တိတု 2:2 - Common Language Bible အသက်အရွယ်ကြီးရင့်သူအမျိုးသားတို့အား သမ္မာသတိရှိရန်၊ တည်ကြည်ရန်နှင့်ဣန္ဒြေစောင့် စည်းကြရန်လည်းကောင်း၊ စစ်မှန်သောယုံကြည် ခြင်း၊ မေတ္တာ၊ ခံနိုင်ရည်တို့ဖြင့်ပြည့်ဝကြစေရန် လည်းကောင်းသွန်သင်လော့။- Garrad Bible အ သက် ကြီး သော ယောက်ျား တို့ သည် သ တိ ရှိ သူ၊ ရို သေ ဖွယ် သူ၊ ဣ န္ဒြေ စောင့် သူ၊ ယုံ ကြည် ခြင်း၊ ချစ် ခြင်း၊ တည် ကြည် ခြင်း များ နှင့် စပ်၍ ကျန်း ခံ့ သူ များ ဖြစ် ရ မည့် အ ကြောင်း၊ Judson Bible အသက်ကြီးရင့်သော ယောက်ျားတို့သည် သမ္မာသတိရှိသောသူ၊ တည်ကြည်သောသူ၊ ဣန္ဒြေစောင့် သောသူ၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၌ စိတ်သန်သောသူ ဖြစ်ရကြမည်အကြောင်း၊- မြန်မာ့စံမီသမ္မာကျမ်း အသက်ကြီးသောယောက်ျားတို့အား သမ္မာသတိရှိသောသူ၊ တည်ကြည်လေးနက်သောသူ၊ ဣန္ဒြေစောင့်သောသူဖြစ်ကြရန်နှင့် ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် သည်းခံခြင်းတို့၌ မှန်ကန်ပြည့်စုံမှုရှိကြရန် ဟောပြောလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အသက်ကြီးသောအမျိုးသားတို့အား ကိုယ်ကျင့်တရားစောင့်ထိန်းသူ၊ သိက္ခာရှိသူ၊ မိမိကိုယ်ကိုယ်ချုပ်တည်းသူ၊ စစ်မှန်သောယုံကြည်မှု ချစ်ခြင်းမေတ္တာ သည်းခံမှုတို့နှင့်ပြည့်ဝသူ ဖြစ်ရန် အကြံပေးလော့။ |
နို့စို့သူငယ်တို့သည်လည်းအရွယ်မရောက်မီ သေကြရတော့မည်မဟုတ်။ လူတိုင်းပင်သက် တမ်းစေ့နေရကြလိမ့်မည်။ အသက်တစ်ရာနေရ သူတို့ကိုပင်ငယ်ရွယ်သူများဟုထင်မှတ်ရ ကြလိမ့်မည်။ အသက်တစ်ရာမတိုင်မီသေဆုံး သူတို့ကိုမူကား ငါ၏အပြစ်ဒဏ်ခံရသည့် လက္ခဏာဟုမှတ်ယူကြလိမ့်မည်။-
``အသက်ကြီးသူတို့ကိုရိုသေကိုင်းရှိုင်းရမည်။ ငါ့ကိုကြောက်ရွံ့ရိုသေရမည်။ ငါသည်ထာဝရ ဘုရားဖြစ်တော်မူ၏။
သူတို့သည်သခင်ယေရှုထံသို့ရောက်ရှိကြ သောအခါ လေဂေါင်နတ်ပူးဝင်ခဲ့သူသည် အဝတ် ကိုဝတ်ဆင်ကာလူကောင်းပကတိအဖြစ်ထိုင် နေသည်ကိုမြင်လျှင်ကြောက်ကြ၏။-
လူတို့သည်ထိုအဖြစ်အပျက်ကိုကြည့်ရန်လာ ကြ၏။ သခင်ယေရှု၏ထံတော်သို့ရောက်ကြသော် နတ်မိစ္ဆာများစွန့်ခွာသွားသူသည်အဝတ်ဝတ် လျက် သခင်ယေရှု၏ခြေတော်ရင်းမှာအကောင်း ပကတိထိုင်လျက်နေသည်ကိုမြင်ကြလျှင် ကြောက်ရွံ့ကြ၏။-
သို့ရာတွင်ပေါလုသည်ကောင်းမြတ်ခြင်း အကြောင်းနှင့် ကာမဂုဏ်ချုပ်တည်းခြင်း အကြောင်းကိုလည်းကောင်း၊ သက်ရောက်လတ္တံ့ သောတရားစီရင်တော်မူရာနေ့ရက် အကြောင်းကိုလည်းကောင်း ဟောပြောသော အခါဖေလဇ်သည်ကြောက်လန့်သဖြင့် ``ယခု သင်သွားနိုင်ပြီ။ နောင်အခွင့်ကြုံသည့်အခါ သင့်ကိုငါခေါ်ဦးမည်'' ဟုဆို၏။-
