Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ တိ 3:8 - Common Language Bible

8 သင်း​ထောက်​လူ​ကြီး​များ​သည်​လည်း​စာ​ရိတ္တ ကောင်း​မွန်​၍​ဟန်​ဆောင်​မှု​မ​ရှိ​သူ​များ​ဖြစ် ရ​မည်။ သူ​တို့​သည်​သေ​သောက်​ကြူး​သူ​များ၊ ငွေ​ကို​တပ်​မက်​သူ​များ​မ​ဖြစ်​စေ​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ထို နည်း တူ သင်း ထောက် တို့ လည်း ရို သေ ဖွယ် သူ၊ နှစ် ခွ မ ပြော သူ၊ မ သောက် ကြူး သူ၊ အ မြတ် အ စွန်း မ လို လား သူ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ထို​နည်း​တူ၊ သင်း​ထောက်​တို့​သည် တည်​ကြည်​သော​သူ ဖြစ်​ရ​ကြ​မည်။ လျှာ​နှစ်​ခွ​နှင့်​ပြော​သော​သူ၊ စ​ပျစ်​ရည်​ကို သောက်​ကြူး​သော​သူ၊ မ​စင်​ကြယ်​သော စီး​ပွား​ကို တပ်​မက်​သော​သူ မ​ဖြစ်​ရ​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ထိုနည်းတူ သင်းထောက်​တို့​သည်​လည်း တည်ကြည်​လေးနက်​သော​သူ​များ​ဖြစ်​ရ​မည်။ လျှာ​နှစ်ခွ​ရှိ​သော​သူ၊ စပျစ်​ဝိုင်​သောက်ကြူး​သော​သူ၊ မစင်ကြယ်​သော​အကျိုးစီးပွား​ကို​တပ်မက်​သော​သူ​များ​မ​ဟုတ်​ဘဲ

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ထိုနည်းတူ သင်းထောက်တို့​သည် ကိုယ်ကျင့်တရား​ကောင်းသူ ဖြစ်ရမည်။ လျှာ​နှစ်ခွ​ဖြင့် ပြောဆိုတတ်သူ၊ သေရည်သေရက်​သောက်ကြူးသူ၊ မသမာနည်း​ဖြင့် ငွေရှာသူ​မဖြစ်ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 3:8
17 ပူးပေါင်းရင်းမြစ်များ  

လူ​အ​ပေါင်း​တို့​သည်​အ​ချင်း​ချင်း​လိမ်​လည် ပြော​ဆို​၍ မြှောက်​ပင့်​ကာ​လှည့်​စား​ကြ​ပါ​၏။


ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​စ​ကား​ကို အ​ဘယ်​အ​ခါ​၌​ယုံ​ကြည်​၍​မ​ရ​ပါ။ သူ​တို့​တွင်​ဖျက်​ဆီး​လို​စိတ်​သာ​လျှင်​ရှိ​ပါ​၏။ သူ​တို့​၏​ခံ​တွင်း​သည်​ပွင့်​လျက်​နေ​သော သင်္ချိုင်း​တွင်း​နှင့်​တူ​ပါ​၏။ သူ​တို့​၏​လျှာ​သည်​လည်း​မြှောက်​ပင့်​လိမ်​လည် လှည့်​စား​တတ်​ပါ​၏။


``သင်​သည်​အ​စဉ်​ပင်​ညစ်​ညမ်း​သည့်​စ​ကား​ကို ပြော​ဆို​တတ်​၏။ မု​သား​ကို​သုံး​ရန်​အ​ဘယ်​အ​ခါ​၌​မျှ နှောင့်​နှေး​သည်​မ​ရှိ။


သင်​သည်​သူ​တစ်​ပါး​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ကို ကြံ​စည်​တတ်​၏။ သင်​၏​လျှာ​သည်​သင်​တုန်း​ဋ္ဌား​ကဲ့​သို့​ထက်​မြက်​၏။ သင်​သည်​မ​ဟုတ်​မ​မှန်​သည့်​စ​ကား​ကို​အ​စဉ်​ပင် လုပ်​ကြံ​ပြော​ဆို​တတ်​၏။


ယဇ်​ပု​ရော​ဟိတ်​တို့​သည်​တံ​တိုင်း​အ​တွင်း ရှိ​ဝင်း​သို့​မ​ဝင်​မီ​စ​ပျစ်​ရည်​ကို​မ​သောက် ရ​ကြ။-


``သင်​နှင့်​သင်​၏​သား​တို့​သည်​စ​ပျစ်​ရည် သို့ မ​ဟုတ်​သေ​ရည်​သေ​ရက်​ကို​သောက်​၍​တဲ​တော် ထဲ​သို့​မဝင်​ရ။ ထို​သို့​ပြု​လျှင်​သင်​တို့​သေ​ရ မည်။ ဤ​ပ​ညတ်​ကို​သင်​တို့​၏​အ​ဆက်​အ​နွယ် အား​လုံး​စောင့်​ထိန်း​ရ​ကြ​မည်။-


သူ​တို့​သည်​ကြောက်​မက်​ဖွယ်​ကောင်း​သော စ​ကား​များ​ကို​ပြော​ဆို​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​လျှာ​ဖြင့်​လိမ်​လည်​လှည့် စား​ကြ​၏။ မြွေ​ဆိုး​ကဲ့​သို့​သူ​တို့​၏​နှုတ်​ခမ်း​တွင် အ​ဆိပ်​အ​တောက်​ရှိ​၏။


