တမန်တော်ဝတ္ထု 8:33 - Common Language Bible33 သူသည်ရှုတ်ချခြင်းကိုခံရ၏။ တရားမျှတမှုရှိစေရန်သူ၏အတွက် ဆောင်ရွက်ပေးမည့်သူမရှိ။ ဤလောကမှသူ၏အသက်ကိုရုပ်သိမ်းသွား သဖြင့် အဘယ်သို့လျှင်၊သူ့၏သားမြေးများကို ညွှန်ပြနိုင်မည်နည်း'' ဟူ၍ဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible33 နှိမ့် ချ ရာ၌ ခံ ရ သော စီ ရင် ဒဏ် ပ လပ် လေ ပြီ။ အ သက် ကို မြေ မှ ရုပ် သိမ်း ကြ သည် နှင့် သူ့ ဇာ တိ ကို မည် သူ ဖော် ပြ နိုင် အံ့ နည်း ဟူ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible33 နှိမ့်ချခြင်းကိုခံစဉ်တွင် သူတစ်ပါးတို့သည် ထိုသူကို မတရားသဖြင့် စီရင်ကြ၏။ ထိုသူ၏အသက်ကို မြေကြီးက သိမ်းရုပ်သည်ဖြစ်၍၊ သူ၏အမျိုးအနွယ်ကို အဘယ်သူပြညွှန်မည်နည်းဟု ကျမ်းစာလာသတည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း33 သူသည်နှိမ့်ချခြင်းခံရစဉ်၌ သူ့အတွက် တရားသဖြင့်စီရင်ပေးခြင်းမရှိကြ။ သူ၏အသက်သည် မြေကြီးပေါ်မှ နုတ်ယူခြင်းခံရသည်ဖြစ်၍ သူ၏မျိုးဆက်ကို မည်သူပြောပြနိုင်မည်နည်း”ဟူ၍ ဖြစ်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း33 သူသည် နှိမ့်ချခြင်းကို ခံနေရစဉ်အတွင်း သူ့အတွက် တရားမျှတစွာ မစီရင်ကြပေ။ သူ၏အသက်သည် မြေကြီးပေါ်မှ ဖယ်ရှားခြင်းခံရသောကြောင့် သူ၏မျိုးဆက်ကို မည်သူ ဖော်ပြနိုင်မည်နည်း” ဟူ၍ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက၊ ``ထိုသူသည်ငါ၏အလိုတော်အရဝေဒနာ ခံရခြင်းဖြစ်၏။ သူသည်အပြစ်ဖြေရာယဇ်အဖြစ်ဖြင့်မိမိကိုယ် ကို တင်လှူပူဇော်သည်ဖြစ်၍ မိမိ၏သားမြေးအမြောက်အမြားကိုတွေ့မြင်ခွင့် ရရှိလိမ့်မည်။ သူသည်အသက်ရှည်လိမ့်မည်။ ငါ၏အကြံအစည်တော်အောင်မြင်မှုကိုလည်း အထောက်အကူပြုလိမ့်မည်။
သို့ဖြစ်၍ငါသည်သူ့အားကြီးမြတ်သူ၊ တန်ခိုးကြီး သူများနှင့်အတူ၊ ဂုဏ်ထူးဆောင်နေရာကိုပေးအပ်တော်မူမည်။ သူသည်မိမိ၏အသက်ကိုသဒ္ဓာကြည်ဖြူစွာ စွန့်လှူပြီးလျှင်၊ ရာဇဝတ်ကောင်တို့၏ကံကြမ္မာကိုခံယူ၏။ သူသည်အပြစ်ကူးသူများကိုကိုယ်စားပြု၍ ထိုသူတို့ခံထိုက်သည့်အပြစ်ဒဏ်ကိုခံယူ ပေသည်'' ဟုမိန့်တော်မူ၏။
ထိုကာလသီတင်းနှစ်ခြောက်ဆယ့်နှစ်နှစ် ကုန်ဆုံးချိန်၌ ဘုရားသခင်ရွေးချယ်တော် မူသောခေါင်းဆောင်သည် မတရားလုပ်ကြံ သတ်ဖြတ်ခြင်းကိုခံရလိမ့်မည်။ အခြား အရပ်မှချင်းနင်းဝင်ရောက်လာသူ တန်ခိုး ကြီးမင်းတစ်ပါး၏စစ်သည်ဗိုလ်ခြေတို့ သည် ယေရုရှလင်မြို့နှင့်ဗိမာန်တော်ကို ဖြိုဖျက်ကြလိမ့်မည်။ နောက်ဆုံး၌ဘုရားသခင်ပြင်ဆင်စီရင်တော်မူသည်အတိုင်း စစ်မှုနှင့်ပျက်စီးမှုတို့သည်ရေလွှမ်းမိုး သကဲ့သို့ဖြစ်ပွားရလိမ့်မည်။-