ထိုနောက်သခင်ယေရှုသည်လူပရိသတ်များထံ မှထွက်ခွာ၍အိမ်ထဲသို့ဝင်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ် ၍ ``ဂျုံရိုင်းပင်များ၏ပုံဥပမာကိုအကျွန်ုပ် တို့အားရှင်းပြတော်မူပါ'' ဟုလျှောက်ထား ကြ၏။
တမန်တော်ဝတ္ထု 8:34 - Common Language Bible ထိုအရာရှိက``ပရောဖက်သည်မည်သူ၏ အကြောင်းကိုပြောဆိုလျက်နေပါသနည်း။ မိမိ၏အကြောင်းလော၊ အခြားသူတစ်ယောက် ၏အကြောင်းလော၊ အကျွန်ုပ်အားပြောပြပါ'' ဟုဖိလိပ္ပုအားဆို၏။- Garrad Bible ထို အ ခါ မိန်း မ စိုး က ပ ရော ဖက် သည် မည် သူ့ ကို ရည် ဆောင်၍ ဆို ပါ သ နည်း။ သူ့ ကိုယ် ကို လော။ အ ခြား သူ ကို လော ပြော ပါ ဟု လျှောက် သော်၊ Judson Bible ထိုအမတ်ကလည်း၊ ပရောဖက်သည် အဘယ်သူကို ရည်မှတ်၍ ဤသို့ဆိုပါသနည်း။ ကိုယ်ကိုတည်း ဆိုလိုသလော။ သူတစ်ပါးကိုတည်း ဆိုလိုသလောဟု တောင်းပန်လျက်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မှူးမတ်က ဖိလိပ္ပုအား “သင့်ကိုမေးပါရစေ။ ပရောဖက်သည် မည်သူ့အကြောင်းကို ဤသို့ပြောထားပါသနည်း။ မိမိကိုယ်တိုင်အကြောင်းလော၊ သို့မဟုတ် အခြားသောသူတစ်စုံတစ်ဦး၏အကြောင်းလော”ဟု ဆိုလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအမတ်က ဖိလိပ္ပုအား “ပရောဖက်ဟေရှာယသည် မည်သူ့အကြောင်းကို ပြောဆိုနေပါသနည်း။ မိမိအကြောင်းကိုလော။ သို့မဟုတ် အခြားတစ်ယောက်အကြောင်းကိုလော။ ကျွန်ုပ်အားပြောပြပါ” ဟု မေးလေ၏။ |
ထိုနောက်သခင်ယေရှုသည်လူပရိသတ်များထံ မှထွက်ခွာ၍အိမ်ထဲသို့ဝင်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ် ၍ ``ဂျုံရိုင်းပင်များ၏ပုံဥပမာကိုအကျွန်ုပ် တို့အားရှင်းပြတော်မူပါ'' ဟုလျှောက်ထား ကြ၏။
ပေတရုက ``ထိုပုံဥပမာကိုအကျွန်ုပ်တို့အား ရှင်းပြတော်မူပါ'' ဟုလျှောက်၏။
သို့ဖြစ်၍ဖိလိပ္ပုသည်ထ၍သွားလေသည်။ ထိုစဉ်အခါ၌အဲသယောပိပြည်မှမိန်းမ စိုးအရာရှိတစ်ယောက်သည် ယေရုရှလင်မြို့ သို့သွားရောက်၍ဘုရားသခင်အားကိုးကွယ် ဝတ်ပြုပြီးနောက် မိမိအိမ်သို့ပြန်လည်ထွက်ခွာ လာ၏။ သူသည်အဲသယောပိဘုရင်မကန္ဒက် ၏ဘဏ္ဍာရေးမှူးချုပ်ဖြစ်၏။ သူသည်ရထားစီး လျက်ပရောဖက်ဟေရှာယကျမ်းကိုဖတ်နေ ၏။-
သူသည်ရှုတ်ချခြင်းကိုခံရ၏။ တရားမျှတမှုရှိစေရန်သူ၏အတွက် ဆောင်ရွက်ပေးမည့်သူမရှိ။ ဤလောကမှသူ၏အသက်ကိုရုပ်သိမ်းသွား သဖြင့် အဘယ်သို့လျှင်၊သူ့၏သားမြေးများကို ညွှန်ပြနိုင်မည်နည်း'' ဟူ၍ဖြစ်၏။
ဖိလိပ္ပုသည်ထိုကျမ်းပိုဒ်နှင့်ပင်အစပြု၍ သခင်ယေရှုအကြောင်းသတင်းကောင်းကို ဟောပြောလေ၏။-