တမန်တော်ဝတ္ထု 28:3 - Common Language Bible ပေါလုသည်ထင်းတစ်စည်းကိုယူပြီးလျှင်မီး ထဲသို့ထည့်လိုက်၏။ ထိုအခါမီးပူရှိန်ကြောင့် ထင်းစည်းထဲမှမြွေတစ်ကောင်ထွက်လာပြီး နောက် ပေါလု၏လက်ကိုတွယ်လျက်နေ၏။- Garrad Bible ထို အ ခါ ပေါ လု သည် ထင်း တ ပွေ့ ခွေ၍ မီး ပုံ ပေါ် သို့ ထည့် လိုက် သော်၊ မြွေ ဆိုး တစ် ကောင် သည် မီး ပူ၍ ထွက် လာ ပြီး လျှင် သူ့ လက် ကို ခဲ၏။ Judson Bible ပေါလုသည် ထင်းကိုစုသိမ်း၍ မီးပေါ်မှာ ထည့်စဉ်တွင်၊ မြွေဆိုးသည် မီးငွေ့ထဲကထွက်၍ ပေါလု၏လက်ကို တွယ်လျက်နေ၏။- မြန်မာ့စံမီသမ္မာကျမ်း ပေါလုသည် ထင်းများကိုစုစည်းလျက် မီးထဲသို့ထည့်လိုက်ရာ မြွေဆိုးတစ်ကောင်သည် မီးအပူရှိန်ကြောင့် ထွက်လာ၍ ပေါလုလက်၌ တွယ်ကပ်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ပေါလုသည်ထင်းတစ်စည်းကို ကောက်ယူကာ မီးဖိုထဲသို့ထည့်လိုက်သောအခါ မြွေပွေးတစ်ကောင်သည် ပူသောကြောင့် ထင်းစည်းထဲမှထွက်လာ၍ ပေါလု၏လက်ကို ကိုက်လေ၏။ |
ဤဗျာဒိတ်တော်သည်တောင်ပိုင်းသဲကန္တာရ တွင်ရှိသည့် တိရစ္ဆာန်များနှင့်သက်ဆိုင်သော ဗျာဒိတ်တော်ဖြစ်၏။ ကိုယ်တော်က``သံတမန် တို့သည်ခြင်္သေ့များခိုအောင်းရာ၊ မြွေဆိုးများ၊ နဂါးပျံများရှိ၍ဘေးအန္တရာယ်ပေါများ ရာအရပ်ကိုဖြတ်၍သွားရကြ၏။ ထိုသူတို့ သည်မိမိတို့အားအဘယ်အကူအညီမျှ မပေးနိုင်သည့်လူမျိုးအတွက် အဖိုးထိုက် လက်ဆောင်ပဏ္ဏာများကိုမြည်းများ၊ ကုလား အုတ်များနှင့်တင်ယူလာကြ၏။-
သင်တို့နှင့်သင်တို့ပြုသမျှသောအမှုတို့သည် အဘယ်သို့မျှမရေရာ။ သင်တို့အားဝတ်ပြုကိုးကွယ်သူတို့သည်လည်း စက်ဆုတ်ရွံရှာဖွယ်ကောင်းပါသည်တကား။
သင်တို့၏ဆိုးရွားသောအကြံစည်များသည် မြွေဆိုးဥများကဲ့သို့ပေါက်ပွားစေ၏။ တစ် ခုကိုဖျက်ဆီးလိုက်လျှင် မြွေဆိုးတစ်ကောင် ပေါက်လာတတ်ပါသည်တကား။ သင်တို့၏ အကြံအစည်များသည်သင်တို့ကိုအကျိုး ပေးလိမ့်မည်မဟုတ်။-