သင်တို့သည်မိမိတို့ကိုယ်ကိုထင်သင့်သည် ထက်ပို၍အထင်မကြီးကြစေရန် ငါခံစား ရသောဘုရားသခင်၏ကျေးဇူးတော်ကြောင့် သင်တို့အပေါင်းအားငါမှာကြားလို၏။ သင် တို့အသီးသီးတို့အားဘုရားသခင်ချ ပေးတော်မူသောယုံကြည်ခြင်းပမာဏ အတိုင်းမိမိတို့ကိုယ်ကိုသင့်လျော်စွာထင် ကြလော့။-
အမြင်မှန်ရကြလော့။ ဆက်လက်၍အပြစ် မကူးကြနှင့်။ သင်တို့တွင်အချို့သောသူတို့ သည်ဘုရားသခင်ကိုမသိကြ။ ဤသို့ငါ ဆိုရာ၌သင်တို့အရှက်ရစေရန်အတွက် ဖြစ်၏။
ပြိုင်ပွဲဝင်ရန်လေ့ကျင့်သူအားကစားသမား တိုင်းပင် ကြပ်တည်းသည့်စည်းကမ်းများကိုထိန်း သိမ်းစောင့်ရှောက်ရ၏။ ထိုသူတို့ဤသို့ပြုကြ ခြင်းမှာ ညှိုးနွမ်းပျက်စီးနိုင်သောပန်းဦးရစ် ကိုရရှိရန်ပြုကြခြင်းဖြစ်ပေသည်။ ငါတို့ မူကားမညှိုးနွမ်းမပျက်စီးနိုင်သော ပန်းဦး ရစ်ကိုရရှိရန်ပြုကြ၏။-
ငါတို့သည်ရူးသွပ်လေပြီလော။ ရူးသွပ်လျှင် ဘုရားသခင်အဖို့ဖြစ်၏။ အကယ်၍မရူး မသွပ်လျှင်လည်းသင်တို့အဖို့ဖြစ်၏။-
နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်း တို့ပေတည်း။ ဤအရာများနှင့်ပတ်သက်၍ပြဋ္ဌာန်း ထားသည့်တရားဥပဒေဟူ၍မရှိ။-
ညီအစ်ကိုတို့၊ နိဂုံးချုပ်အနေဖြင့်ပြောရ လျှင် သင်တို့သည်မှန်ကန်သောအရာ၊ မွန်မြတ် သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင် သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ အသရေ ရှိသောအရာတည်းဟူသောကောင်းမြတ်၍ ချီးမွမ်းဖွယ်သောအရာရှိသမျှတို့ကို နှလုံးသွင်းကြလော့။-
သို့ဖြစ်၍ငါတို့သည်အခြားသူများကဲ့သို့ အိပ်ပျော်၍မနေရကြ။ နိုးနိုးကြားကြားရှိ ရကြမည်။ သမ္မာသတိရှိရကြမည်။-
သို့ရာတွင်ငါတို့သည်နေ့အချိန်၌ကျင်လည် သူများဖြစ်ကြသဖြင့် သမ္မာသတိရှိကြကုန် အံ့။ ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတည်းဟူ သောရင်အုပ်တန်ဆာကိုတပ်ဆင်လျက် ကယ်တင် ခြင်းခံရရန်မျှော်လင့်ခြင်းတည်းဟူသောသံ ခမောက်ကိုဆောင်းကြကုန်အံ့။-
အကျင့်စာရိတ္တပျက်ပြားသူများ၊ လိင်တူ ချင်းကာမဆက်ဆံတတ်သူများ၊ ပြန်ပေး ဆွဲသူများ၊ လိမ်လည်ပြောဆိုတတ်သူများ၊ မမှန်သောသက်သေကိုခံတတ်သူများနှင့် မှန်ကန်သောအယူဝါဒနှင့် ဆန့်ကျင်၍ပြု လုပ်တတ်သူများအတွက်သာလျှင် ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်းငါတို့သိမှတ်ရကြ ပေမည်။-
ငါတို့သခင်ဘုရားသည်မိမိ၏ကြွယ်ဝသော ကျေးဇူးတော်ကိုငါ့အပေါ်သို့သွန်းလောင်း တော်မူ၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်ခြင်းအားဖြင့်ငါတို့ရရှိသည့် ယုံကြည်ခြင်းနှင့်ချစ်ခြင်းကိုငါ့အား ပေးတော်မူ၏။-