ခ​ရစ်​တော်​ယေ​ရှု​၏​အ​စေ​ခံ​များ​ဖြစ်​သည့် ပေါ​လု​နှင့်​တိ​မော​သေ​တို့​ထံ​မှ ဖိလိပ္ပိ​မြို့​တွင် နေ​ထိုင်​ကြ​ကုန်​သော​သင်း​အုပ်​များ​နှင့်​သင်း ထောက်​လူ​ကြီး​များ​မှ​စ​၍ ခ​ရစ်​တော်​ယေ​ရှု နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ​သော​သ​ခင် ဘု​ရား​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​ထံ​သို့ စာ​ရေး​လိုက်​ပါ​သည်။


သင်း​ထောက်​လူ​ကြီး​၌​ဇ​နီး​တစ်​ယောက်​သာ ရှိ​ရ​မည်။ သူ​သည်​မိ​မိ​၏​သား​သ​မီး​များ​နှင့် အိမ်​ထောင်​ကို​ကောင်း​စွာ​အုပ်​ထိန်း​နိုင်​သူ​ဖြစ် ရ​မည်။-


အ​သင်း​တော်​ကို​ခေါင်း​ဆောင်​သူ​သည်​အ​ပြစ် ဆို​ဖွယ်​မ​ရှိ​သူ​ဖြစ်​ရ​မည်။ ထို​သူ​၌​ဇ​နီး တစ်​ယောက်​သာ​ရှိ​ရ​မည်။ သူ​သည်​သမ္မာ​သ​တိ ရှိ​သူ၊ ဣန္ဒြေ​စောင့်​စည်း​သူ၊ လျောက်​ပတ်​စွာ​နေ​ထိုင် ကျင့်​ကြံ​သူ​ဖြစ်​ရ​မည်။ ဧည့်​ဝတ်​ကျေ​ပွန်​သူ ဖြစ်​ရ​မည်။ သင်​ကြား​တတ်​သူ​ဖြစ်​ရ​မည်။-


သေ​သောက်​ကြူး​သူ​မ​ဖြစ်​စေ​ရ။ သူ​သည် ကြမ်း​တမ်း​သူ​မ​ဟုတ်​ဘဲ​နူး​ညံ့​သိမ်​မွေ့​သူ၊ ငြိမ်း​ချမ်း​မှု​ကို​လို​လား​သူ​ဖြစ်​ရ​မည်။ ငွေ ကို​ခုံ​မင်​တပ်​မက်​သူ​မ​ဖြစ်​ရ။-


သင်​သည်​မ​ကြာ​ခ​ဏ​ဖျား​နာ​တတ်​သည်​ဖြစ်​၍ ရေ​ကို​သာ​လျှင်​မ​သောက်​ဘဲ​အ​စာ​ကြေ​စေ​ရန် စ​ပျစ်​ရည်​အ​နည်း​ငယ်​ကို​သုံး​ဆောင်​လော့။


အ​သင်း​တော်​ကို​ခေါင်း​ဆောင်​သူ​သည်​ဘု​ရား သ​ခင်​၏​အ​မှု​တော်​ကို​တာ​ဝန်​ယူ​၍ ဆောင်​ရွက် ရ​သူ​ဖြစ်​သ​ဖြင့်​အ​ပြစ်​ဆို​စ​ရာ​မ​ရှိ​သူ ဖြစ်​ရ​မည်။ သူ​သည်​မောက်​မာ​သူ၊ စိတ်​တို​သူ မ​ဖြစ်​စေ​ရ။ သေ​သောက်​ကြူး​သူ၊ ကြမ်း​တမ်း သူ၊ ငွေ​ကို​မက်​မော​သူ​မ​ဖြစ်​စေ​ရ။-


ထို​နည်း​တူ​စွာ​အ​သက်​အ​ရွယ်​ကြီး​ရင့်​သူ အ​မျိုး​သ​မီး​တို့​သည်​လည်း ဘု​ရား​တ​ရား ကြည်​ညို​သူ​များ​ဖြစ်​ရန်​သွန်​သင်​လော့။ သူ တို့​သည်​သူ​တစ်​ပါး​၏​အ​သ​ရေ​ကို​ဖျက်​သူ များ၊ အ​ရက်​၏​ကျွန်​များ​မ​ဖြစ်​စေ​ရ။ အ​ကောင်း ကို​သင်​ကြား​ပေး​တတ်​သူ​များ​ဖြစ်​ရ​ကြ​မည်။-


နှုတ်​တစ်​ခု​ထဲ​မှ​ချီး​ကူး​ခြင်း​နှင့်​ကျိန်​ဆဲ​ခြင်း ထွက်​တတ်​ပါ​သည်​တ​ကား။ ငါ့​ညီ​အစ်​ကို​တို့၊ ဤ​သို့​မ​ဖြစ်​သင့်။-


သင်​တို့​သည်​မိ​မိ​တို့​၌​အပ်​ထား​သော​ဘု​ရား သ​ခင်​၏​သိုး​စု​ကို​ကြည့်​ရှု​စောင့်​ထိန်း​ကြ​လော့။ တာ​ဝန်​ဝတ္တ​ရား​တစ်​ရပ်​အ​နေ​ဖြင့်​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သည့် အ​နေ​ဖြင့်​ဝမ်း​မြောက်​စွာ​စောင့်​ထိန်း​ကြ​လော့။ ငွေ​ကြေး​ရ​ရှိ​ရန်​အ​တွက်​မ​ဟုတ်​ဟူ​၍ စေ​တ​နာ​စိတ်​နှင့်​လုပ်​ဆောင်​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