တိတု 2:1 - Common Language Bible1 သို့ရာတွင်သင်သည်မှန်ကန်သည့်အယူဝါဒ နှင့်ကိုက်ညီသည့် အကြောင်းအရာကိုသွန်သင် ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible1 သင် မူ ကား ကျန်း ခံ့ ရေး ဒေ သ နာ နှင့် ထိုက် လျော် စွာ ဆုံး မ ရ မည် မှာ၊ အခန်းကိုကြည့်ပါ။Judson Bible1 သင်မူကား၊ စင်ကြယ်သောဩဝါဒနှင့် ထိုက်တန်သမျှတို့ကို ဟောပြောလော့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 သင်မူကား မှန်ကန်ပြည့်စုံသောဩဝါဒနှင့် သင့်လျော်သည့်အရာများကို ဟောပြောလော့။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း1 သင်သည် မှန်ကန်သောအယူဝါဒနှင့် ကိုက်ညီသည့်အရာများကို သွန်သင်ရမည်။ အခန်းကိုကြည့်ပါ။ |
အကျင့်စာရိတ္တပျက်ပြားသူများ၊ လိင်တူ ချင်းကာမဆက်ဆံတတ်သူများ၊ ပြန်ပေး ဆွဲသူများ၊ လိမ်လည်ပြောဆိုတတ်သူများ၊ မမှန်သောသက်သေကိုခံတတ်သူများနှင့် မှန်ကန်သောအယူဝါဒနှင့် ဆန့်ကျင်၍ပြု လုပ်တတ်သူများအတွက်သာလျှင် ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်းငါတို့သိမှတ်ရကြ ပေမည်။-
တရားဟောပြောသူသည်ဘုရားသခင်၏ ဗျာဒိတ်တော်ကိုဟောပြောစေ။ အစေခံသော သူသည်ဘုရားသခင်ပေးတော်မူသောအစွမ်း သတ္တိအတိုင်းလုပ်ဆောင်စေ။ သို့မှသာပြုလေ သမျှသောအမှုတို့တွင် ယေရှုခရစ်အား ဖြင့်ဘုရားသခင်၏ဘုန်းအသရေထွန်းလင်း လိမ့်မည်။ အရှင်ယေရှုခရစ်သည်ကမ္ဘာအဆက် ဆက်ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။