ယုံကြည်ခြင်းအားဖြင့်ငါ၏သားစစ်ဖြစ် သောတိမောသေထံသို့စာရေးလိုက်ပါသည်။ သင်သည်အဖဘုရားသခင်နှင့်ငါတို့အရှင် ခရစ်တော်ယေရှုထံတော်မှ ကျေးဇူးတော်၊ ကရုဏာတော်နှင့်ငြိမ်သက်ခြင်းကိုခံစား ရပါစေသတည်း။
ဤသို့ပညတ်ရခြင်းအကြောင်းမှာသန့်စင် သောမေတ္တာ၊ ကြည်လင်သောသြတ္တပ္ပစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်းကိုနှိုးဆွပေး လို၍ဖြစ်၏။-
သူတို့၏ဇနီးများသည်လည်းစာရိတ္တကောင်း မွန်သူများဖြစ်ရမည်။ အတင်းပြောဆိုတတ် သူများမဖြစ်စေရ။ ဣန္ဒြေရှိသူ၊ အရာရာ၌ ရိုးသားဖြောင့်မတ်သူများဖြစ်ရကြမည်။-
အသင်းတော်ကိုခေါင်းဆောင်သူသည်အပြစ် ဆိုဖွယ်မရှိသူဖြစ်ရမည်။ ထိုသူ၌ဇနီး တစ်ယောက်သာရှိရမည်။ သူသည်သမ္မာသတိ ရှိသူ၊ ဣန္ဒြေစောင့်စည်းသူ၊ လျောက်ပတ်စွာနေထိုင် ကျင့်ကြံသူဖြစ်ရမည်။ ဧည့်ဝတ်ကျေပွန်သူ ဖြစ်ရမည်။ သင်ကြားတတ်သူဖြစ်ရမည်။-
သူသည်မိမိ၏အိမ်ထောင်ကိုကောင်းစွာအုပ် ထိန်းနိုင်လျက် သားသမီးများ၏နာခံလေး စားမှုကိုရရှိသူဖြစ်ရမည်။-
သင်းထောက်လူကြီးများသည်လည်းစာရိတ္တ ကောင်းမွန်၍ဟန်ဆောင်မှုမရှိသူများဖြစ် ရမည်။ သူတို့သည်သေသောက်ကြူးသူများ၊ ငွေကိုတပ်မက်သူများမဖြစ်စေရ။-
သင့်ထက်အသက်ကြီးသောသူအားပြစ်တင် ဆုံးမခြင်းကိုမပြုဘဲသင်၏ဖခင်သဖွယ် တောင်းပန်ပြောဆိုလော့။ သင့်ထက်အသက်ငယ် သောသူတို့အားသင်၏ညီများကဲ့သို့လည်း ကောင်း၊-
ဧည့်သည်ဝတ်ကိုပြုတတ်သူ၊ ကောင်းမြတ်သည့် အရာကိုနှစ်သက်တတ်သူဖြစ်ရမည်။ သူသည် မိမိကိုယ်ကိုထိန်းချုပ်နိုင်ရမည်။ ဖြောင့်မတ် ရမည်။ ဘုရားတရားကိုရိုသေကိုင်းရှိုင်းရမည်။ စည်းကမ်းသေဝပ်ရမည်။-
ကိစ္စအဝဝ၌သင်ကိုယ်တိုင်ပင်လျှင်စံနမူ နာကောင်းကိုပြလော့။ တည်ကြည်လေးနက်စွာ သြဝါဒပေးလော့။-
သို့ဖြစ်၍သင်တို့နိုးကြား၍ သမ္မာသတိရှိ ကြလော့။ ယေရှုခရစ်ကြွလာတော်မူသော အခါ သင်တို့ခံစားရမည့်ကောင်းချီးကို အဆုံးတိုင်အောင်မျှော်လင့်လျက်နေကြလော့။-
အမှုအရာခပ်သိမ်းတို့အတွက်နောက်ဆုံး သောအချိန်နီးကပ်လာပြီဖြစ်၍ သင်တို့သည် ဆုတောင်းနိုင်ကြရန် မိမိတို့၏စိတ်ကိုထိန်း ချုပ်လျက်နိုးနိုးကြားကြားရှိရကြမည်။-
နိုးနိုးကြားကြားရှိကြလော့။ သတိနှင့်စောင့် နေကြလော့။ သင်တို့၏ရန်သူမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။-
အသိပညာကိုကာမဂုဏ်ချုပ်တည်းခြင်း ဖြင့်လည်းကောင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း ကိုခံနိုင်ရည်ရှိခြင်းဖြင့်လည်းကောင်း၊ ခံနိုင် ရည်ရှိခြင်းကိုဘုရားဝတ်၌မွေ့လျော်ခြင်း ဖြင့်လည်းကောင်း၊-