ထိုနေ့သည်သင်တို့အတွက်ခြင်္သေ့ကိုကြောက် ၍ ထွက်ပြေးခါမှဝက်ဝံနှင့်တွေ့သကဲ့သို့ လည်းကောင်း၊ အိမ်ပြန်ရောက်ခါမှနံရံကိုင် မိ၍ မြွေအကိုက်ခံရသကဲ့သို့လည်း ကောင်းဖြစ်လိမ့်မည်။-
အချင်းမြွေဆိုးအမျိုးတို့၊ သင်တို့သည်ဆိုးယုတ် သူများဖြစ်သဖြင့် အဘယ်သို့လျှင်ကောင်းမြတ် သည့်စကားကိုပြောနိုင်ကြပါမည်နည်း။ စိတ် နှလုံး၌ပြည့်လျှံနေသည့်အရာများကိုနှုတ် ကဖော်ပြတတ်၏။-
အချင်းမြွေဆိုးများနှင့်မြွေဆိုး၏သားမြေး တို့၊ သင်တို့သည်ငရဲသို့လားရမည့်ဘေးဒဏ် မှအဘယ်သို့လွတ်နိုင်ကြပါမည်နည်း။-
ဖာရိရှဲနှင့်ဇဒ္ဒုကဲအမြောက်အမြားပင်ဗတ္တိဇံ မင်္ဂလာခံယူရန်လာကြသည်ကိုမြင်လျှင် ယောဟန် က ``အချင်းမြွေဆိုးတို့၊ သက်ရောက်လတ္တံ့သောဘုရား သခင်၏အမျက်တော်မှလွတ်မြောက်နိုင်သည်ဟု သင်တို့အားအဘယ်သူပြောသနည်း။-
မြွေဆိုးများကိုကိုင်ဖမ်းသော်လည်းကောင်း၊ သေစေ တတ်သောအဆိပ်ကိုသောက်သော်လည်းကောင်းသူ တို့၌ဘေးဥပါဒ်မြဖစ်။ မကျန်းမာသူများ အပေါ်တွင်လက်ကိုတင်၍ကျန်းမာစေကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
ကျွန်းသူကျွန်းသားတို့သည်ကျွန်ုပ်တို့အပေါ်တွင် အထူးကြင်နာမှုကိုပြကြ၏။ မိုးရွာသဖြင့် ချမ်းအေးလာသောကြောင့် ထိုသူတို့သည်မီးဖို ပြီးလျှင်ကျွန်ုပ်တို့အားဧည့်ခံကြ၏။
သူ၏လက်မှတန်းလန်းကျနေသောမြွေ ကိုကျွန်းသူကျွန်းသားတို့မြင်လျှင် ``ဤသူ ကားသူသတ်သမားဖြစ်တန်ရာ၏။ ပင်လယ် တွင်အသက်ဘေးမှလွတ်မြောက်ခဲ့သော်လည်း တရားမျှတမှုကသူ့အားအသက်ရှင် ခွင့်မပြု'' ဟုအချင်းချင်းပြောဆိုကြ၏။-
သူတို့သည်ခရစ်တော်၏အမှုတော်ဆောင်များ ဖြစ်သည်ဟုဆိုလျှင် ငါသည်အထူးသဖြင့် ဖြစ်၏ဟုသူရူးကဲ့သို့ငါဆို၏။ ငါသည်ထို သူတို့ထက်ပို၍အပင်ပန်းခံကာအမှုတော် ကိုဆောင်ခဲ့၏။ သူတို့ထက်ပို၍အကြိမ်ပေါင်း များစွာထောင်ကျခဲ့၏။ ပို၍ကြိမ်ဒဏ်ခံခဲ့ ရ၏။ သေဘေးနှင့်ရင်ဆိုင်ခဲ့သည်မှာအကြိမ် ပေါင်းပို၍များ၏။-
လူသိနည်းသူများပင်ဖြစ်သော်လည်းကျော် စောထင်ရှားကြ၏။ သူသေများကဲ့သို့ဖြစ် သော်လည်းအသက်ရှင်လျက်ရှိကြ၏။ အပြစ် ဒဏ်ပေးခြင်းခံရသော်လည်းအသတ်မခံ ရကြ။-