည်တောင်ပေါ်သို့တက်သွား၏။ အရက်လေးဆယ်ပတ်လုံးငါသည်မစား သောက်ဘဲတောင်ပေါ်တွင်နေ၏။-
အသက်တော်ကိုတင်လှူပူဇော်တော်မူခြင်း အားဖြင့် ထာဝရပဋိညာဉ်တော်ကိုတံဆိပ် ခတ်နှိပ်တော်မူသဖြင့် သိုးထိန်းကြီးဖြစ် တော်မူသောငါတို့အရှင်သခင်ယေရှု အားဘုရားသခင်သည် သေခြင်းမှရှင်ပြန် ထမြောက်စေတော်မူပြီ။ သင်တို့သည်ငြိမ် သက်ခြင်းအရှင်ဘုရားသခင်၏အလို တော်ကိုလိုက်လျှောက်နိုင်ကြစေရန် ကိုယ် တော်သည်သင်တို့အားကောင်းမြတ်သော အရာဟူသမျှကိုချပေးတော်မူပါစေ သော။ ကိုယ်တော်သည်မိမိနှစ်သက်တော် မူဖွယ်ရာကို ငါတို့၌ယေရှုခရစ်အား ဖြင့်ပြုတော်မူပါစေသော။ ခရစ်တော် သည်ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ထွန်းတောက်တော်မူပါသတည်း။ အာမင်။
သင်တို့ကထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ယော်ဒန်မြစ်ကိုဖြတ်ကူးစဉ်အခါက မြစ်ရေစီးရပ်တန့်သွားကြောင်းပြန်ပြောရ ကြမည်။ ဤကျောက်တုံးများသည်ဤအရပ် တွင်ဖြစ်ပျက်ခဲ့သမျှတို့ကိုဣသရေလ အမျိုးသားတို့အားအစဉ်သတိရစေ လိမ့်မည်'' ဟုဆို၏။
ထိုကာလ၌ဗေသလမြို့တွင်ဘုရားသခင် ၏ပဋိညာဉ်သေတ္တာတော်တည်ရှိသတည်း။ ထို သေတ္တာတော်ကိုအာရုန်၏မြေး၊ ဧလိဇာ၏သား၊ ဖိနဟတ်ကတာဝန်ယူ၍စောင့်ထိန်းရ၏။ လူ တို့ကထာဝရဘုရားအား``အကျွန်ုပ်တို့သည် မိမိတို့၏ညီဗင်္ယာမိန်အနွယ်ဝင်တို့အား ယခုတစ်ဖန်သွားရောက်တိုက်ခိုက်ရပါ မည်လော။ မတိုက်ခိုက်ဘဲနေရပါမည် လော'' ဟုမေးလျှောက်ကြ၏။ ထာဝရဘုရားက``တိုက်ခိုက်လော့။ နက်ဖြန် နေ့၌ငါသည်သင်တို့အားထိုသူတို့၏အပေါ် ၌အောင်ပွဲခံစေတော်မူမည်'' ဟုပြန်လည်မိန့် ကြားတော်မူ၏။
မသေဘဲကျန်ရှိနေသောတပ်သားတို့သည် တပ်စခန်းသို့ပြန်လည်ရောက်ရှိလာသောအခါ ဣသရေလခေါင်းဆောင်များက``ထာဝရ ဘုရားသည်အဘယ်ကြောင့်ငါတို့အားဖိလိတ္တိ အမျိုးသားတို့လက်တွင် ယနေ့အရေးရှုံးနိမ့် စေတော်မူပါသနည်း။ ငါတို့သည်သွား၍ ရှိလောမြို့မှထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်ကိုယူဆောင်လာကြကုန်အံ့။ သို့ မှသာလျှင်ကိုယ်တော်သည်ငါတို့နှင့်အတူ ချီတက်တော်မူ၍ ငါတို့အားရန်သူတို့လက် မှကယ်တင်တော်မူလိမ့်မည်'' ဟုဆိုကြ၏။-